Hell Paraidse
PAMReview
သွေးအေးပြီးရက်စက်တယ်လို့လူသိများတဲ့ Iwagakure ရွာက နင်ဂျာတစ်ယောက်ဖြစ်တဲ့ Gabimaru the Hollow ကို ရွာရဲ့နင်ဂျာတွေက နင်ဂျာတစ်ယောက်ဖြစ်အောင် လေ့ကျင့်သင်ကြားပေးခဲ့ပြီး အခု ကြိုးတိုက်(သတ်ခံရမယ့်သတ်ကွင်း)မှာ ရှိနေပါတယ်။
သူရဲ့ သစ္စာဖောက်ခဲ့မှုနှင့် လူသတ်ရတာတွေငြီးငွေ့လာတဲ့အတွက် သူကတော့သေချင်နေပါတယ်
ဒါပေ့မယ် သူကိုကွပ်မျက်တဲ့နည်းလမ်းက အဆင်မပြေခဲ့ဘူး ဘာလို့လဲဆိုတော့ ဂါဘီမာရူက သူ့ရဲ့ သတ်ဖြတ်ရမှာပင်ပန်းတာတွေ သစ္စာဖောက်ခဲ့ရတဲ့အကြောင်းရာတွေကို ဝန်ခံဖို့ စိတ်မပါတော့သလို သူမှာလည်းအသက်ရှင်ဖို့ အကြောင်းပြချက်ရှိနေတယ်။
သူ စိတ်ပျော့ပြောင်းလာပြီး ထိရောက်တဲ့ လုပ်ကြံသတ်ဖြတ်သူမဖြစ်ရတဲ့ အကြောင်းရင်းက မသေချင်ရတဲ့ အဓိက အကြောင်းပြချက် ရှိနေလို့ပါ...
နာမည်ကျော် သတ်ဖြတ်သူ Asaemon the Decapitator သည် ဒီအဖြစ်အပျက်ကိုမြင်ပြီး နင်ဂျာ(Gabimaru)အတွက် အဆိုပြုချက်တစ်ခုပေးခဲ့တယ်
သူကဂါဘီမာရူကို ရှိုဂန်းနိတ်ရဲ့ပြစ်ဒဏ်ကလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လဲလှယ်ပြီး ရောဂါအကုန်ကုသနိုင်တဲ့ဆေးကို ရှာဖွေရန်အတွက် ဂျပန်တောင်ဘက်မှာရှိတဲ့ကျွန်းတစ်ကျွန်းကိုသွားမဲ့အဖွဲ့မှာပါဝင်စေလိုတယ်..
ဒါပေ့မယ် အဲကျွန်းကသာမန်ကျွန်းတစ်ကျွန်းမဟုတ်ဘဲ ဒါကကောင်းကင်ဘုံမဟုတ်ဘူး ကိလေသာငရဲ ဆိုပြီးယုံကြည်ကျတယ်၊ ကဲ ငရဲရဲ့ ကောင်းကင်ဘုံကနေ ကြိုဆိုပါတယ်ရှင်...
အဲ့အပြင် ကျွန်းက လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး စူးစမ်းရှာဖွေရေးအဖွဲ့ကလဲ အသက်ဆုံးရှုံးနိုင်တယ်လို့ကို သတ်မှတ်ထားပါတယ်။ အဲကျွန်းပေါ်က ဖြစ်လာမဲ့ကိစ္စရပ်တွေကိုအပြည့်အဝ ဘလိုပြင်ဆင်သွားနိုင်မလားဆိုတာကို ဒီ anime မှာ စောင့်ကြည့်လိုက်ကြပါတော့ရှင်...