FX Fighter Kurumi-Chan
Forex Trading ဆိုတာက ဘဝကိုချက်ချင်းကြီး နတ်ပြည်ရောက်အောင်ပို့ပေးနိုင်သလို ငရဲပြည်ဟိုးအောက်ဆုံးရောက်အောင်ပို့ပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာတော့ Kurumiလေးရဲ့ အမေဖြစ်သူက သူအလယ်တန်းကျောင်းသူဘဝမှာ Trading ကြောင့် ယန်း သန်း၂၀ ရှုံးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ အဲ့နေ့ကစပြီး Kurumiလေးတစ်ယောက် သူတို့မိသားစုဘဝကို ဖျက်ဆီးခဲ့တဲ့ Tradingကနေ ယန်းသန်း၂၀ပြန်ရအောင် Trading ကိုလေ့လာပြီး ငရဲနဲ့နတ်ပြည်ကြားက riskများတဲ့ Trading လောကထဲဝင်လာတဲ့အခါမှာတော့ အရာအားလုံးဟာ လုံးဝအဆင်ေပြေနတာမဟုတ်ဘဲ အရှုံးတွေအများကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။
လောကကြီးမှာအမြဲတမ်းကောင်းတာဖြစ်လာမှာမဟုတ်ဘဲ ဆိုးတာတွေလဲဖြစ်တတ်တယ်၊ Forexဆိုတာ မြန်မြန်ချမ်းသာစေနိုင်သလို မြန်မြန်ငမွဲဘဝကိုရောက်စေနိုင်တဲ့ အလောင်းကစားလိုမျိုး Riskများတဲ့ အလုပ်တစ်ခုဆိုတာ လက်တွေ့ကျကျ သရုပ်ဖော်ပြသထားတဲ့ကားလေးဖြစ်ပါတယ်။
ဒီရာသီကားလေးတွေထဲမှာတော့ ရွှေမဟုတ်ဘဲ စိန်လို့တောင်ပြောလို့ရလောက်တဲ့အထိ Animationရော၊ Characterေတွရော၊ ဇာတ်ကြောင်းရော တော်တော်လေးမိုက်ပါတယ်