Fallowing (2024)
By ArielIMDb – 6.5/10, MyDramaList - 7.8
ဒီကားလေးကတော့ ကိုယ်တွေရဲ့ ဆရာမကြီး Shin Hye Sun, Mr.Sunshine ထဲကByun Yo-Han နဲ့ My Liberation Notes ထဲက Lee El တို အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း-အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်တဲ့ Gu Jung Tae ရဲ့ဝါသနာကတော့ သူများတွေကို လိုက်ကြည့်ရတာပါပဲ။အိမ်ခြံမြေအကျိုးဆောင်ဖြစ်တဲ့အလျောက် သူ့ဆီမှာ အိမ်လာအပ်ထားတဲ့အိမ်တွေသာမက သူများအိမ်တွေကိုပါ လျှိဝှက်နံပါတ်ဖော်ပြီး ခိုးဝင်တတ်တဲ့ စရိုက်ရှိတဲ့သူပါ။
ဒါပေမဲ့ တစ်နေ့ သူတို့ရပ်ကွက်ထဲကို လက်တွေဘဝနဲ့ internet ပေါ်က ဘဝတွေ ကွာခြားနေတဲ့Instagram ဆယ်လီမလေး Han So-ra ပြောင်းလာတဲ့အခါမှာတော့…။Jung-tae တစ်ယောက် So-ra ကို စိတ်ဝင်စားပြီး သူ့အိမ်ထဲကို ခိုးဝင်ဖို့လုပ်ပေမဲ့ မရလို့မှိုင်နေတဲ့အချိန်ကံကြမ္မာမျက်နှာသာပေးပြီး So-raက Jung-tae တို့ဆီမှာ အိမ်လာအပ်တဲ့အခါ…။
ပျော်ပျော်ကြီး So-ra အိမ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ Jung-tae တစ်ယောက်တစ်နေ့ So-ra အသတ်ခံထားရတာကို မြင်သွားတဲ့အခါမှာတော့…။ပြီးတော့ သက်သေတွေ အားလုံးကတော့ Jung-tae ကို ဦးတည်နေတဲ့အခါမှာတော့…။ဘယ်လိုတွေ plot twist အကြမ်းစားတွေနဲ့ ဘယ်လိုစိတ်လှုပ်ရှားဖွယ်ကြည့်ရမလဲဆိုတာကိုတော့အတူကြည့်ရှုလိုက်ရအောင်နော်။