ENEMY OF THE STATE

ENEMY OF THE STATE

ကြည့်..ကြည့်..ကြည့်..



ENEMY OF THE STATE ဇာတ်ကားကိုတော့ ကိုယ့်လူတို့နဲ့ ရင်းနှီးတဲ့ Will Smith နဲ့ Gene Hackman နှစ်ယောက်တို့က အဓိက သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ၁၉၉၈ ကထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီးတော့ အစိုးရရဲ့ ထောက်လှမ်းစောင့်ကြည့်မှု နိုင်ငံရေးနဲ့ အက်ရှင်ကိုရောနှောထားတဲ့ ဇာတ်ကား တစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို အခြေခံထားတော့ အကျင့်ပျက်ခြစားနေတဲ့ NSA (အမျိုးသား လုံခြုံရေး အေဂျင်စီ) ကလူတစ်စုက လွှတ်တော်အမတ်တစ်ယောက်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပြီးတော့ အဲ့ဒီသတ်ဖြတ်ခဲ့မှု Video မှတ်တမ်း တိတ်ခွေကလည်း ရှေ့နေတစ်ယောက်ရဲ့ ဆီမှာရှိနေပြီးတော့ အဲ့ဒီသက်သေက ဖျောက်ဖျက်ထားခံရတဲ့သဘောကို အခြေခံထားပါတယ်....အဲ့ဒီ သက်သေတွေကို တစ်ဖြေးဖြေးဖော်မိလာတဲ့ သူကတော့ ကိုယ့်လူတို့သိတဲ့ ရှေ့နေတစ်ယောက်လည်း ဖြစ်တဲ့ Smith ပဲဖြစ်ပါတယ်။


ဒီအမှုကို ပြန်လည်ဖော်ထုတ်နေတဲ့ Smith ကို အကျင့်ပျက်ချစားနေတဲ့ NSA အေးဂျင့်တွေက သူ့တို့ရဲ့ စောင့်ကြည့်နိုင်တဲ့ နည်းပညာတွေနဲ့ သူ့ရဲ့ Personal Life ကိုပါ စောင့်ကြည့်ပြီး ဘယ်လိုတွေ ချိုးဖောက်မှုတွေကို လုပ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်ကား ၁၉၉၈ မှာထွက်ခဲ့ပေမယ့် အခုလက်ရှိ အခြေအနေနဲ့လည်း အကျုံးဝင်နေသေးတဲ့ ဇာတ်ကားပါ။ တကယ်တမ်းတော့ ဒီဇာတ်ကားထဲမှာပါတဲ့ နည်းပညာတွေအပြင် NSA ရဲ့ စောင့်ကြည့်နိုင်စွမ်း..ခြေရာခံနို်င်စွမ်းကတော့ အဲ့ထပ်ပိုပြီးတော့ လုပ်နို်င်တယ်လို့ အားလုံးယူဆထားကြပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင်တော့

တကယ်ပဲ အစိုးရက ဒီလိုတွေ စောင့်ကြည့်တာလား။

သူတို့လိုချင်တာတွေ အားလုံးကို ဒီလိုစောင့်ကြည့်လို့ရတာလား။

မေးခွန်းပေါင်းများစွာနဲ့ အတွေးထဲမှာ ထင်ကျန်စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။

ကြည့်ရှုရန် Link: https://moviesjoy.to/movie/enemy-of-the-state-17267

ကြည့်ပြီးရင်လည်း Comment မှာမျှဝေပေးခဲ့ပါဦးဗျို့...

Report Page