Email နဲ့ Gmail အတူတူပဲလား?
“ဒစ်ဂျစ်တယ် နဂ္ဂတစ်များ “
ငါ့နှယ်နော်..Gmail နဲ့ Email တူသလားတဲ့…
အရပ်တို့ရေ ကယ်ကြပါဦးဗျို့....
ငါ့သမီးလေး တက္ကသိုလ်ကျောင်းလေးတက်ပြီး လှလှပပ ကျော့ကျော့ရွရွလေးဆိုတော့ ကိုယ့်မယ် အပေါင်းသင်း ရောင်းရင်းတွေကြား ကြွားလိုက်ရတာ ဖတ်ဖတ်ကိုမောလို့…
ဒင်းလုပ်ချလိုက်ပုံကဒီလို…ဖြစ်ပုံကို အင်ထရိုခင်းရမယ်ဆိုရင်တော့..
ဘယ်နှယ့်...ကိုယ့်ရဲ့ ငယ်ငယ်တည်းက ပြိုင်ဘက်ဆိုလည်းသူ...ရည်းစားလုဖက်လည်းဖြစ်တဲ့ ဘိုရူးရူးနေတဲ့ ကတ်သရင်းရဲ့ ရှေ့မှာမှ ကျားရှေ့မှောက်ရက်လဲ ဆိုသလိုမျိုးပေါ့...
ကတ်သရင်းနဲ့ ငယ်ငယ်က ပြိုင်ဘက်ဆိုပင်မယ့် အသက်တွေလည်းအိုပြီမို့ အာဃာတတွေခဝါချပြီး ပြန်လည်သင့်မြတ် ငြိမ်းချမ်းရေးရအောင် လုပ်ထားလေတော့ ငြိမ်းချမ်းရေးကို အရှိန်မြှင့်တဲ့ အနေနဲ့ သားနဲ့ သမီးကိုလည်း မြန်းမယ်ပေါ့....သူတို့ကလည်းခေတ် လူငယ်သာဆိုတယ်..လူကြီးရှာပေးတော့လည်း မငြင်းရှာဘူးလေ....
တစ်နေ့တော့ မင်္ဂလာဆောင်ကိစ္စ တိုင်ပင်ဖို့ ကတ်သရင်းဆီ ရောက်သွားရော..ကတ်သရင်းရဲ့ထုံစံအတိုင်းဘိုသံလေး ကြားရပါရော....
ကတ်သရင်း။ ။ ယူတို့ရောက်လာအတော်ပဲ...အိုင်လည်းတိုင်ပင်စရာရှိတယ်..အိုင့်သားက မင်္ဂလာပွဲအတွက် ဝတ်ချင်တဲ့ပုံစံ..ခန်းမအပြင်အဆင်တွေကို သူ ယူ့သမီးကို Gmail ပို့ပေးချင်လို့တဲ့...ယူ့သမီး Gmail အကောင့်ရှိလား..?
သမီးဖြစ်သူ။ ။ အူတူတူ မျက်နှာလေးနဲ့...သမီးအရင်တုန်းကတော့ Email ဆိုလား ဘာဆိုလား သူများဖွင့်ပေးတဲ့ဟာတော့ရှိတယ်...ဒါနဲ့ အန်တီ Gmail နဲ့ Email အတူတူပဲမှတ်လား..အဲ့တစ်ခုပဲပေးလိုက်မယ်လေ....
ကတ််သရင်း။ ။သမီးရယ်..ယူ ဘယ်ခေတ်မှာနေနေတာလဲ? အိုင်တောင် ယူ့ထက်ခေတ်မီတယ်ဆိုရမယ်..ယူ့မာမီလည်း ရှင်းသွားအောင် အိုင်ကပဲ ပြောပြရတော့မှာပေါ့…
ကတ်သရင်းဆိုသည်မှာက ဆရာမကြီးလေသံစပြီး … Email Vs Gmail တရားကို ဟောတော်မူတယ်..
အီးမေ(လ်) ဆိုတာက Electronic Mail ကိုပြောတာ ယူရဲ့။ Electronic Mail ဆိုတာကတော့ ယူတို့ အိုင်တို့ ငယ်ငယ်က တုန်းက ရည်းစားစာပေးသလို စာရွက်နဲ့မဟုတ်တော့ ပဲ အီလထရွှန်နစ်ကို ကြားခံအဖြစ်သုံးပြီး အင်တာနက်ကနေ တစ်ဆင့်...ပေးပို့တဲ့ စာပို့စနစ်ပါပဲ..လွယ်လွယ်ပြောရရင်တော့ ဓါတ်စာပေါ့.....ဒါပေမယ့် စာတင်မဟုတ်ပဲ ဓါတ်ပုံတွေ..ဗီဒီယိုတွေ..အသံဖိုင်တွေလည်းပေးပို့ရတယ်....
အီလထရောနစ်ကို အခြေခံပြီး ပေးပို့ရတဲ့ Mail တိုင်းကို Email လို့ခေါ်လို့ရတယ်..Gmail ကလည်း Email ပဲလေ..သူလည်း Electronic ကိုကြားခံပြီးသုံးရတာပဲ.. သို့ပေမယ့် Google ကုမ္ပဏီက လုပ်ထားလို့ Gmail လို့ခေါ်တာ...Gmail သုံးတဲ့သူတစ်ယောက်ရဲ့အကောင့်နောက်မှာ @gmail.com ဆိုပြီးပါတာလေ…
Yahoo ဆိုလည်း Electronic mail ပဲလေ..သူလည်း electronic ကြားခံရတာပဲလေ..ဒါပေမယ့် နောက်မှာ @yahoo.com ဆိုပြီးပါတယ်.. Yahoo ကုမ္ပဏီကပေးထားတဲ့ Service မို့သမီးရေ…..

အဲလိုပဲ တစ်ခြား Service တွေလည်းအများကြီးရှိတယ်.
ယူ..အန်တစတမ်း....နားလည်ပြီမလား...?
ဒါနဲ့ပဲ ကတ်သရင်းရဲ့ တရားတော်နာရင်း သမီးတော်ကို ထုချင်တဲ့စိတ်တွေနဲ့ ပဲ အိမ်ပြန်ခဲ့ရတယ်....ကိုယ့်လူတို့ရေ....
ဒီလိုအမှားမျိုးက လူတော်တော်များများ ဖြစ်တတ်တယ်ကိုယ့်လူတို့ရေ
နွေဦးရောင်းရင်းတို့လည်း အဲ့လို Email နဲ့ Gmail အတူတူပဲလားဆိုပြီး ၂၀၂၂ မှာမမေးကြေးနော်....မသိတဲ့အချိန်ကိစ္စမရှိပေမယ့် ..သိသွားပြီဆိုရင်တော့ မမေးရတော့ဘူးနော်...မဆိုးနဲ့...
အရင်တုန်းက Email နဲ့ Gmail အတူတူပဲဆိုပြီး မှတ်ခဲ့တယ်မလား?.....Comment မှာဖြေခဲ့ပါဗျို့..
#digitalmishaps