Don’t F**k with Cats : Hunting an Internet Killer

Don’t F**k with Cats : Hunting an Internet Killer

ကြည့်..ကြည့်..ကြည့်

တစ်ရက် ကြောင်လေးနှစ်ကောင်ကို ပလက်စတစ်အိပ်ထဲထည့်ပြီး ဖုန်စုပ်စက်နဲ့ လေတွေစုပ်ထုတ်ပစ်ပြီး သတ်လိုက်တဲ့ Video တစ်ခု Youtube မှာ ပျံ့နှံ့လာပါတယ်။ ကျူးလွန်သူကိုယ်တိုင် Video ထဲမှာပါဝင်ပြီး မျက်နှာကိုတော့ သေချာမမြင်ရပါဘူး။ အဲ့ Video ထွက်လာတဲ့အခါမှာ ကြောင်တွေကို ချစ်တတ်တဲ့သူတွေအပါအဝင် အင်တာနက်ပေါ်က လူတွေဟာ ဒီလူဘယ်သူလဲ ၊ ဘာကြောင့်ဒီလိုရက်စက်တဲ့လုပ်ရပ်မျိုးကို ကျူးလွန်နိုင်ရတာလဲဆိုတာ မေးခွန်းတွေ မေးလာကြပြီး ဒီတရားခံကို ရှာဖွေဖို့ ကြိုးစားကြပါတော့တယ်။ Video မှာပါဝင်တဲ့ လူ က ဘယ်သူလဲ ၊​ဘယ်မှာနေထိုင်တာလဲဆိုတာကို ခန့်မှန်းကြဖို့ Facebook မှာ Group တစ်ခု ဖန်တီးကြပြီး ဗီဒီယိုထဲမှာပါဝင်တဲ့ အိပ်ရာခင်းတို့၊ အသုံးပြုတဲ့ ဖုန်စုပ်စက်တို့၊ သောက်ထားတဲ့ စီးကရက်ဘူးတို့ကိုကြည့်ပြီး ဒီလူကို ခြေရာခံဖို့ ကြိုးစားကြပါတော့တယ်။ နောက်ရက်အနည်းငယ်မှာပဲ သတ်ခံလိုက်ရတဲ့ ကြောင်လေးတွေကို ရေခဲသေတ္တာထဲ ထည့်ခဲထားပြီး အဲ့ကြောင်သေလေးတွေကို ဆော့ပြနေတဲ့ Video အသစ်တစ်ခုထပ်တက်လာတဲ့အခါမှာတော့ လူတွေဟာ ဒီလူကို လုံးဝခွင့်မလွှတ်နိုင်ကြတော့ပါဘူး။ အင်တာနက်ကြီးတစ်ခုဟာ ပွက်လောရိုက်လာပြီး ဒီလူကို အမဲဖြတ်ချင်လာကြပါတယ်။ အဲ့လူကို ထောက်လှမ်းဖို့ ကို ရဲတွေက စိတ်ဝင်စားဟန်မပြတဲ့အခါမှာတော့ ကမ္ဘာအနှံ့အပြားက လူတွေက ဒီလူကို သူတို့ကိုယ်တိုင်ရအောင်ရှာမယ်ဆိုပြီး အချိန်တွေပေး၊ မရမက လိုက်ရှာပါတော့တယ်။ အဓိကကတော့ အင်တာနက်ပေါ်က ခြေရာတွေကို လိုက်ကောက်ကြပြီး ဒီလူက ဘယ်သူဖြစ်နိုင်တယ်၊ ဘယ်မြို့က ဘယ်တိုက်ခန်းမှာနေတယ်ဆိုတာအထိကို ဖော်ထုတ်နိုင်ပါတော့တယ်။​ ဒါပေမယ့် သူတို့ သွားရောက်ရှာဖွေတဲ့အခါမှာတော့ ဒီလူဟာ အဲ့သည်တိုက်ခန်းမှာ နေခဲ့တယ်ဆိုတာ မှန်ပေမယ့် အခုချိန်မှာ ရှိမနေတော့ပါဘူး။ သူဟာ ကမ္ဘာကြီးပေါ်က ဘယ်နေရာမှာမဆို ရှိနေနိုင်ပြီး သူ့ကို ရှာဖွေဖို့ အလွန်ကို ခက်ခဲသွားပြန်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာ Video အသစ်တစ်ခုထပ်တက်လာပါတယ်။ ဘယ် Video လည်း၊ ဒီလူဟာ ဘာလို့ ကြောင်လေးတွေကို သတ်ရတာလဲ၊ ကြောင်တွေသတ်ရုံနဲ့တင် ရပ်သွားမလား၊ ဒီထက်အဆင့်တွေတက်လာမလား၊ လူတကာရဲ့ စိတ်ဝင်စားမှုကိုခံချင်တဲ့ ဒီကွင်းဆက်လူသတ်သမားကို ဘယ်လိုရှာဖွေကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ရုပ်ရှင်ကို ကြည့်ချင်တယ်ဆိုရင်တော့

ကြည့်ရှုရန် Link: https://moviesjoy.to/tv/dont-fk-with-cats-hunting-an-internet-killer-62181

ကနေ ကြည့်ရှုနိုင်ပါတယ်။

Report Page