How to Achieve Full Score in GED Math?

How to Achieve Full Score in GED Math?


‼️GED mathematical reasoning မှာ credit+high score ကို ရအောင် ဘယ်လို drill ကြမလဲ။‼️

🗒️POV blogging

✅ဒီနေ့မှာတော့ Little Lighthouse မင်မင်ကနေပြီးတော့ GED ရဲ့ ဘာသာရပ်တစ်ခုဖြစ်တဲ့ Mathematical Reasoning ကိုဘယ်လိုစနစ်တကျ practice လုပ်ရမလဲကိုပြောပြပေးသွားမှာပါ။ မင်မင်ကိုယ်တိုင် ဒီထဲက process အတိုင်းလုပ်သွားပြီး high score ရခဲ့တာမို့ အဆုံးထိလိုက်ပါဖတ်ရှုပေးပါဦးနော်။🫶🏻

📖Study Era

➡️မင်မင်က GED Maths ထဲက topic & chapter တစ်ခန်းပြီးတိုင်း McGrawhill workbook ထဲက သူနဲ့သက်ဆိုင်တဲ့အခန်းကို ပြန်ပြီး practice လုပ်ဖြစ်ပါတယ်။ အဲ့လို practice လုပ်ပြီး မှားသည်ဖြစ်စေ၊ နားမလည်သည်ကိုဖြစ်စေ ကိုယ့်ကိုသင်တဲ့ဆရာ/မ နဲ့ပြန်လည်ဆွေးနွေး တာကလည်း အရေးကြီးပါတယ်နော်။ ဒါ့အပြင် မင်မင်က GED test application နဲ့ အခြားသက်ဆိုင်ရာ website ထဲက quiz တွေကိုလည်းဖြေကြည့်ပါတယ်။ GED ဟာဆိုရင် အရမ်းကြီး academic မဆန်ဘဲ reasoning နဲ့ analytical skill တွေကို priortize ထားပြီး မေးလေ့ရှိတာမို့ သင်္ချာဘာသာရပ်မှာဆိုရင် ရှိတဲ့ resource တိုင်းကို practice လုပ်လေ high score နဲ့ နီးစပ်ဖို့ အာမခံချက်ပိုများလာပါလေ ဖြစ်ပါတယ်။ 💯

🔄Revision Era 

➡️ကိုယ်က အကယ်၍ GED math topic တိုင်းကိုလေ့လာခဲ့ပြီးပြီ ဒါပေမဲ့ စာကို ရမရ ထပ်ဆန်းစစ်ကြည့်ချင်သေးတယ်ဆိုရင်တော့ Kaplan နဲ့ Princeton တို့ရဲ့ chapter တစ်ခန်းချင်းစီတိုင်းရဲ့ အနောက်မှာရှိတဲ့ practice question တွေကို ဖြေကြည့်ဖို့အကြံပေးချင်ပါတယ်။ ဒီ practice question တွေဟာဆိုရင် တစ်ခန်းကိုမှ အများဆုံး အပုဒ်အရေအတွက် ၂၀ လောက်တာရှိတာမို့ time consuming မဖြစ်ပါဘူးနော်။ ဒါ့အပြင် McGrawhill workbook လို academic ဆန်ပြီး ခက်ခဲတာမျိုးထက် analyzing and reasoning ကိုသုံးပြီး တွက်ရတဲ့မေးခွန်းများတာဖြစ်လို့ real exam format နဲ့လည်းပိုပြီးရင်းနှီးလာစေမယ်လို့ မင်မင်ယုံကြည်ပါတယ်။ 

➡️အကယ်၍ ကိုယ်က စာလည်းကျေညက်နေအောင် လေ့လာပြီးပြီလို့ ယုံကြည်တယ်ဆိုရင်တော့ workbook တွေမှာရှိတဲ့ McGrawhill ၊ Kaplan ၊ Princeton တို့မှာပါဝင်တဲ့ practice test တွေကို ဖြေကြည့်စေချင်ပါတယ်။ practice test တွေ ဖြေ တဲ့အချိန်ကျရင် time managementပါ ပိုကောင်းသွားအောင် timer set လုပ်ပြီး ဖြေဖို့ မမေ့ပါနဲ့နော်။⏰ Practice test တွေဟာဆိုရင် brainstorming လုပ်ရတဲ့ ပုစ္ဆာတွေ ပါဝင်တာမို့ မှားလျှင်တောင် စိတ်ဓာတ်ကျစရာမလိုပါဘူး။ အဲ့အစား ဘာကြောင့်မှားတယ် (တွက်တဲ့နေရာမှာသျှမ်းတာလား၊ မေးခွန်းကိုသေချာမဖတ်မိလို့လား၊ topic ကိုနားမလည်လို့ မတွက်တတ်တာလား) ဆိုတာကို ဆန်းစစ်ပြီး လိုအပ်ချက်တွေကို ပြင်ဆင်သင့်ပါတယ်။ ဒီ steps တွေ အကုန်ပြီးပြီဆိုရင်တော့ real exam မဖြေခင် ready test ဖြေဖို့ပဲကျန်ပါတော့တယ်နော်။ ready test ဟာဆိုရင် real exam နဲ့ format အနီးစပ်ဆုံးရှိတဲ့အတွက် ဖြေတဲ့အချိန်မှာ format ကို used to ဖြစ်အောင် ကြိုးစားပြီးဖြေသင့်ပါတယ်နော်။ အကယ်၍ ကိုယ်က ready test မှာ အမှတ်နည်းသွားတယ်ဆိုရင်တောင် စိတ်ဓာတ်မကျဘဲ score report ကတစ်ဆင့် လိုအပ်တဲ့အပိုင်းတွေကို ဖြည့်တင်းထားရပါမယ်။ (ready test ဟာဆိုရင် အပုဒ်‌ရေနည်းပြီး တစ်ပုဒ်ချင်းစီ percent ယူများတာမလို့ အနည်းငယ်မှားရင် အမှတ်အများကြီးလျော့တာကြောင့် အမှတ်နည်းရင်တောင်စိတ်ပူစရာမလိုပါဘူးနော်။ ဒါ့အပြင် Real testမှာ ready testကအမှတ်ထက် ပိုများနိုင်ချေရှိပါတယ်နော်။)

📚Before Exam Era 

➡️ကိုယ် schedule လုပ်ထားတဲ့ real exam က ဖြေရဖို့ အချိန်လိုသေးတယ်ဆိုရင်တော့ အဲ့ဒီကျန်တဲ့အချိန် လေလွင့်မသွားရလေအောင် Dummies 1001 ကို drill လုပ်ဖို့ suggest ပါတယ်။ မင်မင်တုန်းကဆိုရင်လည်း practice လုပ်ဖို့ အချိန်တွေအများကြီးကျန်နေခဲ့သေးတာကြောင့် Dummies 1001 ကို အပြီးလုပ်ခဲ့ပါတယ်။ Dummies 1001 ကို လုပ်တဲ့အချိန် အပုဒ်အရေအတွက်များတဲ့အတွက် ၃၅ ပုဒ်တစ်ဖြတ် timer မှာ ၄၅ မိနစ်လောက်ပေးပြီး လေ့ကျင့်သင့်ပါတယ်။ ဒါတွေအကုန်ပြီးသွားပြီ၊ exam လည်း ဖြေဖို့ နှစ်ရက်လောက်ပဲကျန်တော့တယ်ဆိုရင်တော့ Your Trusted Tutor က GED practice question playlist က questions တွေကို လေ့ကျင့်လိုက်ပါနော်။ 

✅GED math ဟာဆိုရင် မင်မင်အပေါ်မှာပြောသလိုပဲ practice လုပ်ရင် လုပ်သလောက်ရတဲ့ဘာသာဖြစ်တာမို့ မပျင်းရိဘဲ practice လုပ်မယ်ဆိုရင် high score ကို မင်မင်ကိုယ်တိုင် အာမခံပေးနိုင်ပါတယ်။ အကယ်၍ ကိုယ်က သျှမ်းတတ်သူဖြစ်တာကြောင့် အမှတ်လျော့သွားမှာစိုးရိမ်တဲ့ဆိုရင်တောင် time management နဲ့ practice လုပ်ထားတဲ့သူဟာ real exam မှာ ပြန်စစ်ချိန်အများကြီးရှိတာကြောင့် (မင်မင်ဖြေတုန်းကဆိုရင် မိနစ် ၅၀လောက်တောင် အချိန်ပိုနေတာပါနော် ) စိတ်မပူဘဲ စိတ်အေးအေးထားပြီး ဖြေဖို့ တိုက်တွန်းပါရစေ။ 


✨Wishing you the best of luck, everyone!!✨



#GED

#studytips

#GEDMath

#creditscore

#littlelighthouse


Report Page