Fermat no Ryouri
Pirate Anime MyanmarReview - Kitada Gaku လို့ခေါ်တဲ့ သင်ချာပါရမီရှင် လူငယ်လေးတစ်ယောက်။ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ သင်ချာအိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ကျရှုံးသွားတဲ့နောက်၊ စကော်လားရှစ်ကိုလည်း ဆုံးရှံးလိုက်ရပါတော့တယ်။ ပညာတော်သင်ထောက်ပံ့ကြေးမရှိတော့တဲ့နောက် ဘိုင်ပျက်နေလို့ ကျောင်းကန်တင်းမှာ အလုပ်ဝင်လုပ်ရပါတော့တယ်။
Kai Asakura ဆိုတဲ့ Restaurant K စားသောက်ဆိုင်ပိုင်ရှင် နဲ့ တွေ့တဲ့နောက်မှတော့ သူဘဝက စတင်ပြောင်းလဲလာပါတော့တယ်။ Kai က Gaku ရဲ့ သင်ချာပါရမီစွမ်းရည်ကို သတိပြုမိသွားပြီး သူ့စားသောက်ဆိုင်မှာအလုပ်လုပ်ဖို့ ကမ်းလှမ်းလိုက်ပါတော့တယ်။ Gaku လည်းလက်ခံလိုက်ပြီးနောက်...သင်ချာကိုအသုံးချပြီး ဘယ်လို အရသာရှိတဲ့ ဟင်းလျာကို ချက်ပြုတ်ပြသွားမလဲ...