Hidden powers of Toon Force
One piece Nexusအားလုံးပဲ မင်္ဂလာပါဗျ။ ကျွန်တော်က Ethan ပါ။ ကျွန်တော်ဒီနေ့ပြောပြချင်တာက Toon Force ရဲ့ ကြောက်ဖို့ကောင်းတဲ့ စွမ်းအားတစ်ချို့ပါပဲ။ Haki က ခုနောက်ပိုင်းမှာအရမ်းအရေးပါလာပေမယ့်လို့ Devil fruit တွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အံ့အားသင့်စေနိုင်စွမ်းတွေက လျော့ကျမသွားပါဘူး။ ပိုလို့တောင်တိုးလာပါတယ် အထူးသဖြင့် Luffy စားထားတဲ့ Nika fruit ပါပဲ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေက Gear တစ်ခုနဲ့တစ်ခုကြားမှာ အပြတ်အသတ်ကြီးကွာခြားခဲ့ပေမယ့် ဆက်စပ်မှုတော့ရှိနေပါသေးတယ်။ ဒါပေမယ့် Gear 4 နဲ့ 5 အကြားမှာ ကွာခြားမှုက တော်တော်လေးကြီးပြီး Gear 5 ရဲ့လုပ်ဆောင်နိုင်စွမ်းတွေက လုံးဝနောက် Level တစ်ခုထဲကိုဝင်သွားတာသေချာပါတယ်။ အာ့တာကြောင့်မလို့လည်း Toon Force ရဲ့ဘယ်အချက်တွေက အရမ်းကြမ်းနေလဲဆိုတာပဲဖြစ်ပါတယ်။ သေချာတာကတော့ Toon Force ကို ရယ်စရာကောင်းရုံပဲ Luffy ရယ်နေတာကလည်း serious မဖြစ်နေဘူး လို့ထင်ထားရင် ဒီစာဖတ်ပြီးတာနဲ့ အတွေးပြောင်းသွားမှာပါ။
ပထမဆုံးအနေနဲ့ Toon Force ဆိုတာက Cartoon Logic ကိုလက်ခုပ်ထဲကရေလို ကျွမ်းကျွမ်းကျင်ကျင်နဲ့အသုံးချနိုင်တာပဲဖြစ်ပါတယ်။ physic အရမဖြစ်နိုင်ဘူး ဒါကြီးကအဓိပ္ပါယ်မရှိဘူး ဆိုရင်တောင် ရယ်ရဖို့အတွက်ဆိုအာ့တာတွေမလိုဘူးဆိုပြီး ပယ်ချလိုက်နိုင်တာပါပဲ။ အာ့တာကပေါ့သေးသေးမဟုတ်ပါဘူး Physic law တွေ Logic တွေကို ကြိုးခုန်သလိုအသာလေးကျော်ပြနိုင်တယ်ဆိုတည်းက Reality ကြီးတစ်ခုလုံးကိုပါ စိတ်ရှိသလိုပြောင်းပစ်နိုင်နေတာပါပဲ။
နောက်ပြီး Toon Force နဲ့ပက်သတ်ပြီး အတော်များများလွဲနေကြတာက Toon Force power နဲ့ Rubber နဲ့ကို မကွဲကြတာပါ။ One piece ကလည်း Fictional manga ဆိုပေမယ့် သူ့ Logic နဲ့သူရှိပြီးသားပါ။ Luffy ဆိုရင် ရာဘာ Body မလို့ တုံးတဲ့အရာတွေကိုခံနိုင်ပေမယ့် ပြတ်ရှတဲ့အရာတွေကိုမခံနိုင်တာ၊ မီးနဲ့ထိမိရင် အပူလောင်ခံရတာ၊ Ship တွေရဲ့ဒီဇိုင်းက Buoyancy သဘောတရားနဲ့ကိုက်ညီနေတာ အာ့လိုအာ့လိုတွေပေါ့။ Toon Force မှာဆိုရင် လူဖီလုပ်ပြနေတာတွေအကုန်လုံးက သူ့ body က ရာဘာဖြစ်နေလို့မဟုတ်ပါဘူး။ ရာဘာဖြစ်နေရင်တောင်မလုပ်နိုင်မယ့်အရာတွေလည်းသူလုပ်ပြနေတာပဲ အာ့ဆိုဘာလို့လုပ်နိုင်တာလဲဆိုရင် Toon Force ကြောင့်ပါပဲ။ ရာဘာဖြစ်တာမဖြစ်တာနဲ့မဆိုင်ပဲ အဓိက သူ့ Intent ကြောင့်ပါ သူ့ခန္ဓာကိုယ်ကို လောက်လွှဲလိုပစ်မယ်ကွာဆိုရင် Logic တွေကိုကျော်ပြီး လုပ်နိုင်သွားတာပါပဲ။ အာ့လောက်ထိရိုးရှင်းပါတယ်။ Kizaru ကိုနံပြားရိုက်မယ် လို့တွေးလိုက်တာနဲ့ Kizaru ရဲ့ခန္ဓာကိုယ်က ဂျုံပြားလိုလူးလွင့်သွားတာပါပဲ။ နောက်တစ်ချက်က Elemental Control လို့ထင်နေကြတဲ့တစ်ချက်ပါ Luffy ရဲ့ Basic form မှာ ရာဘာကမီးကိုမခံနိုင်ပါဘူး။ Gear 5 မှာဆိုရင်တော့ မီးကမီးမဟုတ်တော့ပါဘူး။ Toon Force ရှိနေရင် သဘာဝရဲ့ True strength တွေတောင် ပြောင်းခံရပါတယ်။ မီးကနေ လက်နက်ဖြစ်သွားတယ်။ မိုးကြိုးကနေ ကစားစရာလေးဖြစ်သွားတယ်။ မြေပြင်တောင်မှ အိစိအိစိ trampoline ဖြစ်သွားတယ်။ အာ့တာတွေက ရာဘာပြောင်းသွားတာဆိုတာထက် Luffy ရဲ့ intent ကနေဖြစ်သွားတာပါပဲ။ Element တွေကိုထိန်းချုပ်နိုင်တာမဟုတ်ပဲ အရှိတရားကြီးတစ်ခုလုံးကိုပါ manipulate လုပ်ပစ်နိုင်တာပါ။ မြေပြင်က Trampoline ဖြစ်သွားတာကတော့ ပတ်ဝန်းကျင်ကို ရာဘာပြောင်းလိုက်နိုင်တာနဲ့ အတူတူပါပဲ။ အာ့တာကို Awakening လို့သတ်မှတ်လိုက်ရင်တောင် Gear 5 ရဲ့ Core က Awakening မဟုတ်ပဲ Toon Force ပါ။ Awakening က Tool သာသာလောက်ပဲရှိတာပါ။ ဒီလို Logic တွေကို ကပြောင်းကပြန်လုပ်နိုင်နေတာက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုရင် အာ့တာကို counter လုပ်လို့မရပါဘူး။ Kaidou လိုအားကြီးတဲ့သူတောင်မှ ဒီ force ကိုမလွန်ဆန်နိုင်ပါဘူး။ Luffy ကပြိုင်ဖက်ကို သူ့ Logic ထဲခေါ်သွင်းပစ်လိုက်တာပါ။ Kaidou ကတကယ် serious mode ဖွင့်တီးလေ Luffy က Funny mode နဲ့ Logic တွေကိုကျော်ပြီးပြောင်းပစ်လေပါပဲ။ အာ့မှာသေချာတွေးကြည့်ရင် Kaidou တကယ် Lose ဖြစ်သွားတာက သူ့ concept တွေပါပဲ။
နောက်တစ်ခုက Gear 5 မှာဆိုရင် Luffy က လုံးဝမနာတာမဟုတ်ပါဘူး။ နာပါတယ် ဒါပေမယ့်အာ့နာတာကို serious မဖြစ်အောင်ပြောင်းနိုင်တာပါ။ Kaidou ရိုက်ရင် မျက်လုံးတွေကျွတ် တင်းပုတ်မှာပြားကပ်ပြီးပါသွားတာ ပြီးပြန်ထွက်လာရင်အကောင်းအတိုင်းဖြစ်နေတာ အာ့တာက Regeneration မဟုတ်ပဲ Impact ကို ပြောင်းလိုက်တာပါ။ ပြောချင်တာက ဘယ်လောက်အားကြီးတဲ့ Damage ဖြစ်နေပစေ Toon Force ကိုသာကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်နေရင် အာ့ Damage က Toon Force နဲ့တွေ့တာနဲ့ ဟာသလေးတစ်ခုပဲဖြစ်သွားနိုင်တာပါပဲ။
ခုပြောမယ့်အချက်ကတော့ God-tier ဖြစ်သွားတာမလို့ နည်းနည်းလေးလိုက်တွေးကြည့်ပေးကြပါ။ Toon Force User က ဇာတ်လမ်းတစ်ခု scene တစ်ခုရဲ့ Tone ကိုပါဆုံးဖြတ်နိုင်တာပါ။ Kaidou vs Luffy ကိုပဲကြည့်ပါ Gear 5 ပေါ်မလာခင်အထိ အကုန်လုံးက tragedy vibe ဖြစ်နေတာပါ။ နောက်ပြီး ရေကုန်ရေခမ်းအပြင်းအထန်ကို တီးနေကြတာပါ။ Gear 5 ပေါ်လာတာနဲ့ချက်ချင်း အကုန်လုံးက ရယ်စရာဖြစ်ကုန်ပါတယ်။ Kaidou က ဘယ်လောက် Serious တိုက်နေပါစေ Luffy က Laugh mode ထဲဆွဲခေါ်ပြီး တီးထုတ်လိုက်တာပါပဲ ။ အာ့တာက Kaidou ရဲ့ Power ကိုLuffy က Narrative Dominance နဲ့ High Ground ယူထားလိုက်တာပါပဲ။
နောက်ဆုံးတစ်ခုပြောချင်တာက လူဖီကရယ်နေလို့ serious မဖြစ်ဘူး မမိုက်ဘူးလို့ထင်နေကြတဲ့ လူတွေအတွက်ပါ။ အာ့လိုရယ်နေတာကမှပိုပြီးကြောက်ဖို့ကောင်းတာပါလို့ပြောရင်ယုံမလား။ Toon Force User တစ်ယောက်ကို အနိုင်ယူဖို့သူ့ကို ကြောက်အောင်လုပ်ရမယ်ဆိုတာက ဘယ်လိုမှမဖြစ်နိုင်တဲ့ List ထဲကိုထည့်ပစ်လိုက်လို့ရပါပြီ။
လူဖီရဲ့ Gear 5 မှာ မုန်းတာမရှိ ကြောက်တာမရှိ ပျော်တာပဲရှိတာပါ။ ဘာလို့လဲ.... ကြောက်ရွံမှုဆိုတဲ့ Concept ကိုဖယ်ထုတ်လိုက်လို့ပါ။ Combat တိုင်းမှာ ကြောက်ရွံ့မှုဆိုတာက အရမ်းအရေးကြီးတဲ့ Factor ပါ။ ဒီလူကအရမ်းအားကောင်းတယ် ငါရှုံးတော့မှာပဲလို့ တွေးပြီးကြောက်နေရင် ရှုံးဖို့သေချာနေပါပြီ။ ဒါကြောင့် Luffy ရဲ့ Toon Force မှာ Fear Factor ပါမလာတာက Villains advantage တစ်ဝက်လောက်ပျောက်ပြီး ပိုပြီးကြောက်ဖို့ကောင်းနေတာပါ။ Lucci ဖြစ်သွားတဲ့မျက်နှာကိုမှတ်မိကြတယ်မလား....
တကယ်တမ်းတော့ Gear 5 ထွက်လာတဲ့အချိန်က နောက်မကျပါဘူး။ Right time ပါပဲ One piece ရဲ့ Core message က လွတ်လပ်မှု၊ ပျော်ရွှင်မှုနဲ့ ဖိနှိပ်မှုတွေကို ပျော်ပျော်ရွှင်ရွှင် ချိုးဖျက်နိုင်ခြင်းပါ။ Toon Force ဆိုတာကလည်း ဒီ message တွေကိုပဲ Combat language အနေနဲ့ မြင်နေတာပါပဲ။ စိတ်ကူးရှိတိုင်းဖန်တီးပြီး အလွတ်လပ်ဆုံးအနေအထားနဲ့တိုက်ခိုက်နိုင်တာက Joyboy မဆန်လွန်းဘူးလား။ Freedom ကိုယူလာပေးတဲ့ Nika မဆန်လွန်းဘူးလား။ One piece မှာ အားအကြီးဆုံးက strength, Speed, Hax, Dura ဒါတွေအမြင့်ဆုံးရှိနေတဲ့သူမဟုတ်ပါဘူး။ အလွတ်လပ်ဆုံးလူသားကမှသာ စွမ်းအားအကြီးဆုံးပါ။ နောက် Content တွေမှာပြန်တွေ့ပါ့မယ်ဗျ။
#Ethan
#Onepiecenexus