Facebook. inc to Meta- Privacy Checkup

ရောင်းရင်းတို့အားလုံးသိတဲ့အတိုင်းပဲ ဇူဇူက Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook.inc ကို Metaverse ကိုပြောင်းလဲတော့မယ်ဆိုတာကိုတော့ အရင်တုန်းကတည်းပြောနေပေမယ့် ၂၈ ရက်နေ့ အောက်တိုဘာလမှာတော့ အတိအလင်းကြေငြာခဲ့တာကြောင့် အားလုံးရဲ့ စိတ်ဝင်စားမှုတွေက မြင့်တက်ခဲ့ပါတယ်။ Facebook (သို့) Metaverse ကဦးတည်ပြီးသွားမယ့် အကြမ်းဖျဉ်းကိုတော့ အောက်က Link လေးမှာဖတ်လို့ရပါတယ်။
Link: https://t.me/SpringRevSecurity/368
ဒစ်ဂျစ်တယ်အလွှဲလေးကတော့ ဒီက စတာရယ်....ဖေ့ဘွတ်ကို actively သုံးနေတဲ့ ယူဇာ (user) တစ်ယောက်လို့ဆိုရမယ့် ကိုတာကြီးပေါ့။ ကိုတာကြီးမယ် နေ့ရော… ညရော....ချစ်ချစ်နဲ့ ပြောလည်း ဖေ့ဘွတ်...သတင်းကြည့်လည်း ဖေ့ဘွတ်…
ဘောလုံးလောင်းလည်း...ဖေ့ဘွတ်...နောက်ဆုံး
ထမင်းစားတာကအစ..အိမ်သာတက်တာကအဆုံး ဖေ့ဘွတ်..ဖေ့ဘွတ် ဖြစ်နေတော့ ဒီအပြောင်းအလဲမယ်...တော်တော်လေး နေမထိထိုင်မသာဖြစ်သွားသူကတော့ တာကြီးပေါ့ဗျာ....
ဖေ့ဘွတ် ဖေ့ဘွတ်..တဘွတ်တည်း ဘွတ်နေပြီး..ဆိုဆယ်မီဒီယာမှာလည်း တစ်ချို့သော ဗီဒီယိုတွေထဲမှာ အင်ဖလူဝမ်စာနီးနီးအောင်မြင်နေသော ဆရာကြီးများလည်း ဖေ့ဘွတ်မှာ ဟိုဟာလုပ်..ဒီဟာလုပ်နဲ့..သူတို့ပြောတာမှ လိုက်မလုပ်ရင် ဖေ့ဘွတ်ကြီးကို လုံးဝကြီးသုံးမရတော့ဘူးဆိုလား ဖေ့ဘွတ်ကြီးလော့ဒေါင်း ကျသွားမယ်ဆိုလား..ဘုရား..ဘုရား...ကိုတာကြီးရဲ့ ပူပင်သောကလည်း ဇူဇူ့ရဲ့ အပြောင်းအလဲမှာ အကြပ်ရိုက်နေလေရဲ့…
ကိုတာကြီး ရဲ့ ပူပင်သောကနဲ့ထပ်တူကျနေတဲ့ရောင်းရင်းတို့အတွက်လည်း ဒီမှာပြောပြပေးမယ်ဗျို့…အဓိကကတော့ ကိုယ့်ရဲ့ Facebook Security ကို Check up လုပ်ခိုင်းခြင်းသာဖြစ်ပါတယ်။
- Security Checkup လုပ်ချင်ရင် Setting ထဲ Password and Security ထဲကိုဝင်ပါ။
- Check your important Security Setting ကိုဝင်ကြည့်ပါ။
- Check up တဲ့သဘောက သင့်ရဲ့ Facebook လျို့ဝှက်နံပါတ် လုံခြုံခြင်းရှိ/မရှိ၊ ခိုင်မာခြင်းရှိ/မရှိသာ (Strong Password) ဖြစ်/မဖြစ်သာ စစ်ဆေးပေးခြင်းဖြစ်ပြီး
- နောက်တစ်ခုက ကိုယ့်အကောင့်ကို နှစ်ဆင့်ခံလုံခြုံရေး (Two-Factor Authentication ) ထားခြင်းရှိ/မရှိ စစ်ဆေးနိုင်သလို
- Log in alert (ကိုယ့်အကောင့်ကို ကိုယ်သုံးနေကျစက်ပစ္စည်း (သို့) တည်နေရာ မဟုတ်ပဲ ဝင်လာရင် noti တက်အောင်လုပ်ထားခြင်း) ကိုစစ်ဆေးခြင်းသာဖြစ်ပါတယ်။
သင်က အပေါ်ကအချက်တွေကကို လုပ်ထားပြီးသားဆိုရင်တော့ No issues found ဆိုပြီးပေါ်နေမှာသာဖြစ်ပြီး အစိမ်းရောင်လေးပေါ်နေမှာဖြစ်ပါတယ်။ အစိမ်းရောင်လေးမပေါ်ရတဲ့အကြောင်းအရင်းကတော့ သင့် Password ကအရမ်းလွယ်ကူနေတာ..အကောင့်ကို (၂)ဆင့်လုံခြုံရေးမထားတာတွေကြောင့်ဖြစ်ပါတယ်။ အဓိကကတော့ အကောင့်လုံခြုံအောင် Security ကို Checkup လုပ်ခြင်းသာဖြစ်ပါတယ်။
ဖေ့ဘွတ်ကြီး လော့ဒေါင်းကျသွားမလား ကိစ္စကို ရှင်းပါဦးမယ်..(FB လုံးဝသုံးမရတော့တဲ့အခြေအနေ)
- ပထမဦးအချက်အနေနဲ့ ကိုယ့်ရဲ့ Security Checkup မလုပ်ရသေးပဲနဲ့တော့ အကောင့်ကြီး Locked ပိတ်သွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး သို့သော် လက်ရှိတစ်ချို့သောအကောင့်တွေမှာ Facebook Protect လုပ်ဖို့အတွက် Notification တက်တာမျိုးရှိနေပါတယ်။ အဲ့အချိန်မှာတော့ (၁၅) ရက်အတွင်း Facebook Protect ကိုလုပ်ရမှာဖြစ်ပါတယ်။ Facebook က Official လုပ်ခိုင်းတာဖြစ်ပြီး မလုပ်ရင်တော့ အကောင့် Lock ကျသွားတာမျိုးဖြစ်နိုင်ပါတယ်။
- ဒီမှာသတိပေးချင်တာက Security Checkup တို့ Protect လုပ်တယ်ဆိုတာ သာမန်အခြေအနေမှာလည်း လုပ်သင့်တဲ့အချက်တွေပါ၊ ပြီးတော့ Metaverse ပေါ်လာမှ လုပ်ရတာမျိုးတော့မဟုတ်ဘူး။ ဒီမှာ Concept မလွှဲစေချင်ဘူး ကိုယ့်လူတို့ရေ....
အခုဆိုရင်တော့ ကိုတာကြီးရော...ကိုတာကြီးဆွေမျိုးတွေပါနားလည်သွားပြီလို့မျှော်လင့်မိကြောင်းပါ...ကိုယ့်လူတို့ရေ တကယ့်တကယ့်တမ်းမှာတော့ ဖေ့ဘွတ်(စ်) စီအီးအို ဇူဇူ သွားချင်တဲ့အရွှေ့က တော်တော်လေးကြမ်းပါတယ်။ ဇူဇူ့ရဲ့ အနာဂါတ် ခြေလှမ်းတွေနဲ့ Metabase ရဲ့ ဆွဲဆောင်မှုတွေနဲ့အတူ user တွေရဲ့ နောက်ကွယ်က ဒေတာတွေရဲ့ နောက်ဆက်တွဲ တွေအကြောင်းကိုတော့ ဝိုင်းတော်သားတွေက လာမယ့်အပတ်များမှာ ဆက်လက်ဆွေးနွေးသွားမှာမို့..
ကိုယ့်လူတို့ရေ နွေဦးလုံခြုံရေး Channel က Content လေးတွေကို စောင့်မျှော်ဖတ်ရှုကြပါဦး...