Hannya Mask
- သရဲသစ္ဆေတွေပေါသောနေအောင်ရှိတဲ့ဒုတိယအမိမြေဂျပန်နိုင်ငံရဲ့ Demon hannya ကိုမကြားဖူးတဲ့သူမရှိလောက်ပါဘူး မကြားဖူးရင်တောင်မှကျတော်ပုံမှာပြထားတဲ့ မျက်နှာဖုံးကိုတော့တစ်နေရာမဟုတ်တစ်နေရာမှာမြင်ဖူးကြမှာပါ
- သူ့ရဲ့နောက်ခံသမိုင်းကြောင်းကတော့ အတိတ်တချိန်မှာတုန်းက Hannya ဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့ပြီးသူကအရမ်းကိုလှပခဲ့ပါတယ် သူ့ရဲ့အမျိုးသားအပေါ်ကိုလဲဘယ်သူနဲ့မှမတူတဲ့အချစ်မျိုးနဲ့ချစ်ပေးခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ် သို့ပေမယ့်လည်းသူမယောက်ျားရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရတဲ့ Hannya က မနာလိုမှု ၊ နာကျင်မှု ၊ အမုန်းတရား စတဲ့ဒဏ်တွေကြောင့်သူမရဲ့ကိုယ်ပိုင်စိတ်ဝိဉာဏ်ပျောက်ဆုံးသွားပြီး Demon တစ်ကောင်ဖြစ်သွားခဲ့တာပါ။
Hannya ရဲ့စိတ်အခြေအနေကိုအလိုက် Mask ရဲ့အရောင်နဲ့ ခန္ဓာကိုယ်ပုံစံလဲပြောင်းလဲပါတယ်
- Hannya Namanari
ဒီအခြေအနေမှာတော့ ခေါင်းမှာဂျိုအသေးလေး ၂ ချောင်းထွက်လာပြီး Demon အဖြစ်စတင်ပြောင်းလဲနေပါပြီ Demon တစ်ကောင်ဖြစ်လာလာနဲ့အညီ Black magic ကိုလဲသုံးနိုင်ပြီး ဒီပုံစံမှာတော့သူစိတ်ပါရင်နဂိုမူလ လူသားအဖြစ်ကိုပြန်ပြောင်းနိုင်ပါသေးတယ်
- Hannya Chunari
ဒီအခြေအနေကတော့ Demon အဖြစ်တစ်ဝက်ခန့်ကူးပြောင်းပြီးနေပြီပဲဖြစ်ပါတယ် အစွယ်တွေဂျိုတွေက နဂိုထပ်ပိုပြီးရှည်လာတဲ့အပြင် Black magic ကိုလဲပိုကျွမ်းကျင်လာပါပြီ ကိုယ်တိုင်လူသားအဖြစ်ပြန်ပြောင်းဖို့မလွယ်တော့ပေမယ့် ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့အကူအညီနဲ့တော့ပြန်ပြောင်းနိုင်ပါသေးတယ်။
- Hannya honnari
ဒီအခြေအနေကိုရောက်သွားပြီဆိုရင်တော့ Demon တစ်ကောက်အဖြစ်လုံးဝကူးပြောင်းသွားပြီဖြစ်ပြီးခန္ဓာကိုယ်အောက်ပိုင်းကလဲမြွေတကောင်အဖြစ်သို့ပြောင်းလဲသွားပြီးလက်သည်းတွေအစွယ်တွေဂျိုတွေကလဲအရမ်းရှည်လာပါမယ် စိတ်ဒဏ်ရာတွေ နာကျင်မှုတွေ မနာလိုမှုတွေ အမုန်းတရားတွေကအရမ်းခက်ထန်သွားပြီး နဂိုလူသားအဖြစ်ပြန်မပြောင်းနိုင်ပဲအဲ့ဒီဝေဒနာတွေနဲ့အတူပဲထာဝရပိတ်မိသွားမှာပါ။
- အဖြူရောင် Mask ကိုဝတ်ဆင်ထားရတဲ့အဓိပ္ပါယ်ကတော့ စိတ်ပျက်ခြင်း စိတ်ဒဏ်ရာ စိတ်အားငယ်မှူ စတာတွေရဲ့ပြယုဒ်ဖြစ်ပါတယ်။
- အနီရောင် Mask ကတော့ မနာလိုဝန်တိုမှုတွေဒေါသတွေကြီးမားပြီး စိတ်အခြေအနေပြင်းထန်နေတဲ့အခြေအနေရဲ့ပြယုဒ်ဖြစ်ပါတယ်။
- အနက်ရောင် Mask ကတော့ Demon တစ်ကောင်အဖြစ်ပြောင်းလဲသွားပြီ စိတ်ခံစားချက်တွေထဲထာဝရပိတ်မိသွားပြီဆိုတဲ့ပြယုဒ်ပါ။
အကျဉ်းချုပ်အနေနဲ့ကတော့ အလွန်လှပလွန်းပြီးအပြစ်မြင်ရက်နိုင်စရာမရှိတဲ့အမျိုးသမီးတစ်ဦးကသူ့ယောက်ျားရဲ့သစ္စာဖောက်မှုကိုခံလိုက်ရပြီး နောက်ဆုံးမှာတော့ စိတ်ခံစားချက်တွေကိုမထိန်းနိုင်တော့ပဲကိုယ်ပိုင်အသိစိတ်ပျောက်သွားပြီး Demon တစ်ကောင်အဖြစ်ပြောင်းလဲသွားတယ်ဆိုတာပါပဲ ဒါကြောင့်မလို့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာကိုကိုယ့်ဖက်ကနေပေးအပ်မယ်ဆိုရင်တစ်ဖက်လူကဘယ်လိုလူမျိုးလဲဆိုတာအချိန်တခုထိအကဲခတ်ဖို့လိုမယ်ဆိုတာတော့အားလုံးကိုသင်ခန်းစာရစေချင်ပါတယ်။ ဒီနေ့တော့ဒီလောက်ပါပဲ နောက်နှစ် ၁၀၀၀ ကြာမှ content အသစ်လေးနဲ့ပြန်တွေ့ကြတာပေါ့ Cya
#Unknown
#OnePieceNexus