Ex Machina
ကြည့်..ကြည့်..ကြည့်
Ex Machina ကိုအတိုချုပ်ပြီးပြောပါဆိုရင် "AI” လို့အများသိတဲ့ Artificial Intelligence (ဉာဏ်ရည်တု) နည်းပညာ အကြောင်းပဲဖြစ်ပါတယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့ အချိန်မှာတော့ လူတွေနဲ့ စက်ရုပ်တွေ AI နည်းပညာ သိပ်မစိမ်းတော့ပါဘူး။ AI နည်းပညာတင်မက AI နည်းပညာနဲ့ ဖန်တီးထားတဲ့ App တွေ ၊ Game တွေနဲ့ပါ လူသားတွေနဲ့ ရင်းနှီးလာပြီး နေ့စဉ်ဘဝတွေထဲမှာ သူတို့တွေပါ ပါဝင်စီးမျောလာကြတာပါ။
ဒီဇာတ်ကားမှာတော့ Cyber Security Programmer တစ်ယောက်ဖြစ်တဲ့ Caleb ဆိုသူသည် ပြိုင်ပွဲမှာအနိုင်ရရှိပြီးနောက် ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Nathan ရဲ့ ထိပ်တန်း လျို့ဝှက် ပရောဂျက်တစ်ခုမှာပါဝင်ခဲ့ရတာပါ...ဒီထိပ်တန်း Project ဟာဆိုရင်တော့ Nathan ရဲ့ တီထွင်မှု တစ်ခုဖြစ်တဲ့ လူနီးနီးဖြစ်နေပြီး Ava လို့ခေါ်ဆိုတဲ့ အမျိုးသမီး AI ရဲ့ သိမှုနိုင်မှုစွမ်းအား၊ ခံစားချက်တွေကို စမ်းသပ်ဖို့ပဲဖြစ်ပါတယ်။
ဒီလိုနဲ့ စမ်းသပ်မှုတွေ လုပ်ဖို့ Caleb ကစေခိုင်းခံခဲ့ရပြီး CCTV ရဲ့ နောက်ကွယ်မှာတော့ Nathan ကစမ်းသပ်မှုရဲ့ ရလဒ်ကိုအမြဲတမ်းစောင့်ကြည့်နေတာပဲဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ Caleb ရိပ်မိလာတာတော့ Nathan နဲ့ Eva ကြားမှာ သူမမြင်နိုင်တဲ့ တစ်ခုခုရှိနေတယ်ဆိုတာကိုပါ... အဲ့လို မေးခွန်းတွေများစွာမေးရင်းနဲ့ပဲ အချိန်တစ်ခုရောက်တဲ့ အခါမှာတော့ Caleb က Ava အပေါ် ခံစားချက်တွေရှိလာပါတယ်။ တစ်နေ့မှာတော့ စမ်းသပ်မှုပြုလုပ်နေတဲ့ အချိန်မှာ System Error တစ်ခုကြောင့် CCTV မပွင့်တဲ့နောက်မှာ Eva တစ်ယောက် Caleb ကိုဘယ်လို တုံ့ပြန်လဲ..သူတို့နောက်ယောက်ရဲ့ ဇာတ်သိမ်းက ဘာဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် ဇာတ်ကားလေးလည်းဖြစ်တာမို့...ရောင်းရင်းတို့ကို ညွှန်းဆိုလိုက်ရပါတယ်ဗျို့....
ကြည့်ရှုရန် Link: https://moviesjoy.one/movie/ex-machina-y3j1/1-full