Google Authenticator Vs Backup Code and Recovery Email

Google Authenticator Vs Backup Code and Recovery Email

Google Authenticator နှင့်အတူသိထားသင့်တဲ့ Backup Code နဲ့ Recovery Email အကြောင်း

💁🏻‍♀️Google Authenticator က အင်တာနက်ချိတ်ဆက်မှုမရှိပဲ အသုံးပြုလို့ရလား❗️


✅အင်တာနက်နှင့် ချိတ်ဆက်ထားခြင်းမရှိပဲ Offline အသုံးပြုလို့ရပါတယ်။ သို့ပေမယ့်လို့ Google Authenticator ထားရှိခဲ့တဲ့ ဖုန်းပျောက်သွားတဲ့ အခြေအနေမျိုး (သို့) Application ကို ဖျက်လိုက်မိတဲ့ အခြေအနေမျိုးမှာ အခက်တွေ့နိုင်ပါတယ်။ 

✅ဒါကြောင့် Google Authenticator နဲ့ အကောင့်ကို နှစ်ဆင့်ခံလုံခြုံရေး ထားပြီးပါက Backup Code ကို မဖြစ်မနေသိမ်းဖို့လိုအပ်တာပါ။ 

✅Backup Code မိမိအကောင့်ကို အရေးပေါ်ဝင်ရမည့်အခြေအနေမျိုးတွင် တစ်ကြိမ်တစ်ခါသာ အသုံးပြုနိုင်ရန် Service Provider တွေက ထောက်ပံ့ပေးထားသော Backup (၁၀) လုံးဖြစ်ပြီး Backup Code (၁) လုံးအား တစ်ကြိမ်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 


💁🏾‍♂️ Google Authenticator ကို မိမိ၏ Gmail အကောင့်နှင့် ချိတ်ဆက်ပြီး သိမ်းဆည်းထားနိုင်ပါသလား‼️✅ Google Authenticator ကိုမိမိရဲ့ Gmail တစ်ခုခုနှင့် ချိတ်ဆက်ထားပြီး Google ရဲ့ Cloud Storage မှာသိမ်းဆည်းထားနိုင်ပါတယ်။


📍Gmail အကောင့်နှင့်ချိတ်ဆက်နိုင်ရန်အတွက် Application ထဲကိုဝင်ပြီး ညှာလက်ဒေါင့်လေးမှာရှိတဲ့ Cloud (မိုးတိမ်)ပုံစံကို အစိမ်းဖြစ်တဲ့ အထိ နှိပ်လိုက်မယ်ဆိုရင်တော့ Gmail တစ်ခုနဲ့ ချိတ်ဆက်ပြီး Cloud မှာသိမ်းထားတဲ့ အဆင့်ကို ပြုလုပ်ပြီးပြီဖြစ်ပါတယ်။ 

♻️အားသားချက်ကတော့ Google Authenticator ရှိနေသော ဖုန်းတစ်လုံးပျောက်သွားသော အခြေအနေ (သို့) Application အားဖျက်လိုက်မိသော အခြေအနေတွင် Google Authenticator နှင့် ချိတ်ဆက်ထားသော Gmail ကို ဝင်လိုက်ရုံနှင့် ချိတ်ဆက်ခဲ့သော အကောင့်များ၏ Code များပြန်ရရှိနိုင်ပါတယ်။ 


‼️အားနည်းချက်အနေနဲ့ကတော့ မိမိ Google Authenticator App နှင့် ချိတ်ဆက်ထားသော Gmail အကောင့် Hack ခံရသည့်အခြေအနေမျိုးတွင်တစ်ခြားသော အကောင့်များစွာရဲ့ လုံခြုံရေးလည်း ကျိုးပေါက်နိုင်ပါတယ်။ 


💁🏽‍♀️ Backup Code နှင့် Recovery Email ထည့်ထားရန်  

📍အမျိုးမျိုးသော အခြေအနေတွင် မိမိအကောင့်များ မဆုံးရှုံးစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ထားသင့်သည်။ 

📍Google Authenticator သုံးသော်လည်း အရေးပေါ်အခြေအနေအတွက် မဖြစ်မနေ Backup Code သိမ်းရမှာဖြစ်ပါတယ်။ 

📍အကြောင်းအမျိုးမျိုးကြောင့် အကောင့်ပြန်ဝင်၍မရသော အခြေအနေကို ကာကွယ်နိုင်ရန်အတွက် မိမိရဲ့ ဆိုရှယ်မီဒီယာ အကောင့်များအား Recovery Email (အရန် Email) များထည့်သွင်းထားမှ သာလျှင် အခြေအနေမျိုမျိုးကြောင့် အကောင့်ဝင်၍မရခြင်း ပြသနာများကနေ ကာကွယ်နိုင်မည်ဖြစ်သည်။ 


👁‍🗨အကောင့်များအား Password ပြောင်းခြင်၊ Backup Code သိမ်းနှင့် Recovery Email ထည့်ခြင်း

👉 https://t.me/SpringRevSecurity/2373

Report Page