Elle Men interview with NET
netsiraphopmyanmar
ပိုမိုပြင်းထန်လာတဲ့ထိ အတွေ့အကြုံကို မွေးမြူပြီး စိတ်အားထက်သန်တဲ့ လူငယ်သရုပ်ဆောင်ကတော့
'လူတွေက တစ်ခုခုလုပ်ဖို့ စိတ်ကူးထားရင် ငါတို့လုပ်နိုင်တယ်' ဆိုတဲ့ ဇာတ်ရုပ်များစွာကို သရုပ်ဆောင်ဖူးတဲ့ Net-Sirapop Manithikhun ပါ။
ဒီနေ့မှာတော့ ELLE MEN က ဒီမင်းသားကို ဖိတ်ခေါ်လိုက်ပါတယ်။ သူ့ဘဝအကြောင်း သူ့ဘဝရဲ့ ရှုထောင့်မျိုးစုံကို ပြောပြဖို့ အဆင်သင့်ပါပဲ။
သရုပ်ဆောင်ရတာ ဝါသနာပါတာကို သိလိုက်ရတဲ့ အချိန်က ဘယ်တုန်းကလဲ။
❝ ဒါကို ငယ်ငယ်ကတည်းက သိခဲ့တာ။ အထက်တန်းကျောင်း ၂ တန်းကနေ ၃ တန်းလောက်မှာ ရုပ်ရှင်ရိုက်ခွင့်ရခဲ့တယ်။ အဲဒီတုန်းက သရုပ်ဆောင်ရတာ ကြိုက်တယ်ဆိုတာ ချက်ချင်းသိတယ်။ ဒါပေမယ့် အလှည့်အပြောင်းတစ်ခုတော့ ရှိခဲ့ဖူးတယ်။ ရုပ်ရှင်တွေ အများကြီးရိုက်နေတဲ့အချိန်က ကျွန်တော့်ဘဝထဲက တစ်ခုခုလွဲနေသလို ခံစားရတယ်။ ဒါနဲ့ စာပြန်သင်ဖို့ ပဲခွင့်တောင်းခဲ့တယ်။ နိုင်ငံခြားမှာ ဘွဲ့ရပြီးတော့ သရုပ်ဆောင်နယ်ပယ်ထဲ ပြန်ဝင်ဖို့ အခွင့်အရေးတွေ ရခဲ့တယ်။ အဲဲတာက ခံစားချက်ဟောင်းတွေကို ပြန်ရစေတယ်။အဲဒါက ကျွန်တော်တို့ ဖျော်ဖြေမှုကို တကယ်သဘောကျကြောင်း ယုံကြည်စေခဲ့တဲ့ အချက်ပါ။❞
နောက်ပရောဂျက်စာရင်းကကော ခုဘာအလုပ်တွေ ရိုက်ကူးနေလဲ။
❝လက်ရှိမှာတော့ 'ZOMVIVOR ၊ သိပ္ပံနဲ့ ရောစပ်ထားတဲ့ ဒရာမာစီးရီးတစ်ခု ရိုက်ကူးနေပါတယ်။ သရုပ်ဆောင်ထက်ဝက်ကျော်လောက်က DoMunDi ကပါ ဇာတ်လမ်းတည်ထားတဲ့နေရာက တက္ကသိုလ်မှာပါ earth နေရာကကျွန်တော်သရုပ်ဆောင်ထားပါတယ်။ ကာယပညာဦးစီးဌာနက ကျောင်းသားလေးပေါ့ ၊ ရထားတဲ့ ဇာတ်ကောင်တွေက သမားရိုးကျမဟုတ်ဖူး။ နောက်ထပ်ဇာတ်လမ်းကတော့ Dumandi ကပဲ bl series Love Upon a time ပါ ဒါ့အပြင် dangerous boys 2 နဲ့ the legendary seven ဇာတ်ကားများလည်း ရှိပါသေးတယ်❞
ဒီလောက်အလုပ်တွေ အများကြီးလုပ်ရင်း ဘ၀မှာ ဟန်ချက်ညီအောင် ဘယ်လိုနေမလဲ။
❝အရင်တုန်းကဆိုရင် အလုပ်က စောစောပြန်ရင်တောင် အိပ်မပျော်ဘူး။ ငါဘယ်လောက်အလုပကြိုးစားခဲ့တယ်ဆိုတာမသိရမချင်း။ နောက်ကျမှ အိပ်တာလောက် ခန္ဓာကိုယ်က မပင်ပန်းတဲ့အတွက် နောက်ပိုင်းမှာ အချိန်တွေ ပိုခွဲဝေပေးရပါမယ်။ ခန္ဓာကိုယ်က မခံနိုင်ဘူးလို့ အချက်ပြရင် အနားယူပါ။ အတင်းဖိအားမပေးပါနဲ့။ အစားအသောက်နဲ့ အိပ်စက်ခြင်းအလေ့အထကို ညှိယူပါ။ ဘဝကို အကန့်အသတ်တခုထားပြီး ဖြတ်သန်းပါ။ အားလပ်ချိန်တိုင်း လေ့ကျင့်ခန်းလုပ်ပါ။မဟုတ်လည်း သရုပ်ဆောင်၊ အက၊ သီချင်းဆိုတာအပါအဝင်၊ နယ်ပယ်များစွာမှာ ကျွမ်းကျင်မှုမြှင့်တင်ဖို့သင်ယူတယ်။မကြာသေးမီကဆို တရုတ်စာသင်ဖြစ်တယ် ဘာလို့လဲ ဆိုတော့ တရုတ်ပရိသတ်တွေနဲ့ နားလည်မှု ပိုရှိစေချင်လို့ပါ။ တစ်ခါတလေပရိသတ်တွေက ထိုင်းစကားတတ်အောင် တတ်ဖို့ ကြိုးစားတာတွေတွေ့တယ်။
ဒါက အရမ်းချစ်စရာကောင်းတယ်လို့ မြင်ပါတယ်။ အနာဂတ်မှာ Fan Meeting လိုမျိုး ပရောဂျက်တစ်ခု အတူတူလုပ်ခွင့်ရရင် ပျော်စရာကောင်းမှာပါ။❞
တိုးတက်လိုသော အခြားအရည်အချင်းတွေ ရှိလား။
❝သီချင်းဆိုတာ၊ ကခုန်တာ ၊ စကားပြောတာပါ။ စကားပြောတတ်ဖို့က အရမ်းအရေးကြီးတာမို့ နေ့စဉ်ဘဝနဲ့ အလုပ်မှာလည်း အသုံးပြုနေရတာပဲလေ။ ဘာလို့လဲ ဆိုတော့ နက် က စကားပြောမြန်သူ မို့ စကားပြောမြန်လွန်းလို့ သူဘာတွေပြောနေမှန်းကို မသိတော့ဖူးဆိုသလိုမျိုး။ သမိုင်းဇာတ်လမ်းတွဲLove Upon a timeမှာလည်သရုပ်ဆောင်ရမှာဆိုတော့ စကားပြောတဲ့ပုံစံကို ညှိပေးရမယ်။ အရှိန်လျှော့ဖို့ ကြိုးစားရမယ်။ ရှေးခေတ်တုန်းက လူတွေပြောခဲ့တဲ့ပုံစံနဲ့ တူအောင်လေ။ သီချင်းဆိုပီးကတာအတွက်ကတော့ ဖျော်ဖြေပွဲမှာ ဖျော်ဖြေတဲ့အခါအသုံးချရပါမယ်❞
အလုပ်၊ အချစ်နဲ့ မိသားစုကို ဘယ်လို ဦးစားပေးမလဲ။
❝လောလောဆယ်တော့ အလုပ်ကိုပဲ အရင်လုပ်တယ်။ ကျွန်တော်က ကျွန်တော့်ကို အမြဲအားပေးနေတဲ့ မိသားစုကလာတာပါ။ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြတယ် ၊ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီကြတယ် ၊ တစ်ယောက်ကိုတစ်ယောက်ဘယ်တော့မှ မထားခဲ့ကြဖူး ။ ဘာမဆိုကြိုးစားကြည့်ချင်တယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ လောလောဆယ်တော့ ထိန်းထားရဦးမယ်။ ဘာလို့လဲဆိုတော့ ခေါင်းထဲ အလုပ်တွေပဲပြည့်နေသေးလို့ အလုပ်ကိုပဲ အာရုံစိုက်ချင်ပါတယ်။❞
နက်ဆိုတာ ဘယ်လိုလူလဲ။ ကိုယ့်ကိုယ်ကိုယ်သင် သတ်မှတ်ပြပါလား
❝ကျွန်တော်က ဖော်ရွေတဲ့သူပါ။ သိတဲ့ သူတိုင်းက ကျွန်တော်က အရင် ချဉ်းကပ်တဲ့သူဆိုတာ သိကြတယ်။ သူငယ်ချင်းအသစ်တစ်ယောက် အဖွဲ့ထဲဝင်လာရင် အရမ်းကြိုဆိုတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က တခြားလူတွေကို ဂရုစိုက်ရတာကြိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ ခံစားချက်တွေကို အရမ်းဂရုစိုက်တယ်။ သူငယ်ချင်းတွေကို ရာနှုန်းပြည့်ပေးဆပ်ထားတာ ၊ နေရာတိုင်းတူတူသွား ၊ အလွယ်တကူစားကြ နေထိုင်ကြနဲ့ပေါ့❞
ဒီနေ့ခေတ် သရုပ်ဆောင်တွေက ဆိုရှယ်မီဒီယာပေါ်အတော်လေး အက်တစ်ဖြစ်နေရမယ် ဒီအပေါ် ဘယ်လိုထင်လဲ။
❝ကျွန်တော်ဟာ ဆိုရှယ်မီဒီယာ ပုံမှန်သုံးတဲ့ အထီးကျန်သူတစ်ယောက်ပါ။ တစ်ခါတလေ အရမ်းများနေသလို ခံစားရပေမယ့် ပရိသတ်တွေ ငြီးငွေ့သွားမှာ ကြောက်တယ်။ ဒါပေမယ့် ကျွန်တော် အားလပ်ချိန်မှာတော့ ကျွန်တော်လိုက်ဖ်လွှင့်ပြီး ပရိသတ်တွေနဲ့ စကားပြောတယ်။ အများစုကတော့ညဘက်မှလွှင့်ဖြစ်တယ်။ အထီးကျန်မှုကို အများကြီး သက်သာစေလို့ပါ။❞
❝နက်ရဲ့ ပျော်ရွှင်မှုက ကြောင်တွေပါ။ နက်မှာ 'ChuChu' နဲ့ 'Dollar' ဆိုတဲ့ ကြောင်နှစ်ကောင်ရှိတယ် အလုပ်ကပြန်လာလို့ ပင်ပန်းတဲ့အခါ အနားမှာ ကပ်ချွဲတဲ့ သားလေးနှစ်ယောက်နဲ့ အချိန်ဖြုန်းဖြစ်တယ်။ မိသားစုဝင်တွေနဲ့လည်းး အတူနေတယ်။စိတ်သက်သာရာရစေလို့
ကျွန်တော့်ကို အားပေးတဲ့သူတွေက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်။❞