Heavenly Sword and Dragon Slaying Sabre (2019)

Heavenly Sword and Dragon Slaying Sabre (2019)

KS Movies

နဂါးနိုင်ဓား (2019)


နဂါးနိုင်ဓား 2019 ဗားရှင်းလေးပါ။ သရုပ်ဆောင်နဲ့ ရိုက်ကွင်းရိုက်ကွက်သာ ပြောင်းချင် ပြောင်းသွားမယ် ဇာတ်လမ်းကျောရိုးကတော့ ပြောင်းမသွားပါဘူး။

ဒီဇာတ်လမ်းကိုတော့ ၁၄ ရာစုမှာ တည်ဆောက်ထားပါတယ်။

အဓိက ဇာတ်ကောင်ကတော့ ဝူတန် ဂိုဏ်းကို တည်ထောင်ခဲ့သူ ကျန်းစန်းဖုန်းရဲ့ တပည့် ကျန်းချွေးဆန်းရဲ့ သား ကျန်းဝူကျိပဲ ဖြစ်ပါတယ်။

အဲဒီခေတ်မှာ နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားကို ပိုင်ရင် သိုင်းလောကမှာ ပြိုင်ဘက်ကင်းပြီဆိုတဲ့ အဆိုကြောင့် ဒီဓား၂လက်ကို လုကြရင်းတိုက်ပွဲတွေ ဖြစ်လာခဲ့တာပါ။

နဂါးနိုင်ဓားနဲ့တိမ်လွှာဓားဟာ ဒီအတိုင်းအသုံးပြုရင်တောင် သတ္တုအားလုံးကို ဖြတ်တောက်ပစ်နိုင်တဲ့ အစွမ်းရှိပါတယ်။

ဒါပေမယ့် တကယ်ပိုအရေးကြီးတဲ့အချက်က ကောကျင့်တို့ခေတ်မှာ ထိပ်သီးတွေ လုခဲ့ကြတဲ့ ဝူမု စစ်ဗြူဟာကျမ်းကို နဂါးနိုင်ဓားထဲမှာ ထည့်ထားပြီး၊

ကျိုရင်းသိုင်းကျမ်းထဲက အရိုးဖြူလက်သည်းသိုင်း၊ ကျာပွတ်သိုင်း နဲ့နဂါးနိုင်လက်ဝါး ၁၈ ကွက်ကိုတော့ တိမ်လွှာဓားထဲမှာ ထည့်သွင်းထားခဲ့တာပါပဲ။

ကျန်းဝူကျိဟာ မင်ဂိုဏ်းရဲ့ စကြဝဠာလွှဲပြောင်းသိုင်း၊ နေစကြာအတွင်းအားသိုင်း ၊ ထိုက်ချိသိုင်းတွေကိုရရှိခဲ့ပြီး ကျိုးကျစ်လော့ကတော့ တိမ်လွှာဓားရဲ့ သိုင်းကျမ်းတွေကို ရသွားတာပါ။

ကျိုးကျစ်လော့ကို နောက်ဆုံးမှာ အနိုင်တိုက်ခဲ့တဲ့ သူကတော့ ရန်ကော်နဲ့ရှောင်လုံနွီတို့ရဲ့ မျိုးဆက်ဖြစ်တာကြောင့် ကျိုးကျစ်လော့ရဲ့ သိုင်းကွက်တွေကို အလွယ်တကူပဲ ချေဖျက်ခဲ့ပါတယ်။


Telegram Link -

https://t.me/+RVCr3TU50xY0NGY1

Report Page