Frieren: Beyond Journey’s End Season 2

Frieren: Beyond Journey’s End Season 2


Genres: Adventure, Drama, Fantasy

Episodes: Unknown

Status: Not yet aired

Aired: Released in January, 16 2026 at ?


Presented by 12PM & Kloud Senpai

Translated by Nyi Nyi Min Htet

Encoded by Yuji Hataki


နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်တဲ့ Frieren ဟာ ဆယ်စုနှစ်တစ်ခုကြာအောင် စွန့်စားခန်းဖွင့်ရင်း နတ်ဆိုးဘုရင်ကို နှိမ်နင်းပြီး ကမ္ဘာကြီးကို ငြိမ်းချမ်းစေခဲ့တဲ့ သူရဲကောင်းအဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပါတယ်။ နတ်ဆိုးဘုရင်ကို နှိမ်နင်းပြီးတဲ့အခါ မှော်ပညာတွေကို လေ့လာဆည်းပူးဖို့ နှစ်ပေါင်း ၅၀ ကြာ တစ်ကိုယ်တော် ခရီးထွက်ခဲ့ပြီး မြို့တော်ကိုပြန်ရောက်လာတဲ့အခါမှာတော့ လူသားကမ္ဘာကြီးလည်း ပြောင်းလဲသွားခဲ့ပြီး သူမရဲ့အဖွဲ့ဝင်ဟောင်းတွေဟာလည်း အိုမင်းရင့်ရော်နေခဲ့ကြပြီပေါ့။ အိုမင်းရင့်ရော်ပြီး ကွယ်လွန်သွားခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ရဲ့အကြောင်းကို ပိုနားလည်ခဲ့အောင် မကြိုးစားခဲ့မိလို့ Frieren တစ်ယောက် နောင်တနဲ့ လူသားတွေရဲ့ စိတ်ခံစားချက်တွေကို ဆက်လက်လေ့လာသင်ယူရင်း၊ သူ့ရဲ့အတိတ်ဟောင်းနဲ့နောင်တတွေကို ပြန်လည်ရင်ဆိုင်ကာ ဘယ်လိုစွန့်စားခန်းတွေ ဖွင့်သွားမလဲဆိုတာတော့ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။


ဒီ Season မှာတော့ Frieren ကသူ့ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ Fern ၊ Stark တို့နဲ့အတူ သူရဲကောင်း Himmel ကို နောက်ဆုံးနှုတ်ဆက်ခွင့်ရဖို့အတွက် ဝိညာဉ်များ ကိန်းအောင်းရာ Aureole ပြည်ကိုသွားဖို့ မြောက်အရပ်ကို ဆက်လက် ထွက်ခွာလာခဲ့ပါတယ်။ ဝမ်းနည်းကြေကွဲမှု၊ အချိန်ကာလရဲ့ တန်ဖိုးနဲ့ လူသားတို့ ချန်ရစ်ခဲ့သော အမွေအနှစ်များအကြောင်းတွေကို ဒီ Season မှာနက်နက်ရှိုင်းရှိုင်း ကြည့်ရှုရဦးမှာဖြစ်ပါတယ်။

Report Page