Fahrenheit 451

Fahrenheit 451

ကြည့်..ကြည့်..ကြည့်...


ဒီရုပ်ရှင်ဟာ Ray Bradbury ရေးသားထားတဲ့ Fahrenheit 451 ကိုပဲ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စစကြည့်ချင်းမှာပဲ ဇာတ်လမ်းထဲက ကမ္ဘာကြီးဟာ လက်ရှိကမ္ဘာကြီးနဲ့ မတူပါဘူး။ နည်းပညာတော့ ရှိပေမယ့် သတင်းအချက်အလက်ဆိုတာ အစိုးရကသာ ကိုင်တွယ်နိုင်တဲ့ အရာတစ်ခု ဖြစ်နေပါတယ်။ ဒီဇာတ်လမ်းမှာ အစိုးရဟာ စာအုပ်တွေ ဖတ်ရှုတာနဲ့ စာအုပ်တွေ ပိုင်ဆိုင်မှုဟာ ဉပဒေကို ချိုးဖောက်ရာကျတယ်လို့ သတ်မှတ်ထားပါတယ်။ ပြည်သူတွေဟာလည်း တီဗီမှန်သားပြင်က လာနေတာတွေကိုပဲ အမြဲ ဖွင့်ထားပြီး ကြည့်နေကြပါတယ်။ စာအုပ်နဲ့တကွ အတူတွဲတွေ့ရှိရင် အဖမ်းခံရနိုင်ပြီး ပိုင်ဆိုင်တွေ စာအုပ်တွေအပြင် အိမ်ကိုပါ မီးရှို့ပစ်တာပါ။ ဇာတ်လိုက်မင်းသားဟာ အဲ့လို စာအုပ်တွေကို မီးလိုက်ရှို့ရတဲ့ Fireman တစ်ယောက်ဖြစ်ပါတယ်။ Fireman ဆိုတာ မီးသတ်သမားလို့ သိထားပေမယ့် ဒီရုပ်ရှင်မှာတော့ သူက မီးမငြှိမ်းရပဲ မီးလိုက်ရှို့ရတာ ဖြစ်ပါတယ်။ ဒီလို စာအုပ်တွေဟာ အတွေးအခေါ်တွေ ပျက်ပြားနိုင်တယ်၊ နိုင်ငံကို ထိခိုက်နိုင်တယ်၊ မလိုအပ်တဲ့ အတွေးတွေ မေးလာနိုင်တယ်၊ ခေါင်းထဲ ရောက်လာနိုင်တယ်ဆိုတဲ့ အယူအဆ ကို ယုံကြည်နေတဲ့ မင်းသားဟာ တစ်ရက်မှာ အိမ်နီးနားချင်းက မိန်းကလေးတစ်ယောက်နဲ့ တွေ့ပါတယ်။ အဲ့မိန်းကလေး ပြောတာက Fireman တွေဟာ အရင်က မီးငြှိမ်းသတ်ရတဲ့သူတွေ ဖြစ်တယ်၊ မီးလိုက်ရှို့တာမဟုတ်ဘူးဆိုပြီး ရှင်းပြပါတယ်။ ပြည်သူတွေဟာ ဘာစာအုပ်စာပေမှ မဖတ်ရပဲ အစိုးရက ပြောသမျှကိုသာ ယုံကြည်ပြီး လုပ်နေကြတာကို မြင်နိုင်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဇာတ်လိုက် မီးသွားရှို့ရတဲ့ အိမ်က စာအုပ်တစ်ကို ခိုးပြီး သိမ်းထားခဲ့လိုက်ပါတော့တယ်။

   ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့အရာတစ်ခုကတော့ စာအုပ်တွေကို တန်ဖိုးထားတဲ့ လူတစ်စုဟာ အစိုးရကျဆုံးတဲ့တစ်ချိန်ကျရင် မှတ်ဉာဏ်တွေထဲကတစ်ဆင့် စာအုပ်တွေကို ပြန်ပုံနှိပ်နိုင်ဖို့ တစ်ယောက်ကို စာအုပ်တစ်အုပ်စီ အလွတ်ကျက်မှတ်ထားကြတယ်ဆိုတာပါပဲ။ ဇာတ်လိုက်ဟာလည်း ခိုးယူလာတဲ့ စာအုပ်ကို ဖတ်ရှုပြီး အထက်လူကြီး အပါအဝင် နိုင်ငံအစိုးရနဲ့ ဘယ်လိုတွေ ဆက်လက်ကြုံရမလဲဆိုတာကိုတော့ ရုပ်ရှင်မှာ ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီဇာတ်လမ်းမှာ Censorship ကို အများကြီး မြင်တွေ့ရနိုင်ပြီး အစိုးရက ပြည်သူတွေကို ဦးနှောက်ပိတ်ထားဖို့ တားဆီးတာတွေကို မြင်တော့ Facebook ကို Ban ထား၊ Website တွေ ဝင်မရအောင် ပိတ်ထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုတောင် ကွက်ကွက်ကွင်းကွင်း ပြန်မြင်လာပါသေးတယ်။ ဇာတ်လမ်းက ထူးဆန်းပေမယ့်လည်း ဒီနိုင်ငံနဲ့ တော်တော်လေး ဆက်စပ်လို့ရနေတာကို တွေ့ရတော့ အံ့ဩမိပါတယ်။ စိတ်ဝင်စားလို့ ကြည့်ချင်တယ် ဆိုရင်တော့ အောက်က လင့်မှာ သွားကြည့်လို့ရပါတယ်။

ကြည့်ရှုရန် Link: https://moviesjoy.to/movie/fahrenheit-451-18735


Report Page