Edward Snowden

Edward Snowden

ကြည့်..ကြည့်..ကြည့်




Edward Snowden လိုပြောလိုက်ပြီဆိုတာနဲ့ လူတစ်ချို့က သစ္စာဖောက်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ပစ်သွင်းလိုက်ကြပြီးတော့ တစ်ချို့အတွက်ကကျတော့ သူရဲကောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ သိထားခြင်းခံရသူပဲဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း Edward Snowden ကတော့ လက်ရှိအနေအထားမှာတော့ Russia နိုင်ငံ မှာတိမ်းရှောင်နေရတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Oliver Stone ကရိုက်ကူထားတာဖြစ်ပြီးတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ “The Snowden Files” ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ Snowden ကတော့ Computer Security Consultant တစ်ယောက်ပဲဖြစ်သလို CIA နဲ့ Dell မှာ အလုပ်လုပ်ပြီးတဲ့ နောက်ပိုင်း NSA (National Security Agency အလုပ်လုပ်ဖို့  ၂၀၁၃ ခေါ်ယူခံခဲ့ရသူလည်းဖြစ်ပါတယ်…


အလုပ်တွေကို လုပ်နေရင်းနဲ့ မှာ လူတွေတစ်နေ့နေ့ အသုံးပြုနေတဲ့ တောင်လိုပုံပြီးရှိနေတဲ့ Data အမျိုးအစားပေါင်းစုံ ဒစ်ဂျစ်တယ် ဒေတာအပုံလိုက်ကြီးက အစိုးရ..အကြမ်းဖက်သူတွေသာမက သာမာန်အမေရိကန်တွေက စုပုံပြီး မိမိတို့အကျိုးအမြတ်အတွက်သော်လည်းကောင်း..အစိုးတစ်ရပ်အနေနဲ့ စောင့်ကြည့်ဖို့သော်လည်းကောင်း အသုံးပြုနေတယ်ဆိုတာ သိပြီးနောက်ပိုင်းမှာတော့ NSA ကနေပြီးတော့ တရားမဝင်စောင့်ကြည်မှုတွေကိုလည်း  လူထုကို ချပြချင်ခဲ့တာပဲဖြစ်ပါတယ်...တစ်နေ့မှာတော့ အလုပ်ထွက်လိုက်ပြီး ဟောင်ကောင်ကိုရောက်ရှိချိန်မှာတော့ ဂျာနယ်လစ် တစ်ယောက်ဖြစ်တဲ့ Glenn Greenwald နဲ့အတူ Laura Poitras တို့နဲ့ လျို့ဝှက် တွေ့ဆုံပြီး စောင့်ကြည်မှုများနဲ့ သက်သေတွေကို ဖွင့်ချဖို့ လုပ်ခဲ့တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့...အောက်က Link လေးတစ်ချက် နှိပ်ပြီး ငြိမ့်လိုက်ပါတော့ဗျို့.....


ကြည့်ရှုရန် link:https://moviesjoy.one/movie/snowden-m2jyz/1-full




D

Report Page