Home Behind Bars (2025)
By ArielIMDb – --/10, MyDramaList - --
ဒီတစ်ခေါက်မှာတော့ Running Man ပရိသတ်ကြီးတို့ရဲ့ အချစ်တော် Song Ji-Hyo နဲ့ You and Everything Else ထဲက အွန်းဂျွန်းအငယ်လေး Do Yeong-Seo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ဇာတ်ကားသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
ဂျောင်ထယ်ဂျော (Song Ji-Hyo) ကတော့ ၁၅ နှစ်တာ အတွေ့အကြုံရှိတဲ့ အမျိုးသမီး အကျဉ်းဦးစီးအရာရှိပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ ထယ်ဂျောဟာ သူ တာဝန်ယူထားရတဲ့ ၈ နှစ်တိုင်တိုင် အကျဉ်းကျခံနေရဆဲ အင်မီယောင်းရဲ့ မိခင်ဖြစ်သူ ကွယ်လွန်သွားတဲ့သတင်းကို ကြားသိလိုက်ရပါတယ်။ မီယောင်းက ဈာပနခန်းမဆီ သွားဖို့ ခွင့်ပြုချက်မရတာကြောင့် ထယ်ဂျောနဲ့ သူ့ရဲ့ဂျူနီယာ ဟယ်ရင်းတို့ပဲ ကိုယ်စား သွားပေးဖို့ အကြောင်းဖန်လာတော့တာပေါ့။
ထယ်ဂျောလည်း ဈာပနခန်းမမှာ တွေ့လိုက်ရတဲ့ မီယောင်းရဲ့သမီး ဂင်ဂျွန်းယောင်း (Do Yeong-Seo) ကို ကရုဏာသက်မိသွားပြီး အကျဉ်းသားနဲ့ သူ့မိသားစုဝင်ကို အချိန်အတူကုန်ဆုံးရအောင် ပြင်ဆင်ပေးထားတဲ့ အကျဉ်းထောင်ထဲက "တွေ့ဆုံအိမ်"လေးမှာ သားအမိနှစ်ဦး ပြန်လည် ဆုံစည်းရအောင် စီစဉ်ပေးဖြစ်သွားတဲ့အခါမှာတော့... အချင်းချင်း မတွေ့တာကြာပြီမို့လို့ အနေစိမ်းနေကြတဲ့ သားအမိနှစ်ဦးကို ထယ်ဂျောက အောင်အောင်မြင်မြင် ဖျောင်းဖျပြီး တွေ့ဆုံအိမ်လေးဆီ အရောက်ခေါ်လာနိုင်မှာလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။