How to click Securely!

How to click Securely!


အွန်လိုင်းပေါ်က လုံခြုံစွာထောက်ပို့ခြင်း အတတ်ပညာ


အွန်လိုင်းပေါ်ကတော်လှန်ရေးက ရပ်တန့်သွားလို့မရပါဘူး၊ ထို့အတူပဲ တိုက်ပွဲဝင် အွန်လိုင်း ပေါ်က ထောက်ပို့တာဝန်ထမ်းဆောင်နေကြသူများအတွက် ဒီနေ့မှာတော့  အွန်လိုင်းပေါ်က လုံခြုံစွာထောက်ပို့ခြင်း အတတ်ပညာ ကို ရဲဘော်များအတွက် မျှဝေလိုက်ပါတယ်။


ကျတော်တို့ရဲ့ Online ကမ္ဘာကြီးက ကြော်ငြာတွေနဲ့ လည်ပတ်နေတယ်ဆိုရင် မမှားပါဘူး၊ ဖေ့စ်ဘွတ်တော်ကြီးကနေစပြီး အားလုံးသိမြင်တော်မူသော google ထိပါပဲ၊ ထို့နည်းတူ click to donate သည်လည်း တော်လှန်ရေးအတွက် အရေးပါတဲ့ ထောက်ပံကဏ္ဍ မှာပါလာပြီဖြစ်ပါတယ်။ 


ဆိုတော့ တစ်ခါတစ်ရံမှာ တွေ့သမျှ Link တွေကိုနှိပ်ပြီး Noti ပေါင်းစုံတက်ပြီး ရှိသမျှ ကိုယ့်ဖုန်းထဲက Permission တွေကိုဖွင့်ပေးလိုက်ရတာမျိုးလည်းရှိနေနိုင်ပါတယ်။ သတိကြီးကြီးထားဖို့ လိုပါတယ်ကိုယ့်လူရေ....Noti ပလပွနဲ့ သူတို့စိတ်ကြိုက် ဒေါင်းချင်ရာတွေ လာဒေါင်းခိုင်းတာလောက် အဆင်မပြေတာမရှိဘူးကိုယ့်လူ...ပြီးတာတောင် App Store link နဲ့ချိတ်ထားလို့တော်သေးတယ်ဗျို့...တကယ်တည်းမှပဲ...တခါတည်း စက်ထဲကို Download ဆွဲအောင်လုပ်ထားရင်တော့ သေပြီကိုယ့်လူရေ......အသိကို သတိလေးနဲ့ကပ်ဖို့လိုတယ်ဗျို့...


သို့ပေမယ့် တိုင်းပြည်တာဝန်ကို Click နှိပ်ရင်းထမ်းဆောင်တဲ့အခါမှာလည်း နှိပ်လိုက်တဲ့ Link တွေကို ဘယ် Browser ကနေဝင်သွားလည်းဆိုတာလည်း သေချာရွေးချယ်ထားကြဦးနော်။ ကိုယ့်ရဲ့ Personal သုံးတဲ့ Browser ထက် လုံခြုံရေးအတွက် အားကောင်းတဲ့ Browser တစ်ခုကို ရွေးချယ်သုံးသင့်တယ်။ ဒါမှ ကိုယ့် Device ရဲ့ ကျန်းမာရေးကိုလည်း မထိခိုက်တော့မှာပေါ့။


ပြီးတော့ Link တွေ နှိပ်ပြီး ကြော်ငြာတွေ ကြည့်တဲ့အခါ ဆုံးအောင် ကြည့်ဖို့လည်းအရေးကြီးတယ်နော်။ ကြော်ငြာတစ်ခါတက်ပြီးရင်လည်း အဲ့ Tab ကို ပြန်ဖျက်လိုက်လို့ရပါတယ်။ ကြော်ငြာကို ၅ စက္ကန့်လောက် ကြည့်ပြီး ပြန်ထွက်လိုက်ရင်လည်း ကြော်ငြာခ အကုန်မရဘူးနော်။ ကြော်ငြာတွေကို Continue တွေနှိပ်ပြီး ကျော်ဖြတ်ကာ C2D Website ကိုရောက်အောင် သွားပေးပါ။ 


ကဲ ဒီနေ့ရော Click နှိပ်ပြီးပြီလား။

မနှိပ်ရသေးရင် သတိလေးနဲ့ သွားနှိပ်လိုက်ဦးနော်။

Link တွေကို Click တဲ့အခါမှာလည်း ဘာကြောင့် Click Click နှစ်ခါစစ်ပါလို့ တိုက်တွန်းပါရေစေ။


Report Page