How to Overcome Fear of Rejection?
Little Lighthouse
Fear Of Rejection" တစ်နည်းအားဖြင့် ကိုယ့်ရဲ့ အောင်မြင်မှုကို တားဆီးနေတဲ့အရာတစ်ခု ⬇️
လူအများစုက Mental Field ထဲမှာဆိုရင် Depression, Stress အကြောင်းကိုပဲ သိကြတာများမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဒီနေ့ sharing လုပ်ပေးသွားမှာကတော့ anxiety topic ထဲက “Fear of Rejection” ပဲဖြစ်ပါတယ်။ လူငယ်တော်တော်များများ အထူးသဖြင့် teenagers တွေက “Fear of Rejection” ဆိုတာနဲ့ confess လုပ်တာငြင်းခံရတာ၊ Scolarship Rejection ရတာတွေ တန်းမြင်ကြတယ်မလား👀။ဒါပေမယ့် Admin အခုပြောပြပေမယ့် “Fear of Rejection” ကတော့ Psychological Perspective ကနေ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။💁♀️
Fear Of Rejection ဆိုတာ ❓
▪️ငြင်းပယ်ခံရတာကြောက်တဲ့ Anthropophobia လို့ခေါ်တဲ့ Fear of people ပါ။ တစ်နည်းအားဖြင့် လူအများရဲ့ဝေဖန်မှုကြောင့် အမှားလုပ်မိမှာ လူအများရဲ့ငြင်းပယ်ခံရမှာကို အလွန်အမင်းစိုးရိမ်ခြင်းတစ်မျိုးလည်းဖြစ်ပါတယ်။
▪️အတိတ်မှာ မကြာခဏငြင်းပယ်ခံရခြင်းရဲ့ရလဒ်က ကိုယ့်ရဲ့ Self Confidence, Self Love တွေကိုလျော့ကျစေပါတယ်။ (ဥပမာ ငယ်စဉ်အရွယ်က ကိုယ်လုပ်ချင်တဲ့အရာတွေကို မိဘနဲ့တိုင်ပင်ပေမယ့် မိဘတွေက "မင်းမလုပ်နိုင်ပါဘူး၊ မလုပ်တတ်ဘူး။" ဆိုပြီးကန့်ကွက်တာတွေ၊ နောက်ဥပမာအနေဖြင့် အလုပ်ထဲမှာ အလုပ်အတွက်အကြံပေးပြီးဦးဆောင်ချင်ပေမယ့် သူဌေးက မင်းမဦးဆောင်တတ်ပါဘူးဆိုပြီး) ငြင်းပယ်ခံရခြင်းတွေက FOR ကိုဖြစ်စေတယ်ပေါ့နော်။
Fear Of Rejection Test ကိုစစ်ရင်းဖြင့်လည်း ကိုယ့်မှာ FOR ရှိမရှိနှင့် ကိုယ်က တစ်ဖက်လူတွေရဲ့ အမြင်အပေါ်ဘယ်လိုသဘောထားလဲဆိုတာတွေကို လေ့လာဆန်းစစ်ကြည့်နိုင်ပါတယ်။
👉https://www.proprofs.com/quiz-school/story.php?title=fear-of-rejection-quiz_2ps
Fear Of Rejection Signs တွေကတော့ ⬇️
▪️ တာ၀န်များစွာယူခြင်း
▪️ကိုယ်ခံစားရတာတွေကို တစ်ဖက်လူကိုဖုံးကွယ်ထားခြင်း
▪️Toxic ဖြစ်တဲ့ ဆက်ဆံရေးကိုမဖြတ်တောက်ဘဲနေခြင်း
▪️အခြားသူများရဲ့ ဆိုးဆိုးဝါးဝါးဆက်ဆံခြင်းကို ခေါင်းငုံ့ခံနေခြင်း
▪️ ' မဟုတ်ဘူး ' လို့ငြင်းဆိုရခက်ခြင်း
▪️ကိုယ်လိုအပ်နေတာကို မတောင်းဆိုခြင်း
▪️ဝေဖန်ခံရမှုအပေါ်စိတ်ထိခိုက်လွယ်ခြင်း
▪️တခြားသူများကိုကျေနပ်စေရန် အလွန်အမင်းကြိုးစားခြင်း
▪️ကိစ္စများ အဆင်မပြေသည့်အခါတွင် ကိုယ့်ကိုကိုယ်အပြစ်တင်ခြင်း စသဖြင့် အများကြီးရှိပါတယ်။
ဘာလို့ Fear of rejection က ကိုယ့်ရဲ့အိပ်မက်တွေ အနာဂတ်တွေကိုဘယ်လိုတားဆီးနိုင်မှာလဲ ❓🤔🤔
၁။ ကိုယ့်မှာ အကြံဉာဏ်ကောင်းတွေရှိပေမဲ့ " ငါပြောလည်း သူတို့လက်ခံမှာမှမဟုတ်ဝာာ မပြောတော့ပါဘူး။" ဆိုပြီး ကိုယ့်ရဲ့ ideas တွေချပြဖို့ မပြောရဲတော့ဘဲ ရေငုံနှုတ်ပိတ်နေလိုက်ကျပါတယ်။ နောက်ပိုင်းကျ စကားပြောရတာလည်း ကြောက်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တာများလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးလည်းမထားတတ်တော့ဘဲ
1. Anxiety ခေါ် စိုးရိမ်မှု
2. Depression ခေါ် စိတ်ဓာတ်ကျခြင်း
3. Avoidance ခေါ် လူတွေနဲ့ရှောင်ရှားခြင်းစတဲ့ အကျိုးသက်ရောက်မှုတွေကိုဖြစ်ပေါ်စေပါတယ်။
၂။ နေ့စဥ်ကိုယ့်ရဲ့ Daily Life / Routine တွေကိုပါ ကတောက်ကဆတ်ဖြစ်စေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် undervalue လို့သတ်မှတ်ပြီး self love / confidence တွေပျောက်ဆုံးသွားတတ်ပါတယ်။
၃။ FOR ရှိတဲ့သူတွေက Pessimistic ( အဆိုးမြင်ဝါဒီ ) တွေများပြီး သူ့တို့ကိုယ်သူတို့ သူများတွေနဲ့နှိုင်းယှဉ်ပြီး စိုးရိမ်သောကရောက်တတ်ကြပါတယ်။
❗အဆိုးဆုံးအခြေအနေကတော့ RSD (Rejection Sensitive Dysphoria) အဆင့်ထိ ရောက်သွားနိုင်ပါတယ်။ 😱😱
ဒါဆို Fear Of Rejection ကို ဘယ်လိုကုသကြမလဲ ❓
▪️1st Step ကတော့ Change Your Thought ပါ (ဥပမာ ဒီအရာက မလွယ်ဘူး၊ ငါမလုပ်နိုင်ပါဘူး ဆိုတာထက် ငါဘယ်လိုရအောင်လုပ်ရမလဲဆိုပြီးနည်းလမ်းရှာပါ။ နောက်ဥပမာတစ်ခုက ခုနကအပေါ်မှာပြောခဲ့သလို ကိုယ်ကစကားပြောရတာကြောက်ရင် ဖြည်းဖြည်းချင်း စိတ်ကိုငြိမ်အောင်ထားပြီးပြောကြည့်ပါ။ အမှားလုပ်မိမှာကိုမကြောက်ပါနှင့်။ Mistakes are our best friend to improve ourselves လို့ တွေးပြီး မိမိကြောက်နေတဲ့ အရာကို ရင်ဆိုင်ကျော်ဖြတ်ပါ။ နောက်ဆုံး တစ်ခုအနေဖြင့်ကတော့ အကျိုးရှိမဲ့ဟာတွေကိုပဲ postive thinking အနေဖြင့်တွေးကြည့်သင့်ပါတယ်။
▪️2nd Step ကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့ အပြုအမူတွေကို လိုတာထက်မပိုအောင် ထိန်းညှိခြင်းနှင် ကိုယ်ကြောက်တဲ့အရာကိုရင်ဆိုင်ခြင်းတို့ဖြစ်ပါတယ်။ ဘယ်အရာမှ တစ်သက်လုံးရှောင်လွှဲလို့ မရနိုင်တာဖြစ်တဲ့အတွက် ရင်ဆိုင်ဖြေရှင်းကျော်ဖြတ်ခြင်းသည်သာ အကောင်းဆုံး Solution တစ်ခုပါ။ ဒီ Step နှစ်ခုက The steps of the basic foundation to overcome fear of rejection ဖြစ်ပါတယ်။
နောက်ထပ်sharing လုပ်ပေးချင်တာကတော့ Fear Of Rejection ကို Overcome လုပ်နိုင်မဲ့ အချက် 11 ချက်ဖြစ်ပါတယ်။ ✨
1. “ဒါကလူတိုင်းလိုလိုမှာ ဖြစ်တတ်တဲ့ဟာမျိုးပါ။” ဆိုပြီး ဖြေသိမ့်ပါ။
2. ကိုယ့်ရဲ့ခံစားချက်တွေကို သတ္တိရှိစွာခံယူပါ/ လက်ခံပါ။
3. စိတ်ဖြေဖျောက်နိုင်မဲ့ သင်ယူမှုအခွင့်အလမ်းတွေကိုရှာပါ။
4. ကိုယ့်ကိုကိုယ်တန်ဖိုးရှိတယ်၊ ထိုက်တန်တယ်လို့အမြဲမှတ်ထားပေးပါ။ ( ကိုယ့်ကိုယ်ကို undervalue လို့ဘယ်သောအခါမှ မသတ်မှတ်မိစေပါနဲ့။)
5. အရာရာကိုမတူညီတဲ့ ရှု့ထောင့်ကနေကြည့်ပါ၊ လေ့လာပါ။
6. ကိုယ်ကြောက်စရာကောင်းတယ်လို့ ထင်တဲ့အရာတွေကို ပုံဖော်ကြည့်ပါ။
7. ကိုယ်ကြောက်နေတဲ့အရာတွေကို ရင်ဆိုင်ပါ။
8. ကိုယ့်ကိုယ်ကိုယ်ရော သူများကိုရော အဆိုးမြင်တာတွေရပ်လိုက်ပါ။
9. ကိုယ့်မှာ Amazing things တွေဖြစ်ပျက်နိုင်တယ်လို့
ယုံကြည်ပေးပါ။
10. ပံ့ပိုးကူညီမှုကွန်ရက်တွေ page တွေမှာ တိုင်ပင်ဆွေးနွေး engagement လုပ်ပါ။
11. mental consultant နဲ့ဆွေးနွေးတိုင်ပင်ပါ။
ဒီ အချက် 11 ချက်အတိုင်းပြုလုပ်လိုက်နာခြင်းဖြင့် FOR ကို Overcome နိုင်မှာဖြစ်ပါတယ်နော်။ 😉😉
နောက်ဆုံး နည်းလမ်းကတော့ Medication နှင့်သက်ဆိုင်ပြီး လူတစ်ယောက်နဲ့တစ်ယောက် မတူညီလို့ အဆိုးမြင်တွေးခေါ်မှုပုံစံတွေကို ဖြေရှင်းဖို့နှင့် သူတို့ရဲ့ ကြောက်ရွံ့မှုတွေကို လျှော့ချပြီး ကူညီဖေးမပေးဖို့ Cognitive Behavioural Therapy ( CBT ) သို့မဟုတ် Dialectical ( DBT ) ကိုအသုံးပြုကြပါတယ်။ ဒါ့အပြင် Mind Fullness ကိုလည်းအသုံးပြုကြပါတယ်။ CBT က လူတစ်ဦးခြင်းစီမှာရှိတဲ့ သူတို့ရဲ့အဆိုးမြင်တွေးခေါ်မှုပုံစံကို သေချာပြုပြင်ပေးသောကြောင့် ဤနည်းလမ်းဖြင့်လည်း you can cope with your FOR ပါ။
အတွေးတွေကိုပြောင်းလဲမှ ခံစားချက်တွေကိုပြောင်းလဲနိုင်မယ်။ ခံစားချက်တွေကိုပြောင်းလဲနိုင်မှ ကျန်းမာမယ်။ ကျန်းမာမှ ကိုယ်လုပ်ချင်တာလုပ်လို့ရပြီး ကိုယ်လိုချင်တဲ့ဘ၀ရနိုင်မှာပါ။ 🥰
နိဂုံးချုပ်အနေနဲ့
Don't Forget To Love Yourself ပါနော်☘️
#Vit_For_Youth
#LittleLighthouse