Don't Forget Your Apple ID Password

Don't Forget Your Apple ID Password

ဒစ်ဂျစ်တယ် နဂ္ဂတစ်များ

"ပန်းသီး မှတ်ပုံတင်ကိုလည်း…မမေ့ရ မပေးမိစေရ"

ကဲ..ဒစ်ဂျစ်တယ် နဂ္ဂတစ်အစီအစဉ်ကနေ... ပရိတ်သတ်ကြီးအတွက် ဇာတ်လိုက်ကြီး အောင်ကြီးနဲ့ ပဲ အပိုင်းသစ်လေးဆက်လိုက်ပါတော့မယ်ဗျာ...ဒီတစ်ခါမှတော့ အောင်ကြီးကလည်း မပုံ့နဲ့ ဇာတ်လမ်းပြတ်တော့ ရင်ကွဲနာကျပြီး နှစ်နှစ်လောက် အလုပ်ကိုပဲ တစ်စိုက်မတ်မတ်လုပ်ရင်းနဲံပဲ....ငွေလေးလည်းစုရင်းပေါ့


လောကကြီးက ကြိုးစားတဲ့သူအတွက် နေရာအမြဲတမ်းရှိတယ်လို့ဆိုရမှာပေါ့ဗျာ...အောင်ကြီးက နှစ်နှစ်အတွင်း အလုပ်ကို တစ်စိုက်မတ်မတ် ကြိုးစားရင်းနဲ့ပဲ..ငွေလေးလည်း အတော်စုမိတာကြောင့် တော်တော်လေးအဆင်ပြေနေခဲ့ပေမယ့် ရင်ခုန်သံတွေကတော့ တစ်ခန်းရပ်ဖြစ်ခဲ့တာမို့ ရင်ခုန်သံတွေတောင် မှန်မနေတာကိုတော့ ကျော်ကြီးကိုယ်တိုင်ပဲသိတာပေါ့ဗျာ.....ဖြူဖြူကျော်သိန်းဆိုထားတဲ့ အတွင်းကြေလိုပေါ့ဗျာ..ကျော်ကြီးရဲ့ အတွင်းကြေပေါ့…


သူငယ်ချင်းများဆုံပြီဆို ငယ်စဉ်က ကျော်ကြီးရဲ့ တော်ကီကောင်းပုံကြောင့် နှုတ်ခမ်းနီမှလေးတွေ ကြွေဆင်းမှုကြီးကို အခုထိပြောကြတုန်းပါ...ကျော်ကြီးအတွက်ကတော့ ပုံပြင်းဟောင်းတွေကို ကြားရသလို ဖြစ်နေတာပေါ့ဗျာ...သို့ပေမယ့် အဲ့တုန်းက ပီတိလေးကတော့ ဂွမ်းဆီ ထိနေတုန်းပဲဗျို့…

တစ်နေ့တော့ လစာထုတ်ရက်လေး ဝိုင်းကောင်းတော့ ငယ်ချင်းရောင်းရင်းတွေနဲ့ ထုံးစံအတိုင်း ကျော်ကြီး ဒကာခံလို့ ပွဲတည်တယ်ပေါ့…


ရောင်းရင်းများ။ ။ ဟျောင့် ကျော်ကြီး မင်းငြိမ်ချက်သားကောင်းလှချည်  လားကိုယ့်လူ...မင်းမဟုတ်တဲ့အတိုင်းပဲနော်...ပျိုကြီးပုံ့နဲ့ ကိစ္စပြီးကတည်းက ငါ့ကောင်ကြီး အလန်းတွေနဲ့မတွေ့ရတာကြာပေါ့

ကျော်ကြီး။ ။ မင်းတို့ကလည်း လူစုံပြီဆိုလုပ်ပြီ...တော်ပြီလေကွာ အသက်တွေကလည်းစကားပြောပြီ..တည်ငြိမ်ရတော့မယ် ဟျောင့်ရေ…


ရောင်းရင်းများ။ ။အဲ့ဒါဆို မင်းက တစ်ကိုယ်တည်း လူပျိုကြီး လုပ်တော့မယ်ပေါ့..ငါကောင့်ရ...နားရှိလို့သာ ကြားရတယ်..ငါတို့ဖြင့် မယုံနိင်ပေါင်....


ကျော်ကြီး။ ။ငါတည်ငြိမ်မယ်ပဲ ပြောတာနော်ကိုယ့်လူ..လူပျိုကြီး လုပ်မယ့် ကိစ္စမပါဘူး....


ရောင်းရင်းများ။ ။အဲ့လယ်..အဲ့ဒါဆိုရင်တော့တွေ့ထားပြီပေါ့...ငါ့ကောင့်ရ..လျိုပါ့ကွာ...ပြောစမ်းပါဦး


ကျော်ကြီး။ ။မလျိုရပါဘူးကွာ...ငါတောင်သိတာ သိပ်မကြာသေးဘူး..အမေ့စကားပဲနားထောင်လိုက်ပြီး နယ်က ဆွေးမျိုးနီးစပ်ရာထဲက တစ်ယောက်ကိုပဲယူမလားစဉ်းစားနေတာ....အသက်တွေကလည်းမငယ်တော့ဘူးလေကွာ...နှလုံးသားနဲ့ ဆုံဖြတ်ခဲ့တာလည်းများပြီ ဆိုတော့ကား...ဒီတစ်ခါတော့နှလုံးသားချည်းပဲမဟုတ်...ဉီးနှောက်လေးပါထည့်သုံးမှပဲ အဆင်ပြေမှ ထင်ပါတယ်ကွာ…


ရောင်းရင်းများ။ ။လုပ်ပါဦး ငါကောင့်ရ..ကောင်မလေး အခြေအနေကရော အဆင်ပြေရဲ့လား


ကျော်ကြီး ။ ။ အဆင်ပြေတယ်ငါ့ကောင့်ရေ..ငါ့ထက်တော့ သိတဲ့အတိုင်း ၈နှစ်လောက်ငယ်တယ်ကွာ...ရိုးရိုးလေးနဲ့ အေးအေးပုံလေးကွ...အိမ်မှုကစ္စကလည်း နယ်ကဆိုတော့ သိတဲ့အတိုင်း လူကြီးမိဘကို ရို်သေတယ်ကွ...အဆင်တော့ တော်တော်ပြေသား...မိဘချင်းကလည်း အဆင်ပြေတော့လေ....ငါ့အမေ..မမြဝင်းစီစဉ်မှုကြီးက အိုစကေပေါ့ကွာ....


ရောင်းရင်းများ။ ။မင်းနဲ့ ကရော ဆက်ဆံရေးအခြေအနေ....


ကျော်ကြီး။ ။စကားပြောဖြစ်တယ်ကွ..ကိုကြီး..ကိုကြီးဆိုပြီးတော့ ခေါ်လို့လေ...ပိတီဖြစ်ရတယ်..အဲ့လယ်

ကိုယ့်ထက်ငယ်တော့ အားကိုးခံရတာပေါ့ကွ…

ဟိုတစ်လောက ဖုန်းလေးပျက်လို့ဆိုပြီး ငါနဲ့ ဖုန်းမပြောရလို့ဆိုပြီး ငိုတာနဲ့ ငါလည်း iPhone လေးတစ်လုံးတောင် လှမ်းပို့ပေးလိုက်တယ်....ဘယ်လောက် အေးလဲဆို ငါ့ကောင်ရေ....Gmail တို့ဘာတို့မသုံးတတ်တော့ ငါပဲ Apple ID တွေပါ ဖွင့်ပေးလိုက်ရတာပေါ့ ....အဆင်ပြေတယ်..အခုတော့ ညပိုင်းစကားပြောဖြစ်တယ်ကွ.....


ရောင်းရင်း ။ ။ ငါ့ကောင် လျော်ချက်ကြီးက 9+ နော်...အေးပါ..မင်းအဆင်ပြေရင်ပြီးတာပဲ....


ကျော်ကြီး။ ။ငါ့ပွဲက သိပ်မကြာတော့ဘူးနော်..ငါ့ပွဲတက်ဖို့ ပြင်ထားကြဦး....


ထိုစဉ်ဝိုင်းပြီး၏


နှစ်လခန့်ကြာသော်...

တစ်နေ့ကျော်ကြီး တစ်ယောက် ရှိုက်ကြီးတငင် ငိုယိုပြီး ဖုန်းဆက်တော့..အားလုံး ဆိုင်တစ်ဆိုင်မှာဆုံဖို့ ပွဲတည်ပြန်ပါလေရော....


ကိုယ့်လူ ကျော်ကြီး မျက်နှာမှာ ဇီးရွှက်လောက်နဲ့.....

ကျော်ကြီး.....သာကြီးတို့ ငါ့ကို လုပ်ရက်လိုက်ကြတာကွာ....

ရောင်းရင်း....ဘာဖြစ်ရပြန်တာတုန်း....

ကျော်ကြီး.....ငါပြောတဲ့ အမေစီစဉ်ပေးတဲ့တစ်ယောက်လေ

ရောင်းရင်း....သိတဲ့လေကွာ..တော်တော်အဆင်ပြေတဲ့တစ်ယောက်လေ

ကျော်ကြီး.....သူငါ့ကို လုပ်ရက်တယ်ကွာ

ရောင်းရင်း.....ဘာလုပ်လို့လဲကွာ

ကျော်ကြီး......သူက သူနဲ့ရွယ်တူတစ်ယောက်နဲ့ ဖောက်ပြန်နေတာကွ

ရောင်းရင်း...ဟုတ်လို့လားကွ...မင်းကို တကယ်ချစ်တာဆို

ကျော်ကြီး......အခုထိလည်း ချစ်တယ်ကြီးပဲ ပြောနေတုန်း…

ရောင်းရင်း.....ဟေ..........


ကျော်ကြီး.....ခက်တာက ငါ့က သူရဲ့ Apple ID password သိတော့ကွာ သူ့ Gallery တွေကို အကုန် မြင်ရတယ်..Log in  ဝင် လိုက်ရင်လေ..ခက်မှ မခက်တာကွာ.....

ဟိုနေ့က ငါနဲ့တွေ့မယ် ဘုရားဖူးမယ်ဆိုပြီးရန်ကုန်တက်လာမယ်လို့ မလိမ့်တစ်ပတ် လုပ်ပြီး နယ်က တက်လာတယ်တဲ့...ပြီးတော့ရွာတောင်ပြန်ရောက်သွားပြီ....ငါ့ဆီလည်းရောက်မလာဘူးဆ်ိုတော့...ငါလည်းသံသယရှိတာနဲ့ Apple ID ဝင်လက်စနဲ့ ဆိုတော့ သူ့အကောင့်ပါ ဝင်ကြည့်မိတာ....ဒင်းက iCloud မှာ Photos “On”  ထားတော့ Location ရော ပုံတွေရောတွေ့ရတယ်လေကွာ.....ရန်ကုန်ကို မယ်မင်းကြီးမက တကယ်လာပြီး သူဘဲနဲ့ကွ...ပြီးတော့...မိုတယ်...မိုတယ်..တစ်ခုမှာကွာ.....ငါဆက်မပြောနိုင်တော့ဘူး.....ဆိုပြီးတော့ ချုံးပွဲချငိုလေသတည်း…


ဒီတစ်ခါတော့ မိအေး(၂)ခါနာ ဆိုသလို ကျော်ကြီး (၂) ခါနာရတဲ့ ဘဝကြီးပေါ့ဗျာ....ဒီတစ်ခေါက်လဲလွဲရပြန်ပြီပေါ့ ငါ့ကောင်ရေလို့ ပြောရုံမှ ဘာမှမတတ်နို်င်ပါဗျို့.....

ရောင်းရင်းတို့အတွေ့အကြုံကရော..??

Comment မှာဆုံမယ်....



Report Page