EngSetout_with_Pete (Ep 2️⃣)
Little Lighthouseနားထောင်ခြင်းနှင့် သင်ယူခြင်း
နားထောင်ခြင်းစွမ်းရည်ဆိုတာ အင်္ဂလိပ်စာမှာ အလွန်အင်မတန်အရေးပါတဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။ အင်္ဂလိပ်စာမှာ listening ကို မပိုင်ဘူးဆို ဘိုလိုမှုတ်ရတဲ့ verbal discussion session တွေမှာလည်း အားနည်းမှုတွေရှိနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ Little Lighthouse ရဲ့ အတော်ကြာမှ ပြန်လာတဲ့ EngSetout_with_Pete Ep.2 မှာ listening နဲ့ပတ်သက်တဲ့ tip sharing အပြင်ကိုမှ listening ဆိုတော့ movie, youtube channel လေးတွေကို ပြန်ပြီး recommend ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးထိဖတ်ပေးကြပါဦးနော်။

စလေ့လာမယ်ဆို vocab ကစ 🫵🏼
ဒါနဲ့သတိထားမိကြလား ကျွန်တော်တို့ အင်္ဂလိပ်စာကို ပထမဆုံးစလေ့လာတုန်းက listening skill က လုံးဝရှိတယ်လို့ပြောလို့မရပါဘူး။ ငယ်ငယ်လေးကတည်းက နားရည်ဝနေတဲ့ကလေးတွေက လွဲရင် ကျန်တဲ့သူတွေကတော့ zero ကနေ ပြန်စရတာပါ။ zero ကနေစတယ်ဆိုတာ basic beginners level ဝေါဟာရစကားလုံးတွေကို တစ်လုံးချင်းစီ အသံထွက်ကအစ မှန်အောင်ကျက်မှတ်တာကစရတာပါ။ ဒီလိုကျက်မှတ်တာက listening skill ကို လှေကားတစ်ထစ်ချင်းစီ ဖြည်းဖြည်းလေး တက်သလိုမျိုး စကားလုံးတစ်လုံးစီရဲ့ အသံထွက်တွေကို ကြားလိုက်တာနဲ့ ဘာအဓိပ္ပာယ်မှန်းသိအောင် ကျင့်လိုက်တာပါပဲ။ အဲ့လိုကနေပဲ convo တွေမှာ တစ်ဖက်သူက ဘာပြောလဲဆိုတာသိနိုင်တာပါ။ အဲ့တော့ ဒီ skill ကျင့်မယ်၊ ဘယ်ကစရမယ်မှန်းမသိဘူးဆို vocabulary တွေ များများကျက်မှတ်လေ့လာတာက စပါလို့ပဲ အကြံပေးချင်ပါတယ်။ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ဆိုသလို အင်္ဂလိပ်စာလေ့လာရမှာ စိတ်ရှည်ဖို့လည်းမှာချင်ပါတယ်နော်။

စာအုပ်မဖတ်နဲ့။ ဇာတ်ကားများများကြည့် 🫵🏼
နည်းနည်းတော့ ဒီစာရေးတဲ့သူက ဘာလဲဟ လို့ဖြစ်သွားမယ်ထင်ပါတယ်။ ဒါပေမဲ့ Eng listening skill ဆိုတာ အမြင်အာရုံနဲ့ ရသ ယူတာထက် အကြားအာရုံနဲ့ ရသ ယူရတဲ့ စွမ်းရည်တစ်ခုပါ။ အဲ့လိုစွမ်းရည်မှာ ထူးချွန်နေဖို့ဆိုရင် အင်္ဂလိပ်စကားပြောဇာတ်ကားတွေ၊ လူမှုကွန်ရက်စာမျက်နှာပေါ်က အင်္ဂလိပ်စကားပြော ဗီဒီယိုတွေ များများကြည့်ဖို့လိုပါမယ်။ ဒီနေရာမှာ ကြည့်မယ်ဆို တကယ့် native အသံထွက်မှန်တဲ့သူရဲ့ ဗီဒီယိုတွေကို ကြည့်တာကို ပိုအားပေးပါရစေ။ ဒါမှသာ တစ်ခါတည်း မှန်ကန်တဲ့အသံထွက်ပါစွဲနေအောင်မှတ်မိပြီး ကိုယ်က convo တည်ဆောက်ရာမှာ ပြန်သုံးနိုင်တာမို့ပါ။ ကိုယ်က beginner levell ဆိုရင် subtitles ကို ခဏတာဖွင့်ထားတာကိုပဲ အကြံပြုချင်ပါတယ်။ နောက်ပိုင်းတော့ ပိတ်ပြီး ကြည့်နိုင်အောင်ကြည့်ပါ။ ဒီလိုမျိုးလုပ်မှသာ ကိုယ်က နားယဉ်လာပြီး သူတို့ပြောတာကို visualize လုပ်နိုင်မှာပါ။ ကိုယ်ကရည်းစားရှိတဲ့သူဆို ရည်းစားလေးနဲ့ စကားပြောရင်း နားထောင်စွမ်းရည်ပါကျင့်လို့ရပါတယ်။ အက်မင်ကတော့ မရှိလို့ ဒီလိုပဲလေ့ကျင့်ရတာပါ။ 😭
Bonus Tip : ကိုယ်က level တစ်ခုရောက်လာပြီ၊ accent ပိုင်းကို ခပ်မိုက်မိုက်လေးဖြစ်အောင် British/Irish/Scottish အဲ့လိုမျိုးပိုင်းသွားချင်တယ်ဆိုရင်တော့ ကြည့်မယ့်ဗီဒီယိုကိုကိုပါ ကိုယ့်ပြောချင်တဲ့ accent ပါတဲ့ ဗီဒီယိုရွေးကြည့်ပါလို့ ပြောချင်ပါတယ်။ ဒါမှသာ လေယူလေသိမ်းကို ကိုယ့်ဦးနှောက်က synchronize လုပ်နိုင်ပြီး adapt လုပ်နိုင်မှာပါ။ ဒါကလည်း မင်မင်ချောလေးရဲ့ လက်တွေ့ပါနော်။
ပြီးတော့ accent တွေကို stress sound, syllables, phonetics တွေနဲ့ လေ့ကျင့်လို့လည်းရပါတယ်။ ဒါပေမဲ့ မင်မင်ချောကတော့ ဉာဏ်ရည်နိမ့်ပါးလို့လားမသိပါဘူး၊ အဲ့လို practice လုပ်တာတွေမှာ အဆင်မပြေခဲ့ပါဘူး 😔

သီချင်းနားထောင်ရင်ကော ?
သီချင်းနားထောင်ရင်းလည်း listening skill ကို တိုးတက်အောင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ မင်မင့်အတွေးအရတော့ ဒါကို beginner guide အနေနဲ့ မထည့်ပေးသင့်တယ်မထင်ပါဘူး။ ဘာလို့ဆို level တစ်ခုရောက်နေတဲ့ မင်မင်တောင် သီချင်းကို နားလည်အောင် lyrics ဖွင့်ကြည့်ရတဲ့အနေထားမှာရှိလို့ပါ။ 🥲 အဲ့တော့လေ့ကျင့်ချင်တယ်ဆိုရင် try လို့ရတဲ့ option အနေနဲ့ ရှိပါတယ် ဒါပေမဲ့ သီချင်းပေါ်မူတည်ပြီး challenging ဖြစ်မယ်လို့ထင်ပါတယ်။
ကဲ စာလည်းရှည်လျားထွေပြားနေပြီဆိုတော့ ဒီ ep ကို ဒီလောက်နဲ့ပဲ ရပ်ပါရစေ။ နောက်တစ်ခေါက်မှာလည်း ဒီထက်ကောင်းတဲ့ အင်္ဂလိပ်ဆိုင်ရာဆောင်းပါးတွေနဲ့ ပြန်လာခဲ့ပါ့မယ်။ Stay Safe, Everyone! ❣️
#little_lighthouse
#EngSetout_with_Pete
#English
#language
#beginner