EngSetOut_with_Pete (Ep 1️⃣)
Little Lighthouse👨🎓အင်္ဂလိပ်စာစွမ်းရည် ထိန်းသိမ်းခြင်းအနုပညာ

ကဲ အခုစာဖတ်နေတဲ့သူတွေထဲမှာ eng level မြင့်မြင့်ရှိနေပြီး ကိုယ့်ဘာသာကိုယ် တိုးတက်အောင်စာလုပ်ဖို့လိုနေသေးတယ်လို့ တွေးနေတဲ့သူတွေရှိလား။ ☹️ ဒါမဟုတ် level တက်လိုက်ကျလိုက်ဖြစ်နေလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့သူတွေကောရှိလား။ 👨 ဒါဆိုရင်တော့ ဒီ post လေးက သင်တို့အတွက်ပါပဲ။😉🫰
ကျွန်တော်ကိုယ်တိုင်လည်း အင်္ဂလိပ်စာကို ရေရှည်လေ့လာလာတဲ့သူဖြစ်တဲ့အလျောက် တစ်ပတ်လောက်စာမလုပ်လိုက်တာ နဲ့ ငါ eng skill ကျသွားပြီ ဆိုတဲ့ အတွေးအမြင်ဆိုးကြီးတန်းဝင်လေ့ရှိပါတယ်။ 🫠
ဒါဆို အဲ့လိုရထားတဲ့ eng level ကို မဆုံးရှုံးသွားရလေအောင် ဘယ်လိုမျိုး maintenance တွေလုပ်လို့ရမလဲဆိုတာကို မင်မင်ချောချောလေးကနေပြီး လေ့လာထားတဲ့ ဝေါဟာရအသစ်တွေထိန်းသိမ်းနည်းကို သေချာပြောပြပေးမှာမို့ အဆုံးထိဖတ်ရှုပေးပါဦးနော်။ 🫶🏼
📘ကိုယ်ပိုင်ဝေါဟာရစာအုပ်ဖန်တီးခြင်း
💁🏻♂️စာဖတ်တဲ့သူတွေထဲမှာ ကိုယ်က ဒီဝေါဟာရတွေ၊ သဒ္ဒါလေ့ကျင့်ခန်းတွေအများကြီးလုပ်ထားတယ်၊ ဒါပေမဲ့ လေ့လာထားသမျှ နောက်နေ့ဆို မေ့သွားတဲ့သူတွေအများကြီးရှိမှာပါ။ ဒီလိုမျိုးဖြစ်နေကျဆိုရင်တော့ တစ်နေ့ကို အချိန် ဆယ်မိနစ်လောက်ပေးပြီး လေ့လာထားသမျှ စာပြန်လုပ်သင့်ပါတယ်။ ဒီလိုမျိုးလုပ်ဖို့အတွက် vocabularies တွေ၊ grammar pattern တွေ သီးသန့်စုထားတဲ့ စာအုပ်တစ်အုပ် ဖန်တီးထားတာအကောင်းဆုံးပါပဲ။ ⏰စာလုပ်တဲ့အချိန် ဆယ်မိနစ်ဆိုတာ အချိန်တိုလေးဆိုပေမဲ့ ကိုယ်က ပထမတစ်ခေါက် စာလုပ်ထားပြီးသားမို့ scan လုပ်လိုက်တာနဲ့တင် လေ့လာထားသမျှကို recall လုပ်နိုင်မှာပါ။ ကိုယ်က လေ့လာထားသမျှ ဝေါဟာရတွေကို ပြန်ပြီး အသုံးချတတ်ဖို့လည်းလိုအပ်ပါသေးတယ်နော်။ ကောင်မလေးနဲ့ ဘိုလိုပြောလေ့ကျင့်ရမှာ ကိုယ်လေ့လာထားတဲ့ စကားလုံးအသစ်တွေကို သုံးတာပဲဖြစ်ဖြစ်၊ ကိုယ်နဲ့အမြဲလိုက်ပြိုင်ဆိုင်နေတဲ့ အမျိုးဆွေမျိုးတွေကို ကြွားချင်တာပဲဖြစ်ဖြစ် လေ့လာထားသမျှကို ထုတ်သုံးသင့်ပါတယ်နော်။ ဒီလိုထုတ်သုံးမှသာလျှင် ကိုယ်လေ့လာထားသမျှ သင်ခန်းစာတွေဟာ အလဟဿမဖြစ်ဘဲ အမြဲတမ်း ခေါင်းထဲစွဲနေမှာဖြစ်ပါတယ်။ ဒါ့အပြင် email ပို့တဲ့အချိန်ဖြစ်စေ၊ writing exercise လုပ်တဲ့အချိန်ဖြစ်စေ မိမိဖန်တီးထားတဲ့ ဝေါဟာရပေါင်းချုပ် စာအုပ်ကို ပြန်ဖွင့်ပြီး ဘယ်လိုစကားတွေသုံးသင့် မသုံးသင့် ချင့်ချိန်ပြီးရေးတာမျိုးကလည်း ကိုယ့်ရဲ့ မှတ်သားနိုင်စွမ်းအပြင် word choice quality ကိုလည်း မြင့်စေနိုင်ပါတယ်။ 💯
📗ရုပ်မြင်သံကြားကတစ်ဆင့်လေ့လာမယ်
💁🏼ကျွန်တော်တို့ facebook ပဲဖြစ်ဖြစ် youtube ပဲဖြစ်ဖြစ် social media platform တစ်ခုခုမှာ အချိန်ဖြုန်းများကြပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်ဖြုန်းရင်းစာလေ့လာနိုင်တယ်ဆိုရင်ကော စိတ်ဝင်စားကြလား။ ကျွန်တော်တို့တွေ အင်တာနက်ပေါ်မှာ အင်္ဂလိပ်စာအသားပေး ဗီဒီယိုတွေ ပို့စ်တွေမှာ စကားလုံးအသစ်တွေ အနည်းဆုံးတစ်လုံး သို့မဟုတ် နှစ်လုံးလောက်တော့ တွေ့မိကြမှာပါ။ ဒီလိုမျိုးတွေ့မိတယ်ဆိုရင်တော့ သင့်အနေနဲ့ တစ်နေရာရာမှာ ချမှတ်ထားလိုက်တာက သင့်အတွက် အကျိုးရှိစေမှာပါ။ 📝 ဒီလိုချမှတ်ခြင်းအားဖြင့် သင့်အတွက် အကျိုးရှိစေသလို သင်စာလုပ်တဲ့အချိန်မှာ ထိုစကားလုံးများရဲ့ အဓိပ္ပာယ်ကို ရှာယူမှတ်သားခြင်းအားဖြင့် သင့်ရဲ့ စကားလုံးကြွယ်ဝမှုကိုအထောက်အကူပြုစေမှာ ဧကန်အမှန်ပါပဲ။ 💯
📙စာအုပ်စာပေ လူ့မိတ်ဆွေ
ကဲ သင်တို့ဟာ စာရေးရာမှာ ဝေါဟာရမြင်မြင့် advanced words တွေသုံးပြီး formal writing ကို မွှန်နေအောင် ရေးချင်ပါသလား။ 🤔
ဒီလိုမျိုးရေးချင်တယ် ဆိုရင်တော့ စာအုပ်များများဖတ်ဖို့ လိုအပ်ပါလိမ့်မယ်။ 👨🏻🔧အင်္ဂလိပ်ဝတ္ထုတွေကို ဖတ်ရှုခြင်းအားဖြင့် စာရေးသူက ဘယ်လိုမျိုးအပိုင်းမှာ ဘယ်လို grammar pattern သုံးပြီးဘယ်လိုကွပ်ရေးတယ်ဆိုတာတွေ၊ ဘယ်လိုမျိုး ဝေါဟာရမြင့်မြင့်ကိုသုံးပြီး ရေးထားလဲဆိုတာတွေကို တစ်နေရာတည်း ဖတ်ရှုရမှာမို့ ဖတ်လျှင်တောင် အရှုံးရှိမှာမဟုတ်ပါဘူး။ စာဖတ်သူအနေနဲ့ ဖတ်ရင် ဖတ်သလောက် အင်္ဂလိပ်စာစွမ်းရည်အပြင် သုတနဲ့ အနုပညာခံစားခွင့်ပါ တစ်ခါတည်းရရှိနိုင်တာမို့ ကိုယ်က စာအုပ်ဖတ်မယ်ဆိုရင် စာအုပ်မရွေးဘဲ ဖတ်ရှုဖို့ အကြံပြုချင်ပါတယ်။ 💯
ဒီလိုမျိုးသာလေ့လာမယ်ဆိုရင် သင့်ရဲ့အင်္ဂလိပ်စာစွမ်းရည်လည်း ဓားသွားလိုပိုချွန်ထက်လာမယ်လို့ ယုံကြည်ပါတယ် 🫰
👨🏻🚀ကဲ စာလေ့လာဖို့ အကြံဉာဏ်တွေ ပေးထားပြီးပြီဆိုတော့ စာလုပ်လို့ရမယ့် resource တွေ တစ်ပါတည်း comment မှာ ထပ်ဆောင်းညွှန်းပေးမှာမို့ ဒီ post ကို ကြိုက်တယ်ဆိုရင် like & share လေးလုပ်ပေးဖို့ အကြံပြုရင်း ဒီမှာပဲ ရပ်နားပါရစေ။ stay tuned, everyone! 🙆🏻♂️🙆🏻♀️
#EngSetOut_with_Pete
#English
#Self-Study
#LittleLighthouse
#Language