Harmony (2010)
By ArielIMDb – 7.5/10, MyDramaList - 8.5
၂၀၁၀ ကထွက်ရှိထားပြီး Imdb 7.5 ရှိတဲ့ ထောင်တွင်းဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ချောင်းဂျူအမျိုးသမီးအကျဉ်းထောင်မှာဆို ဟုန်ဂျောင်ဟဲနဲ့မင်ဝူးလေးတိုသားအမိကို မသိသူမရှိကြပါဘူး။ဒီလိုနဲ့ပဲ တစ်ထောင်လုံးရဲ့အချစ်တော်မင်ဝူးလေးလည်း အသက်တစ်နှစ်ပြည့်လိုလာခဲ့ပါပြီ။
တောင်ကိုရီးယားနိုင်ငံရဲ့ အခြေခံအရပ်သားဥပဒေအရ ထောင်ဒဏ်ကျခံနေစဉ်ကိုယ်ဝန်ရှိလို့ ကလေးမွေးလာတဲ့အခါမှာ ကလေးအသက်တစ်နှစ်ခွဲအထိပဲ မိခင်နဲ့အတူနေခွင့်ပေးတာဖြစ်တဲ့အတွက်ခွဲခွာရမယ့် နေ့ရက်တွေက တဖြည်းဖြည်းနီးကပ်လို့လာနေပါတော့တယ်။
ထောင်ထဲမှာပဲမွေး ထောင်ထဲမှာပဲကြီးလာတဲ့သားလေးအတွက် မခွဲခင်မှာသာမန်သားအမိတွေလိုမျိုး တစ်ရက်လောက်ပဲ အနည်းဆုံးနေကြည့်ချင်မိတာကတော့ မိခင်ဖြစ်သူရဲ့ဆန္ဒပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ဟုန်ဂျောင်ဟဲတစ်ယောက် ထောင်သားတွေအတွက် ပြန်လည်ထူထောင်ရေးစီမံကိန်းကို အကြောင်းပြပြီးတစ်ရက်လောက်အပြင်ထွက်ရဖို့ အခွင့်ဖန်စရာတွေ့လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့