Everex Wallet - Functionality Update! 

Everex Wallet - Functionality Update! 

Everex Global

၂၀၁၆ ခုနစ်မှာ၊ Everex ကုမ္ဂဏီသည်blockchain နည်းပညာ ကိုအသုံးပြု၍ ပထမဦးဆုံး ငွေသားလဲလှယ်ခြင်း နှင့် ပြည်တွင်းပြည်ပငွေလွှဲ ဝန်ဆောင်မှုများကိုစတင် ပြိုးထောင်ခဲ့ပါသည်။ လွန်ခဲ့သောနှစ်အတွင်းမှာ Everex သည် ကုမ္ဂဏီများအတွက် တစ်ဦးတစ်ယောက်ချင်းစီအတွက် ငွေသားများကို အခက်အခဲမရှိ လွတ်လပ်လွယ်ကူအောင် ပေးပို့နိုင်သော နည်းလမ်းများကို လုပ်ဆောင်နေပါသည်။Transactions များကို ကမ္ဘာတဝှမ်းတွင် ဈေးနှုန်းချိုသာ၍ မြန်ဆန် ယုံကြည် ပို့ဆောင်နိုင်သော ထုတ်ကုန်မျိုးကို လုပ်ဆောင်လျက်ရှိပါသည်။ လတ်တလော ကုမ္ဂဏီ၏ development မှာ ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် ငွေပေးချေခြင်းဆိုင်ရာတို့အတွက် သတ်မှတ်ပုံဖော်ထားသော ပထမဆုံးစည်းမျဉ်းဥပဒေဖြစ်သော erc 2o Token ကိုအခြေခံရေးဆွဲထားသည့် Everex.Cash Wallet Platform ကို Update လုပ်ခြင်းဖြစ်ပါသည်။

ဒီနေ့တွင် စောင့်မျော်နေသော product updates ကို ဂုဏ်ယူစွာဖြင့် ထုတ်ပြန်လိုက်ပါသည်။ ဒီ update မှာ Everex wallet ၏ အင်္ဂါရပ်များနှင့်လုပ်ဆောင်ချက်များကို အထူးအာရုံစိုက်ပြူပြင်ထားပါသည်။

What is new?

Everex wallet သည် ပထမဦးဆုံး KYC/AML ဥပဒေ ကိုလိုက်နာ ဆောင်ရွက်ထားသော blockchain နည်းပညာကို အသုံးပြုထားသည့် wallet ဖြစ်ပါသည်။ ရည်ရွယ်ချက်သည် digital transactions များကို ချောမွေ့လုပ်ဆောင်နိုင်အောင် ယခုနောက်ဆုံးပြုလုပ်ထားသည့် development နှင့် လိုအပ်ချက်များကို ဖြည့်စီးလုပ်ဆောင်ပါ့မည်။ အောက်ပါ အချက်များသည် ယခုလုပ်ဆောင်ထားသော wallet updates များဖြစ်ပါသည်။

Server ဖွဲ့စည်းပုံ နှင့် deployment process ကိုပြုပြင်ခြင်း

Frameworks, packages, toolkits များကို လဲ အဆင့်မြှင့်လုပ်ဆောင်ထားခြင်း

အခြား ဝန်ဆောင်မှုများကို refactoring လုပ်ဆောင်ထားခြင်း

ထိုင်းနိုင်ငံ နှင့်​ မြန်မာနိုင်ငံ​တို့၏ KYC (Know Your Customer) နှင့် AML (Anti-Money Laundering) ဥပဒေ တောင်းဆိုချက်များကို လိုက်နာ​ ထည့်သွင်းထားခြင်း

စည်းမျဉ်းစည်းကမ်းလိုက်နာမှု့များကို System မှ ကန့်သတ်ခြင်း၊ကန့်ကွက်ခြင်းများအား ထည့်သွင်းအဆင့်မြှင့်တင်ခြင်း

စီးပွားရေးလုပ်ငန်း လိုအပ်ချက်အသစ်အရ ဝန်ဆောင်ခနှင့် ကော်မရှင်ဖွဲ့စည်းပုံ အသစ်အဆင့်မြှင့်တင်ခြင်း

သုံးဆွဲသူ၏ အချက်အလက်များ နှင့်​ လျှို့ဝှက်နံပတ်သိုလှောင်ချင်းများကိုပြန်လည်လုပ်ဆောင်ထားခြင်း

ဥပဒေ စည်းမျဉ်းစည်းကမ်း နှင့်ပက်သက်ပြီး သတင်းပို့မှတ်တမ်းတင်ြခင်း

အချိန်နှင့်တပြေးညီscanလုပ်မည့် Ethplorer blockchain အသစ်ဖွဲ့စည်းပုံကို ကိုထည့်သွင်းမြှင့်တင်ခြင်း

 ငွေသားဈေးနှုန်းများစနစ်မြှင့်တင်လုပ်ဆောင်ထားခြင်းနှင့် ပံ့ပိုးသူပြောင်းလဲခြင်း

Mining လုပ်ဆောင်သော အခါအကာင်းဆုံး ဈေးနှုန်းဖြင့်လုပ်ဆောင်နိုင်ရန် GAS ဈေးနှုန်း အတက်အကျ များကို ထိမ်းသိမ်းဖို့ Dynamic Gas ဈေးနှုန်းကို ရေတွက်နိုင်သော ဝန်ဆောင်မှု့လုပ်ဆောင်ထားခြင်း၊ယခုအခါ Transactions အားလုံးသည် အသက်သာဆုံးဈေးနှုန်းဖြင့်​ အမြန်ဆုံးလုပ်ဆောင်နိုင်ြခင်း

ဝန်ဆောင်မှုစည်းမျဉ်းနှင့် ကိုယ်ရေးကိုယ်တာ policy များ update ပြုထားခြင်း

အခြား ပြောင်းလဲမှုများလဲ ပြုပြင်ထားပါသည်

ကျွနုပ်တို့ Everex ကနေ မှတ်ပုံတင် ထားသော သုံးဆွဲသူများ ၏ မှတ်တမ်းများ ပြန်လည်ပြုပြင်ဖို့၊ သုံးဆွဲသူ အသစ် များ ကိုလဲ application ကို သုံးဆွဲဖို့ ကြိုဆို ဖိတ်ခေါ်ပါသည်။

ပိုမိုကောင်းဆို သော အနာဂတ် ကိုဦးတည်ကြဆို့!

Everex.cash wallet သည် blockchain နည်းပညာကို အသုံးပြုပြီး  ဘဏ္ဍာရေးဝန်ဆောင်မှု့များ၏ မှန်ကန်သော စည်းမျဉ်း များ ကို လိုက်နာ ဆောင်ရွက်ထားသော application ဖြစ်ပါသည်။ဘဏ်အဆင့် KYC နှင့် ရှိးရှင်းသော user အသုံးပြု စံနစ်ပါဝင်၍ ၊ Everex ၏ digital assets လုပ်ငန်း မှ ရှိသော users များကို blockchain ငွေပေးချေခြင်း နည်းလမ်းဖြင့် ဘဏ်များ နှင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများ ချိတ်ဆက်ဖို့ရှိပါသည်။

ကျွန်ုပ်တို့ နှင့်ပူးပေါင်းဆောင်ရွက်ပြီးလုပ်ဆောင်မည့် လုပ်ငန်းများသည်မြန်မာနိုင်ငံမှ ရွေ ကျေးလက်နှင့် မြို့ဖွံဖြိုးတိုးတက်ရေးဘဏ် ဖြစ်ပြီး ထိုင်းနိုင်ငံမှ အကြီးဆုံး ထိုင်း ဘဏ်တစုဖြင့်ပါသည်။ ယခုလိုအရေးကြီးသည့် ဆက်ဆံရေးသည် အရှေ့တောင်အာရှနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းပြည်ပ ငွေလွှဲဝန်ဆောင်မှု့လုပ်ငန်းများတွင် Blockchain နည်းပညာများ အသုံးပြုခြင်းဖြင့် ဘဏ္ဍာရေးဆိုင်ရာ တိုးတက်မှု့အရာများမှာ အထောက်အကူ ဖြစ်စေပါသည်။

Everex Wallet အကြောင်း

Everex Wallet သည် ကမ္ဘာအနှံ မှာ လူဦးရေ သန်းပေါင်းများစွာ ကို ဘဏ္ဍာရေး ဝန်ဆောင်မှုများ ရရှိထောက်ပံနိုင်အောင် blockchain နည်းပညာ ကိုအခြေခံပြု ဦးဆောင်နေ သော application ဖြစ်ပါသည်။

User များသည် Everex wallet ဖြင့်

ဘဏ် အကောင့်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အခြားနိုင်ငံ ငွေကြေးအမျိုးမျိုးဖြင့် သို့မဟုတ် ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများဖြင့်ငွေလွှဲပို့နိုင်ခြင်း

Wallet ငွေသားဖြင့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှု များကို online မှတဆင့် တိုက်ရိုက် ပေးဆောင်နိုင်ခြင်း

တစ်ဦးချင်း နှင့် စီးပွားရေးလုပ်ငန်းများအတွက် ငွေသား settlement လုပ်ချိန် လျှော့ချပြီး၊ ငွေသား လဲလယ်ချင်းသို့ကို ပိုမို သက်သာ စွာ လုပ်ဆောင်ခြင်း

Everex Wallet သည် blockchain နှင့် Smart contract ခေါ်ဆိုသော နည်းပညာ ဖြင့် ငွေရေးကြေးရေးနှင့် ပတ်သက်သော စီးပွားရေး သမားများ အတွက် တစ်နိုင်ငံ မှ နောက်တစ်နိုင်ငံသို့ ပို့ဆောင်ခြင်း၊ ငွေသားလဲလှယ်ခြင်း၊ ကမ္ဘာအနံှံ့မှာရှိသော ငွေပေးချေမှုများကို အချိန်အတို အတွင်း၊ ဈေးနှုန်းချိုသာ စွာဖြင့် သုံးဆွဲနိုင်သော Wallet ဖြစ်ပါသည်။ Everex Wallet သည် Ethereum blockchain ပေါ်တွင်တည်ဆောက်ထားပြီး၊ အခြားငွေကြေးမျိုးစုံကို ငွေသား stable coin များနှင့်  digital asset အဖြစ်ထိန်းသိမ်းနိုင်ရန်ရေးဆွဲထားခြင်းတို့ဖြစ်ပါသည်။ Transaction ငွေမှတ်တမ်းများကိုလည်း Ethplorer.io သို့မဟုတ် အခြား Ethereum block explorer မှာလဲကြည့်ရှုနိုင်ပါသည် ။

Everex Wallet သည် ရှေးရိုးငွေပေးချေ စနစ် settlement အချိန်ကို ပိုမို  မြန်ဆန်အာင် လုပ်ဆောင်ပေးရုံမက အခြား Fiat ငွေသား များ ကို digital asset များနှင့် လွယ်ကူ အဆင်ပြေ စွာ ရရှိနိုင်ဖို့ လုပ်ဆောင်ထားပါသည်။ 

https://everex.cash မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Report Page