Family location sharing via Life360 App

Family location sharing via Life360 App

Life360 App သုံးပြီး တည်နေရာတွေရှာကြမယ်…


Life360 ကတော့ မိသားစုဝင် အချင်းချင်း၊ မိတ်ဆွေအချင်းချင်း အပြန်အလှန် Circle ချိတ်ဆက်ပြီး တည်နေရာတွေကို အချိန်နှင့်တစ်ပြေးညီမျှဝေနို်င်အောင်၊ တစ်ခုခုဖြစ်ပြီဆိုတဲ့ အရေးပေါ်အခြေအနေများတွင် မိမိနှင့် ချိတ်ဆက်တဲ့သူတွေ သိအောင်ပြုလုပ်နိုင်ပါတယ်။
ဒါတွေအပြင် အပြန်အလှန် Message ပေးပို့လို့ရတဲ့ App ပဲဖြစ်ပါတယ်။ ပိုက်ဆံပေးပြီး အသုံးပြုနိုင်သလို အခမဲလည်း အသုံးပြုနိုင်ပါတယ်။ လက်ရှိ ရှိနေသော တည်နေရာများကို သိနိုင်အောင် အသုံးပြုရတဲ့ Application ဖြစ်တဲ့အတွက် GPS, Location စတာတွေကို ဖွင့်ပြီး အသုံးပြုရပါမယ်။
End-To-End Encryption (အစွန်းနှစ်ဖက် လုံခြုံရေး) ကိုတော့ ထောက်ပံ့ပေးတာမျိုးမရှိပါဘူး။ သို့ပေမယ့် လတ်တလော အခြေအနေများအတွက် မိမိ တစ်ဦးချင်းအတွက်စီသော်လည်းကောင်း၊ မိသားစု မိတ်ဆွေများအတွက် အသုံးဝင်နို်င်တဲ့ Application ဖြစ်ပါတယ်။ မိမိရဲ့ Real time တည်နေရာတွကို မျှဝေရတာ ဖြစ်တဲ့အတွက် စိတ်ချရသူများနှင့်သာ Location မျှဝေ အသုံးပြုဖို့ အကြံပြုပါတယ်။ 


Life360 ကိုစတင် သုံးမယ်ဆိုရင် …

  1. Life 360 ကို Download ရယူပါ။ 
  2. Get Start ကိုနှိပ်ပါ။
  3. ဖုန်းနံပါတ်ထည့်ရပါမယ်။ 
  4. Continue  ကိုနှိပ်ပါ။ 
  5. ပြီးရင်တော့ Email လိပ်စာကိုထည့်ပါ။
  6. ဒီနေရာမှာ ဖုန်းထဲမှာ ဝင်ရောက် အသုံးပြုနေတဲ့ Mail ကိုထည့်ပါ။
  7. မိမိထည့်လိုက်တဲ့ Email ဆီကို  Verification Code နံပါတ်ကျလာပါလိမ့်မယ်။
  8. Gmail ထဲဝင်ပြီး ကျလာတဲ့ Code ကို Application မှာထည့်လိုက်ပါ။ 
  9. Continue ကိုနှိပ်ပါ။
  10. နာမည်ကို မိမိနှစ်သက်တဲ့နာမည်ပေးလိုက်ပါ။ 
  11. Birthday ကလည်း သင့်တော်သလိုဖြည့်စွက်ပါ။ 
  12. မိမိအကောင့် အတွက် စကားဝှက်ကိုဖန်တီးပါ။
  13. အကောင့် Set Up လုပ်ပြီးပါပြီ။ 


Circle တစ်ခုဖန်တီးခြင်း 

  1. အကောင့် Set Up  လုပ်ပြီးပြီးဆိုရင်တော့ Circle တွေစပြီး ပြုလုပ်လို့ရပါပြီ။ 
  2. Circle ဆိုတာ မိမိတည်နေရာကို မျှဝေချင်တဲ့ အဝန်းအဝိုင်းကိုဆိုလိုတာပါ။ မိသားစုလည်း ဖြစ်နို်င်သလို၊ မိတ်ဆွေလည်းဖြစ်နိုင်ပါတယ်။
  3. Continue ကိုဆက်နှိပ်ပါ။ 
  4. Joining a Circle ဆိုပြီး Code တစ်ခုဖြည့်ခိုင်းပါလိမ့်မယ်။ ဒီနေရာမှာ မိမိ အသိတွေထဲက ဒီ App ကိုစသုံးမယ်။ ပြီးတော့ သူဖန်တီးထားတဲ့ အဝန်းအဝိုင်း တစ်နည်းအားဖြင့် Circle ထဲကို ဝင်ဖို့ Code မျှဝေထားမယ်ဆိုရင်တော့ Code ထဲပြီး သူများ Circle ထဲကိုဝင်နိုင်ပါတယ်။
  5. အခုမှစသုံးမယ်ဆိုရင်တော့ Get Started ကိုနှိပ်ပါ။ 
  6. Add people နဲ့ Add a Tile ကိုတွေ့ပါလိမ့်မယ်။
  7. Add people ကတော့ မိမိ အဝန်းအဝိုင်းကို တည်ဆောက်ဖို့ (Circle) လုပ်ရမယ့် နေရာဖြစ်ပါတယ်။
  8. Add people ကိုနှိပ်ပါ။ 
  9. မိမိ ပြုလုပ်ချင်တဲ့ အဝန်းအဝိုင်းကို နာမည်ပေးပါ။
  10. Continue ကိုနှိပ်ပါ။
  11. ဒီနေရာမှာ Code လေးပေါ်လာပါလိမ့်မယ်။
  12. ဒီ Code လေးက မိမိအဝန်းအဝိုင်းထဲ (Circle) ထဲဝင်လာမယ့်သူတွေ မျှဝေပေးရမယ့် Code ပဲဖြစ်ပါတယ်။ 
  13. Share Code နှိပ်ပြီး Copy လုပ်ပါ။ ကြိုက်နှစ်သက်ရာ Platform ကနေ မျှဝေနို်င်ပါတယ်။ ပြီးရင်တော့ သူငယ်ချင်းတွေကို Application Download ချခိုင်းပြီး Code လေးနဲ့ မိမိ Circle ထဲကိုဝင်ခိုင်းပါ။
  14. ပြီးရင် မိမိနှစ်သက်ရာ..Role တစ်ခုကိုယူပါ။ Mom ကိုရွေးပါ။ 
  15. ဓါတ်ပုံတောင်းပါလိမ့်မယ်။ Skip လုပ်နိုင်ပါတယ်။
  16. မဖြစ်မနေ ပေးရမယ့် Permission ကတော့ Location/ Physical Activity/ Notification အကုန်လုံးကို ပေးမှ Application က အပြည့်အဝ အလုပ်လုပ်မှာဖြစ်ပါတယ်။ 
  17. Continue ကိုဆက်နှိပ်ပါ။ 
  18. လက်ရှိ မိမိစက်ပစ္စည်းရှိနေတဲ့ location ပြပါပြီ။ လက်ရှိတည်နေရာကို Save လုပ်နိုင်သလို၊ မြေပုံမှာရွေးချယ်ပြီးလည်း တည်နေရာကို သိမ်းနို်င်ပါတယ်။ 
  19. Software ကိုစပြီး အသုံးပြုလို့ရပါပြီ။ 
  20. Create Another Circle ဆိုတာကတော့ နောက်တစ် Circle တစ်ခုကိုဖန်တီးတာဖြစ်ပြီး၊ Join another Circle ကတော့ သူများဖန်တီးထားတဲ့ Circle ထဲသွားဝင်ဖို့ဖြစ်ပါတယ်။ 

Set up SOS ပြုလုပ်ခြင်း 

အရေးပေါ်အခြေအနေများအတွက် မိမိတည်နေရာအား မိမိ အဝန်းအတိုင်း Circle ထဲတွင်ရှိနေသောသူများအား အသိပေးနိုင်အောင် ပြုလုပ်ထားမယ့် Setting ဖြစ်ပါတယ်။ 

  1. Application ထဲဝင်ပါ။ 
  2. Setup SOS ကိုနှိပ်ပါ။ 
  3. Begin Setup ကိုနှိပ်ပါ။
  4. Press and hold ကိုနှိပ်ပြီး ၁၀စက္ကန့်စောင့်ပါ။ 
  5. ဒါဆိုရင်တော့ Set Up လုပ်ပြီးပြီပဲဖြစ်ပါတယ်။ အရေးပေါ်အခြေရှိပါက Application ထဲဝင်ပြီး SOS ကိုဖိပြီးနှိပ်ထားပါက မိမိ Circle ထဲကရှိနေသော သူများမှာ မိမိတည်နေရာကို အတိအကျသိနိုင်မှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မိမိမိတ်ဆွေ၊ ဆွေမျိုးသားချင်းများရဲ့ တည်နေရာကိုသိပြီး အကူအညီများ စီမံဆောင်ရွက်နိုင်ပါတယ်။ 




Report Page