Disconnect

Disconnect

ကြည့်..ကြည့်..ကြည့်..

ဒီဇာတ်ကားလေးကတော့ အင်တာနက်ခေတ်ပေါ်မှာ မွေးဖွားလာတဲ့ လူတွေအတွက်ရော..အင်တာနက်ခေတ်ကြီးကို လက်လှမ်းမီဖို့ ကြိုးစားပြီးရုန်းရင်းဆန်ခတ် လိုက်နေရတဲ့ လူတိုင်းအတွက် ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်။ Disconnect လို့ကြည့်လိုက်ကတည်းကိုက "Connection” တစ်ခုခုနဲ့သက်ဆိုင်မယ်လို့ယူဆကြလို့ရတယ်ပေါ့။ ဒီနေ့ လူသားတွေရဲ့ ဘဝမှာ “inter-connectivity”လို့ခေါ်တဲ့ အပြန်ချိတ်ဆက်မှု ဆက်သွယ်မှုတွေရှိတတ်ကြပါတယ်။ အင်တာနက် ခေတ်နဲ့ပြောမယ်ဆိုရင်တော့ လူတွေက အရင်တုန်း Face-to-Face (လူချင်းတွေ့ ဆက်ဆံမှုတွေရှိသလို) အများစုကတော့ Online (အွန်လိုင်းပေါ်ကနေ ချိတ်ဆက်) မှုတွေကိုပြုလုပ်လာကြပါတယ်။ Screen တစ်ဖက်တစ်ချက်ကနေ လူတွေရဲ့ အလေ့အထကိုလေ့လာကြတယ်..ခန့်မှန်းကြတယ်..ရင်းနှီးအောင်လုပ်ကြတယ်..နည်းနည်းရင်းနှီးပြီဆိုရင်တော့..ရင်ဖွင့်ကြတယ်..အဲဒီထပ်ရင်းနှီးလာပြီဆို..လျို့ဝှက်ချက်တွေကို ပြောပြကြတယ်..ချစ်ကြိုက်လာကြတယ်ပေါ့။ ဒီဇတ်ကားမှာ ပါဝင်တဲ့ ဇာတ်ဆောင်တွေအားလုံးက အင်တာနက် ကမ္ဘာနဲ့ တစ်နည်းတစ်ဖုံ ရှုထောင့် ပေါင်းစုံကနေ ချိတ်ဆက်မှုတွေပြုလုပ်နေကြတဲ့သူတွေပေါ့။ တော်တော်များများက သူတို့ရဲ့ အထီးကျန်မှုကို ဖြည့်တင်းရန် အတွက် အင်တာနက်ပေါ်မှာချိတ်ဆက်ကြတယ်...တစ်ခါတစ်လေ ပျော်ဖို့ကောင်းတယ်ပေါ့.တစ်ခါတလေလည်း..စိတ်ညစ်စရာလေးတွေ..စိတ်ဓါတ်ကျစရာလေးတွေ.ဒေါသထွက်စရာတွေပါတယ်။ တစ်ခါတစ်ရံမှာတော့ အနိုင့်ကျင့်မှု အကြမ်းဖက်မှုတွေလည်းပါတာမို့ အင်တာနက်ရဲ့ အကျိုးဆက်တွေလည်း ရှိနေပြန်တယ်။  အထီးကျန်မှု (သို့) အားလပ်တဲ့အချိန်တွေမှာ Social Media Site တွေကို အသုံးပြုရင်း တစ်ဖက်က အဲ့ဒီ Site တွေရဲ့ နောက်ကွယ်မှာ လူတစ်ယောက်ချင်းစီရဲ့ "LIKE” တွေ " CLICK” ကို Machine Learning တွေလုပ်နေတယ်ဆိုတာပါ။  

လူတော်တော်များများနဲ့ ရင်ဘတ်နဲ့ခံစားပြီး ကြည့်ရှုနိုင်တဲ့ ကားမို့...ဒီအပတ်မှာတော့ ကြည့်ဖြစ်အောင်ကြည့်ပါဗျို့.....


ကြည့်ရှုရန် Link: https://moviesjoy.to/watch-movie/disconnect-13532.5304454








Report Page