E-Book Libraries For Bookworms!!

E-Book Libraries For Bookworms!!

Little Lighthouse

👦👧 မင်္ဂလာပါ Lightkeepers လေးတို့ရေ...  


ဒီတစ်ပတ်မှာတော့ စာဖတ်ရတာကို သဘောကျတဲ့ Lightkeepers လေးတွေအတွက် အလွယ်တကူ ကိုယ်ဖတ်ချင်တဲ့စာကို ရှာဖွေဖတ်ရှုနိုင်ပြီး ငွေကုန်ကြေးကျလည်း မရှိတဲ့ နည်းလမ်းကောင်းတွေကို မျှဝေ ပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ခေတ်က နည်းပညာခေတ်ဖြစ်တဲ့အလျောက် အရင်ကလို စာအုပ်တွေကို စာကြည့်တိုက်တွေ၊ စာအုပ်အငှားဆိုင်တွေမှာ သွားဝယ်ဖတ်စရာ၊ ငှားဖတ်စရာလည်းမလိုဘဲ PDF ဖိုင်လေးဒေါင်းပြီး ကိုယ့်အိမ်မှာ အေးအေးဆေးဆေးဖတ်နိုင်တဲ့ နည်းပညာခေတ် ဖြစ်နေပါပြီ။ ဒါကြောင့် English လိုရေးထားတဲ့ စာအုပ်တွေကိုပဲဖြစ်စေ၊ မြန်မာလိုရေးထားတဲ့ စာအုပ်တွေကိုပဲဖြစ်စေ ဘယ် websites, applications, telegram channels တွေမှာ ဖတ်နိုင်လဲဆိုတာကို Lightkeepers လေးတို့အတွက် ဒီအပတ်မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ 💁🥰


💁 ပထမဦးဆုံးအနေနဲ့ မြန်မာစာအုပ်တွေ ဖတ်လို့ရမယ့် website link နဲ့ application လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 


📚 နောက်ဆုံးပေါ်ထွက်ရှိထားတဲ့ စာအုပ်တွေ၊ ကာတွန်း၊ မဂ္ဂဇင်းတွေကို Myanmar Book Download မှာ ဖတ်ရှုနိုင်ပြီး ကိုယ်ကြိုက်တဲ့ စာရေးဆရာတစ်ဦးချင်းစီရဲ့ စာအုပ်တွေကိုလည်း စိတ်ကြိုက် ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

https://www.mmbookdownload.com/


📚 MmBookshelf မှာ တော့ စာအုပ်စာပေ အမျိုးအစားပေါင်း (၂၀၀၀၀) ကျော်ကို အလွယ်တကူ ဖတ်နိုင်ပါတယ်။  

https://mbookshelf.naingdroidapps.com/


📚 စာပေ အမျိုးအစားအစုံကို ဖတ်ဖို့ဆိုရင် Wun Zinn Reader ရဲ့ website နဲ့ application (၂) မျိုးစလုံးမှာ ကြည့်ရှုနိုင်ပါတယ်။

 https://www.wunzinn.com/


📚 စာရေးဆရာများနဲ့ စာအုပ်အမျိုးအစားတွေကို search bar မှာရိုက်ရှာလိုက်ရုံနဲ့ ကိုယ်စိတ်ကြိုက်ဖတ်လို့ရမယ့် Shwe Mee Eain Application လေးကလည်း စာဖတ်ဝါသနာအိုး Lightkeepers လေးတို့အတွက် အသုံးပြုဖို့ အထူးသင့်တော်ပါတယ်နော်။ https://play.google.com/store/apps/details?id=com.myanmardev.myanmarebook&pcampaignid=web_share


📚 ShweNote Application မှာ ကမ္ဘာကျော်စာရေးဆရာတွေရဲ့ စာအုပ်ပေါင်း (၅၀၀) နီးပါးကို ShweNote မြန်မာ ဘာသာပြန်အနှစ်ချုပ်အနေနဲ့ ဖတ်ရှုနိုင်ပြီး အချိန်နေရာမရွေး အသံစာအုပ် (Audio books) တွေကိုလည်း နားဆင်နိုင်ပါတယ်။ 

https://www.shwenoteapp.com/


📚 မြန်မာအသံသွင်းထားတဲ့ စာအုပ်တွေနဲ့ အနှစ်ချုပ်တွေကို WillPower Audiobooks ရဲ့ application မှာ နားဆင်နိုင်တဲ့အပြင် ကိုယ့်စိတ်ကြိုက်စာအုပ်တွေကို download လုပ်ပြီး offline မှာလည်း အချိန်မရွေးစိတ်ကြိုက်နားဆင်နိုင်မှာဖြစ်ပါတယ်။ https://play.google.com/store/apps/details?id=com.willpoweraudiobooks&hl=en


💁 နောက်ထပ် English စာအုပ်တွေ ဖတ်လို့ရမယ့် website link လေးတွေကိုလည်း Lightkeepers လေးတို့အတွက် ဖော်ပြပေးလိုက်ပါတယ် နော်။ 


📚 Fiction & Non-fiction book အစုံအလင်ကို DigiLibraries.com မှာ pdf file လေး download လုပ်ရုံနဲ့ စိတ်ကြိုက်ဖတ်နိုင်ပါတယ်။ 

https://digilibraries.com/


📚 စာအုပ်တွေ၊ audio book တွေ၊ သတင်း video တွေ အစုံအလင်ကို Internet Archive မှာလည်း ဝင်ရောက် လေ့လာနိုင်ပါတယ်။ 

https://archive.org/details/books


📚 Open Library ဟာ လတ်တလော trending ဖြစ်နေတဲ့ စာအုပ်တွေကအစ ရှေးဟောင်းစာအုပ်တွေ၊၊ ကလေးစာအုပ်တွေ၊ ဖတ်စာအုပ်တွေအထိ စုံစုံလင်လင်ဖတ်နိုင်တဲ့ website တစ်ခုဖြစ်ပါတယ်။ 

https://openlibrary.org/


📚 စာအုပ်အမျိုးအစားပေါင်း (၇၀၀၀၀) ကျော်ရှိတာက တော့ Project Gutenberg website ပါပဲ နော်။ https://www.gutenberg.org/


📚 Romance, Action & Adventure, Mystery & Thriller, Biographies & History စတာတွေကိုတော့ Many books website မှာ အမျိုးအစား အစုံ ဖတ်နိုင်ပါတယ်။ 

https://manybooks.net/


📚 Open Culture မှာ တော့ culture & education နဲ့ ဆိုင်တဲ့ စာအုပ်တွေအပြင် audiobook၊ podcast၊ online course တွေကိုပါ လေ့လာနိုင်ပါတယ်။

 https://www.openculture.com/


📚 Free-Ebooks Net ဆိုတဲ့ website မှာလည်း စာအုပ်ပေါင်းများစွာကို category မျိုးစုံ အလိုက်ထားရှိထားလို့ ကိုယ့်စိတ်ကြိုက် အချိန်မရွေး၊ နေရာမရွေး ဖတ်ရှုနိုင်ပါတယ်။ 

https://www.free-ebooks.net/


📚 နောက်ဆုံးပေါ် ရသစုံ စာအုပ်တွေကို Z-Library Project Website မှာ ရှာ ဖွေဖို့ အကြံပြုလိုက်ပါတယ် နော်။

https://z-lib.io/


📚 Wattpad ဟာ ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကို ရှာဖွေဖတ်ရှုနိုင်သလို စာရေးတာ ဝါသနာပါတဲ့ လူငယ် တွေအတွက် ကလောင်လက်စွမ်းပြနိုင်တဲ့ နေရာတစ်ခုပါပဲ Lightkeepers လေးတို့ ရေ။ https://www.wattpad.com/


📚 PDF ဖိုင် စာအုပ်ပေါင်းများစွာကို တော့ PDFBooksWorld.com မှာ စိတ်ကြိုက် free download ရယူနိုင်ပါတယ် နော်။

 https://www.pdfbooksworld.com/


📚 PDF ဖိုင် စာအုပ်ပေါင်းများစွာကို တော့ PDFBooksWorld.com မှာ စိတ်ကြိုက် free download ရယူနိုင်ပါတယ် နော်။

 https://www.pdfbooksworld.com/


📚 PDF Drive ကတော့ စာအုပ် PDF ဖိုင်ပေါင်း သိန်းရာချီရှိတဲ့ search engine တစ်ခုဖြစ်ပြီး ကိုယ့်စိတ်ကြိုက် စာအုပ်တွေကို ကြော်ငြာမပါ၊ Download Limit ကန့်သတ်ထားခြင်းမရှိဘဲ Free Download လုပ်လို့ ရတဲ့ နေရာတစ်ခုပါ ။ (PDF Driveရဲ့Linkလေးကတော့ Facebookရဲ့ Standardတွေကြောင့်ထည့်လို့အဆင်မပြေဖြစ်သွားပါတယ်နော်🫶🏻)


💁 နိဂုံးချုပ်အနေနဲ့ စာအုပ်မျိုးစုံ ဖတ်လို့ရမယ့် telegram channel link လေးတွေကို Lightkeepers လေးတို့အတွက် sharing လုပ် ပေးလိုက်ပါတယ် နော်။ 

📚 Sarpay Meme: https://t.me/TinMaw5556788

📚 Book Paradise Myanmar: https://t.me/bookparadisemyanmar

📚 စာအုပ်စာပေ (Books for You): https://t.me/booksforyou1986 

📚 Myanmar Books for Kindle Reader: https://t.me/mmebooks


📚 Free English Pdf Books: https://t.me/engvisuals

📚 English Books for All Level: https://t.me/pdfbookyouneedd

📚 All Books Store Pdf: https://t.me/AllBooksStore

📚 Amazon kindle and ebooks – Audiobooks: https://t.me/amazonebook

📚 Books Hub - ebooks and audiobooks: https://t.me/bookshub25

📚 Ebook Room: https://t.me/eBookRoom


🌟ဒီလောက်ဆိုရင်တော့ Lightkeepers လေးတို့လည်း စာအုပ်တွေ ဖတ်လို့ရမယ့် websites, applications, channels အမျိုးအစား အစုံအလင်ကို တီးမိခေါက်မိရှိသွားပြီလို့ ယုံကြည်ပါတယ်။ Lightkeepers လေးတို့ သိတဲ့ တခြားသော resource တွေ မျှဝေပေးချင်ရင်လည်း အောက်က comment session မှာ မျှဝေပေးခဲ့ပါဦးနော်🙆‍။ နောက်ထပ်လည်း ပညာရေးနဲ့ ဆိုင်တဲ့ လေ့လာမှတ်သားစရာ အကြောင်းအရာအသစ်များစွာကို ဝေမျှပေးဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်.. 👋🥰


Telegram Channel Link 🔗

https://t.me/+HUSKap45CEMxMDc1


#research_AyePhyoThetChaw

#research_MyaKhatMon

#research_WahYeeOo

#research_MyatThuuThuuKhin

#content_ShweYeeWin

#graphic_ThiriWinKhin

#LittleLighthouse

#EduShare_For_Youth

#edu_LLH

#ElibraryBooksforEntertainment

Report Page