Facebook to Metaverse

Facebook to Metaverse

နွေဦးလုံခြုံရေး
Facebook မှသည် Metaverse ဆီသို့...


Facebook ရဲ့ အတွင်းသတင်းအချက်အလက်များပေါက်ကြားမှုများအရ မကြာခင်အချိန်တွင်းမှာ Facebook ကိုပိုင်တဲ့ Facebook Inc. ဆိုတဲ့ Company နာမည်ကို Metaverse ဟု ပြောင်းလဲ တော့မယ်လို့သိရှိရပါတယ်။ Facebook ဆိုတဲ့ app ကတော့ ဒီနာမည်အတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

Metaverse က ၂၀၁၇ မှာထဲက Virtual Reality နည်းပညာနေဖြင့် စတင်စမ်းသပ်တည်ရှိ ခဲ့တယ်လို့ နည်းပညာ ရင်းနည်းမြုပ်နှံတဲ့ Forum အချို့မှာ ဖော်ပြခဲ့ပါတယ်။


သိပ်သတိမထားမိခဲ့ကြ​ပေမယ့် လွန်ခဲ့တဲ့ (၁) လပတ်ချာလည်လောက်က Facebook ဟာ ကိုယ့် မျက်နှာနဲ့ ဆင်တူဖန်တီးပြီး အဝတ်အစား ဆံပင်ပုံစသဖြင့် စိတ်ကြိုက်ပုံဖော်နိုင်တဲ့ Avatar ပုံတွေကို လုပ်ဆောင်နိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။


ယခု အပြောင်းအလဲမှာတော့ Sticker ပြုလုပ်ခြင်းထက် ပိုမိုကျယ်ပြန့်တဲ့ Virtual Reality ထဲကို ကျနော်တို့ကိုခေါ်ဆောင်သွားတော့မယ်လို့ ယူဆရပါတယ်။ Metaverse မှာ မိမိရဲ့ပုံတွေကို Virtual Reality ရဲ့ 3D နည်းပညာနဲ့ ပုံဖော်နိုင်ပြီး အောက်မှာပြထားသလို ရုပ်ဆိုး ကြောက်ခမန်းလိလိ ပုံတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ 


Facebook သည် Oculus Rift ကို ပိုင်ဆိုင်ထားတဲ့အတွက် အထက်မှာဖော်ပြခဲ့သလိုမိမိဖန်တီးထားတဲ့ 3D ပုံတွေကို VR ကမ္ဘာထဲမှာ မြင်တွေ့လာနိုင်မယ်လို့ တွက်ဆရပါတယ်။ နောက်ပီး မိမိရဲ့ 3D ပုံတွေ အကျီအဝတ်အစား နဲ့ တခြား အဆင်အယင်တွေ ဆင်မြန်းနိုင်ပီး အဆိုပါ အဆင်အယင် တွေကို Metaverse ရဲ့ သူ့ကိုယ်ပိုင် ငွေကြေးဖြင့်ဝယ်ယူနိုင်မှာ လဲ ဖြစ်ပါတယ်။


Virtual Reality နဲ့ Augmented Reality နည်းပညာနှစ်ခုကို ပေါင်းစပ်တဲ့ Smart မျက်မှန်တွေကို လည်း RayBan ကုမ္ပဏီ ဖြင့် အကျိုးတူပူးပေါင်းကာ ထုတ်လုပ်လိမ့်မယ်လို့ သိရှိထားပါတယ်။

ယခုအခြေအနေမှာတော့ Metaverse ရဲ့ရည်ရွယ်ချက်တွေကိုတော့ အတိအကျဖော်ပြထားခြင်း မရှိနေသေးပေမယ့် နောက်လာမည့် နှစ်ပေါင်း ၂၀ အတွင်းမှာတော့ Metaverse ရဲ့ သိသာထင်ရှား တဲ့အသွင်သဏ္ဍန်များကို တွေ့မြင်လာရဖွယ်ရှိနေပါတယ်။ 

Metaverse ဟာလဲ ဇူဇူရဲ့ ဖန်တီးမှု လက်ရာသစ်တစ်ခုဖြစ်တာကြောင့် အချက်အလက်နဲ့ ပါတ်သက်လို့တော့ Facebook လိုပဲ သတိပြု သုံစွဲကြပါလို့ အကြံပြုရင်းနဲ့ပဲ Metaverse နဲ့ အတူပါဝင်လာမယ့် အနာဂါတ်နည်းပညာသစ်တွေကို မျှော်လင့်ကြပါစို့ဗျာ .....








Report Page