Password is my digital property!

Password is my digital property!

ဒစ်ဂျစ်တယ် နဂ္ဂတစ်များ

"ငါ့ Password သည် ငါ့ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု "



ကျော်ကြီး ဆို..မောင်အောင်ကောင်းကျော် တစ်ယောက်ဆိုသည်မှာလည်း ရူပါမလှပေမယ့် တော်ကီကျတာကြောင့် အရောင်အသွေးစုံတဲ့ နှုတ်ခမ်းနီမ လေးတွေရဲ့  အာရုံစိုက်ခံရတယ်ဆိုရင်တော့လည်း ကျုပ်တို့မှားမယ်မထင်ဘူး…

အရပ်ကမကြိုက်ပေမယ့်လည်း ဒီကောင်ကြီး စွန်ချက်ကတော့..ကြောက်ခမန်းလိလိဗျ..အဲ့လိုဆိုတော့ ရောင်းရင်းတို့ မြင်သာအောင် သူ့ရဲ့ ရူပါ နဲ့ ပုံပန်းသွင်ပြင်ကို မိတ်ဆက်ပေးမယ်ဗျို့...ဘောဒီရှိန်းမင်း (Body Shaming) ရယ်လို့ မထင်မှတ်စေလိုပါ...သူ့ စွန်ချက်ကိုပြောလိုတော့ကား...အတ္တိသယ ဝုတ္တိ လေးနဲ့ ပြောလိုတာကိုးဗျ..


ကျော်ကြီးတစ်ယောက်က အရပ်ကတော့ ပုတုတု နဲ့ သွားလေး နည်းနည်းတော့ခေါတယ်ဗျ...ကောင်မလေးတွေကတော့ သူ့အပြုံးလေးတွေကို ကြွေသတဲ့ဗျ....ကျော့်အပြုံး..ကျော့် တော်ကီ ပေါင်းရင်တော့..အဲ့လယ်..ကောင်မလေးတွေအတွက် ပြောဖွယ်မရှိ..ထိမိဂွိပေါ့


ဖြစ်ပုံကဒီလို ကျော်ကြီးခင်ဗျာ..အသက်လေးလည်းရလာတော့ အတည်တစ်ကျ တွဲဖို့ ဆုံဖြတ်လိုက်ပြီးတဲ့နောက် မမပုံ့ ဆိုသူကြီးက ကျော်ကြီး နှလုံးထဲဝင်ရောက်စိုးမိုးလာခဲ့တယ်...မမပုံ့ကလည်း ခေသူမှမဟုတ်ပဲ အသက် (၃၀) ဝန်းကျင် ဆိုပေမယ့် ရူပါရော..ဒါနပါပြုနိုင်တဲ့သူပေါ့...ဒါနဆိုတာ ကောင်လေးတွေကို အမ်းနိုင် ကျနိုင်တယ်ဆိုပါတော့ဗျာ....


ကျော်ကြီးရဲ့ တော်ကီကောင်းမှုအောက်မှာ မမပုံ့လည်း ကြွေဆင်းခဲ့လေတော့...ဇာတ်လမ်းက မအေးအေးဝင်း မစီစဉ်ပေမယ့်,,,.အဆင်ပြေတယ်ပေါ့ဗျာ....


တစ်နေ့တော့

မပုံ့........."မောင်" မကိုချစ်လား?

ကျော်.....ဘယ်လိုပြောလိုက်တာလဲ မရယ်...သိပ်ချစ််တာပေါ့ဗျာ…

မပုံ့.....ဟွင်း...ပုံ့ တကယ်ကြီးယုံရမှာလားဟင်...မယုံရဲပေါင်.....မောင်ကအရင်တုန်းကသူတွေကိုလည်း ဒါပဲပြောတာမလား....

ကျော်.....ကဲ "မ" ယုံဖို့ မောင်ဘာလုပ်ပြရမလဲ...ရင်ကိုခွဲပြဆိုရင်တောင် ရတယ်နော်

မပုံ့....မလုပ်ပါနဲ့ မောင်ရယ်...ဒါကဇာတ်ကားထဲက စကားတွေပါ....

ကျော်....ဒုက္ခပါပဲ...အဲ့ဒါဆို မောင်က ဘယ်လိုသက်သေပြပေးရမလဲ….

မပုံ့….."မ" ကိုတကယ်ယုံချင်စေချင်တယ်ဆိုရင်...မောင့် အကောင့် “Password” ပေးလေ…


ကျော်တစ်ယောက် နိုင်ငံတော် သီချင်းဆိုပြီးရင် (၁)မိနစ်လောက် ငြိမ်သက်ရသလို....(၃)မိနစ်လောက် ငြိမ်သက်သွားပြီး "မ" က “Password" ပေးမှ ယုံမယ်ဆိုရင်တော့ ပေးမှာပေါ့...ဘာလို့လဲဆိုတော့ မောင်က "မ" ကို အသက်နဲ့ တမျှ ချစ်လို့ပေါ့..


ကျော်ကြီးကလည်း FB အကောင့် Password ကိုပေးဆိုလို့ ပေးလိုက်တယ်ဆိုပေမယ့်...မပေးလိုက်ခင် တစ်ပတ်လောက်တည်းက ကြိုရှင်းထားပြီးပြီးလေ....ကောင်မလေးတွေနဲ့ ပြောထားသမျှ အီထားသမျှတွေကို ရှင်းလင်းပြီးသကာလမှာ “Password" ပေးဆိိုပေးရတာပေါ့…

နောက်နှစ်ပတ်လောက် ကြာသောအချိန်တွင်ဝယ်...မောင့်ပုံ့ တစ်ယောက် ဒေါကြီးမောကြီးနဲ ဖုန်းဆက်လာပါလေရော....


ကျော်......ဟယ်လို...မ

မပုံ့....ဟဲ့ ..ကောင်စုတ် နင်နဲ့ ငါနဲ့ စာရင်းရှင်းစရာရှိတယ်....

ကျော်...."မ" အသုံးအနှုန်းတွေကရင့်လိုက်တာ...မောင် ဘာလုပ်ထားလို့လဲ..အဲ့လိုတွေရင့်ရအောင်…

မပုံ့.......တွေ့မှရှင်းကြတာပေါ့.....


ချိန်းချက်ထားတဲ့ အချိန်ရောက်လာတဲ့အခါ....မပုံ့ ခင်ဗျာ မျက်ရည်တွေနဲ့ စကားတောင်မပြောနိုင်ပဲ ဖျန်း...ဖျန်း...ဖျန်....ဆိုပြီး ပါး (၃)ချက် ရိုက်လိုက်တဲ့အခါ ကျော်ကြီး ခင်ဗျာ လူများအကြား ရှက်လည်းရှက်....ဝမ်းလည်းနည်းပြီး...လူရှင်းတဲ့နေရာကို "မပုံ့" ကိုဆွဲခေါ်သွားပြီး…


ကျော်...."မ"..ကျော်....ဘာလုပ်မိလို့ အဲ့လောက်တောင် ငိုပြီး မောင့်ကို လူကြားထဲ အရှက်ခွဲရတာလဲ..

မပုံ့......စကားတောင်မပြောနိုင်တော့ပဲ "ဖုန်း"ထဲမှာရှိတဲ့ ဓါတ်ပုံ (၃) ပုံကိုပြပြီး ချူံးပွဲချ ငိုပြီးထွက်သွားပါလေရော…

ကျော်.....မင်သက်သက်နဲ့သာ ကျန်နေလေရဲ့.....

ကျော်..အခုအချိန်ထိ ငူငူငိုင်ငိုင်နဲ့ လမ်းမှာကျန်ခဲ့ပြီး အတွေးပေါင်း မြောက်မြားစွာ ခေါင်းထဲ ရောက်လာတယ်....

ခေါင်းထဲက မေးခွန်းတွေကတော့ အဲ့ပုံတွေကို သူဘယ်လိုရသွားတာလဲ?

ငါ့ Facebook အကောင့် ထဲမှာလည်း အဲ့ပုံတွေကို ဖျက်ထားပြီးသားပါ....Gallery ထဲမှာလည်း ပြန်ရှာကြည့်တော့ မရှိတော့ဘူး?   ဟိုကောင်မလေးနဲ့များ မပုံ့တွေ့သွားလို့လား?  


အဲ့လိုဆိုတော့လည်း အဲ့ကောင်မလေးက စင်ကာပူတောင် ထွက်သွားပြီး ...ကျော်ကြီးတစ်ယောက် အတွေးများချာချာလည်နေပြီ....


ရောင်းရင်းတို့ရေ မပုံ့တွေ့လိုက်တဲ့ ပုံကဘာလဲ..သိချင်နေပြီမလား…

မပုံ့ တွေ့လိုက်တဲ့ပုံကတော့ လွန်ခဲ့တဲ့ (၃)နှစ်က ကောင်မလေးတစ်ယောက် နဲ့ မိုတယ် တစ်ခုမှာ အိပ်ပြီး အပျော်ရိုက်ထားတဲ့ ပုံတွေပဲဖြစ်ပါတယ်....


ကျော်ကြီး သတိမထားမိတာ တစ်ခုက ကျော်ကြီးရဲ့ Facebook အကောင့်ရဲ့ Password နဲ့ Gmail ရဲ့ Password ကအတူတူ ဖြစ်နေတာကိုပါ…ပြီးတော့ Gmail အကောင့်နဲ့ Google Photo နဲ့ကို ချိတ်ထားမိတဲ့တစ်ကြောင်းကို လည်း သတိလစ်နေခဲ့တာပါ...အဲ့တော့ပုံတွေက Gallery ထဲမှာဖျက်ထားမိရင်တောင် Google Photo ထဲမှာရှိ‌သေးတာပါ


မပုံ့က ကျန်တဲ့သူတွေလို Facebook နဲ့ Messenger ကို မစစ်မိပဲ...Gmail ကိုဝင်ကြည့်ပြီး ထပ်ဆင့်ချိတ်ဆက်ထားတဲ့ Google Photo ထဲဝင်ကြည့်မိတော့ အတိုင်းသားကြီးပေါ့ဗျာ…


ဒီမှာသင်ယူစရာရှိတာကတော့ ဘယ်တော့မှ Password တစ်ခုတည်းနဲ့ အကောင့်အများကြီးကို မသုံးဖို့ပါ...နောက်တစ်ခု gmail အကောင့်ရှိရင် ကျန်တဲ့ Google Service တွေဖြစ်တဲ့ Drive တို့ Google Sheet တို့ ကျန်တဲ့ ဟာတွေကို ဆက်စပ်ပြီးသုံးလို့ရပါတယ်...အဲ့ထဲမှာ Google Photo ကို Auto On ထားတယ်ဆိုရင်တော့ အရပ်ကတို့ရေ...ကျော်ကြီး အဖြစ်ကို အတုယူပေါ့ဗျာ,...


နောက်တစ်ခုကတော့ Password တွေက မိမိရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုပါ..ဘယ်သူ့ဘယ်သူ့ကိုမှ မမျှဝေသင့်ပါဘူးဗျို့....အဲ့တော့ ကျော်ကြီး အတွေ့အကြုံကို သင်ခန်းစာယူလို့ 

ငါ့ Password သည် ငါ့ပိုင်ဆိုင်မှု..ငါ့ပိုင်ဆိုင်ခွင့်....လို့အသေမှတ်ပြီး...နေကြပါဗျို့


ရောင်းရင်းတို့လည်း ဘေးဘီကကြားရတဲ့ ဇာတ်လမ်းတွေကို Comment မှာမျှဝေခဲ့ပါဦးဗျို့




Report Page