Digital repression in September/25

Digital repression in September/25

၂၀၂၅ ခုနှစ် စက်တင်ဘာလ အတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များSeptember 08, 2025


▪️စက်တင်ဘာ (၁)   စစ်အာဏာရှင်တပ်က ထားဝယ်အရှေ့တော အညာဖျားရွာနှင့် အနီးဝန်းကျင်တွင် စစ်ကြောင်းထိုးနေသဖြင့် တာဝိုင်တိုင်ရှိ မီးစက်အား သွားရောက် ဆီမဖြည့်တင်းနိုင် ဖြစ်ကာ ဖုန်းလိုင်းများ ပြတ်တောက် ခဲ့ခြင်း 

စက်တင်ဘာ (၂)   မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်မြောက်ခြမ်းရှိ ဖုန်းလိုင်းတွေ အင်တာနက်လိုင်း ပြတ်တောက်နေသည့် ကျေးရွာများအား ဗုံးကြဲခဲ့ခြင်း

▪️စက်တင်ဘာ (၂)   စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အင်တာနက်နှင့် ဖုန်းလိုင်း ပြတ်တောက်နေသည့် နေရာတွင် တည်ရှိသည် ပရဟိတ ဆေးရုံတစ်ခုကို စစ်တပ် မီးရှို့ခဲ့ခြင်း

▪️စက်တင်ဘာ (၃)   ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဩဂုတ်လ တတိယပတ်က ပြန်လည် ဖွင့်ပေးခဲ့သည့် Mytel ဖုန်းလိုင်းများ ပြန်လည်ပြတ်တောက်ခဲ့ခြင်း 

▪️စက်တင်ဘာ (၃)   ရခိုင်လူမျိုး ရပ်ပါ(Rapper)အဆိုတော် ဇွဲပြည့်ပိုင်(ခေါ်) Mg Alpha အား တာမွေရှိ ၎င်း၏ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း 

▪️စက်တင်ဘာ (၆)   ရွေးကောက်ပွဲ ပျက်ပြားစေရန်  Online Media များပေါ်မှ ရေးသားဖြန့်ဝေမှု သုံးမှုအား အရေးယူထားဟု ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ပြောကြားခဲ့ခြင်း 

▪️စက်တင်ဘာ (၇)   ယခုရက်ပိုင်းအတွင်း လူသုံးများသည့် VPN အချို့ သုံးစွဲမရသည့် အခြေအနေ ဖြစ်ပေါ်ခဲ့ခြင်း

▪️စက်တင်ဘာ (၈)   ညောင်ဦးမြို့နယ်၊ ပုဂံမြို့ပေါ်တွင် ဟိုတယ်များနှင့်တည်းခိုခန်းများကို ဧည့်စာရင်းစစ်ရာတွင် ရဲနှင့်စစ်တပ်က PSMS ဆော့ဝဲများဖြင့် စစ်ဆေးနေပြီး CDM ဝန်ထမ်းတချို့ ဘုရားဖူးလာရင်း ဖမ်းဆီးခံခဲ့ရခဲ့ခြင်း

▪️စက်တင်ဘာ (၈)   အာရက္ခတပ်တော် (AA) က ၎င်းတို့၏ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများမှ အောက်ခြေဝန်ထမ်းများအထိ သတင်းမီဒီယာများဖြင့် အင်တာဗျူးဖြေဆိုခွင့် ပိတ်ပင်ထားခဲ့ခြင်း 

▪️စက်တင်ဘာ (၉)   ကချင်ပြည်နယ် မိုးညှင်းမြို့မှာ Mytel ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြန်ရခဲ့ခြင်း

▪️စက်တင်ဘာ (၉)   တောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲ ကာကွယ်​​ပေး​ရေးဥပ​ဒေဖြင့် ဖမ်းဆီး ခံခဲ့ရသူအား အလုပ်နှင့် ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့ခြင်း

▪️စက်တင်ဘာ (၉)   စစ်ကော်မရှင်က ပြည်တွင်းအင်တာနက်အသုံးပြုသူများကို စောင့်ကြည့်ထောက်လှမ်းရန် တရုတ်ကုမ္ပဏီ Geedge Networks ၏ အင်တာနက်စောင့်ကြည့်ထောက်လှမ်းစက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုတွင် တပ်ဆင်အသုံးပြုနေဟု JFM ထုတ်ပြန်ခဲ့ခြင်း 

▪️စက်တင်ဘာ (၁၀)  မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး နယ်စပ်တစ်ဝိုက် လက်ရှိတိုက်ပွဲ ပြင်းထန်နေသည့် ဒေသများတွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းကို တစ်ရက်အတွင်း နာရီပိုင်းခန့်သာ ရရှိ

▪️စက်တင်ဘာ (၁၀)  ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် တွင် ဖုန်းလိုင်းများပြတ်တောက်နေပြီး စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ကုန်အဝင်အထွက် ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ဒေသခံများ အခက်အခဲဖြစ်ခဲ့ခြင်း 

▪️စက်တင်ဘာ (၁၁)  အူရီဒူးမြန်မာ ဆက်သွယ်ရေးကုမ္ပဏီ၏ ပိုင်ရှင်အသစ်မှာ ဂျော်နသန် ကျော်သောင်းဖြစ်ဟု DVB သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း 

▪️စက်တင်ဘာ (၁၁)  စက်တင်ဘာ ၂၀ ရက်မှစ၍ အူရီဒူးမြန်မာက  U9 အမည်သစ်သို့ တရားဝင် ကူးပြောင်းမည် 

▪️စက်တင်ဘာ (၁၆)  ပေါက်ကြားလာသော အချက်အလက်များကို အခြေခံ၍ Interesting Engineering ၏ ထုတ်ဖော်ပြောကြားချက်အရ Tiangou အင်တာနက် ဆင်ဆာ စနစ်ကို မြန်မာနိုင်ငံရှိ ဒေတာစင်တာ ၂၆ ခုလုံးတွင် ထည့်သွင်းထားပြီး တပြိုင်နက်တည်း TCP connection ၈၁ သန်းကို စောင့်ကြည့်နိုင်သည့် live dashboard များကို ပံ့ပိုးပေးနိုင်သည်ဟု ဖော်ပြထားခဲ့ခြင်း

▪️စက်တင်ဘာ (၁၆)  ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နေရာအချို့တွင် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ရရှိခဲ့ခြင်း 

▪️စက်တင်ဘာ (၁၆)  စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပကဖ) ၎င်းတို့ ထိန်းချုပ်နေမြေများ အတွင်းရှိ အင်တာနက်လိုင်းများအား ရက်အကန့်သတ်မရှိ ပိတ်ပင်ခဲ့ခြင်း 

▪️စက်တင်ဘာ (၁၇)  စစ်ရေးအခြေအနေအရ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်အတွင်းရှိ အင်တာနက် ဆိုင်များ ယာယီပိတ်သိမ်းရန် NUG ထုတ်ပြန်ခဲ့ခြင်း 

▪️စက်တင်ဘာ (၂၀)  စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရခြင်း 

▪️စက်တင်ဘာ (၂၂)  မောင်တောအခြေစိုက် Border News Agency (BNA) သတင်းဌာနမှ အမျိုးသမီး သတင်းထောက် တစ်ဦးကို အာရက္ခတပ်တော် (AA) မှ ဖမ်းဆီးခဲ့ခြင်း 

▪️စက်တင်ဘာ (၂၂)  ရွေးကောက်ပွဲ ပျက်ပြားစေရန် လူမှုကွန်ယက်အပါအဝင် ပုံစံမျိုးစုံဖြင့် ပြုလုပ်ခဲ့သည်ဟု ဆိုကာ ပြည်သူ (၉) ဦးအား အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့် အရေးယူဟု စစ်ကော်မရှင် ထုတ်ပြန်။ ထိုအထဲတွင် အသက်မပြည့်သေးသူ (၃) ဦးပါဝင်ခဲ့ခြင်း 

▪️စက်တင်ဘာ (၂၂)  စစ်ကောင်မရှင် ဗဟိုဘဏ်က မြန်မာဘဏ်လုပ်ငန်းများတွင် ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြုနိုင်ရေး လိုအပ်တဲ့အခြေအနေတွေကို ဟွာဝေး ကုမ္ပဏီနဲ့ ဆွေးနွေးနေခဲ့ခြင်း  

▪️စက်တင်ဘာ (၂၂)  ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လုမြန်ရွာနဲ့ ဆော့လော်မြို့နယ် လန်ဆယ်ရွာဘက်တွင် တိုက်ပွဲများ ပြင်းထန်းနေပြီး တရုတ်နယ်စပ်နှင့် နီးသည့်ဒေသများတွင် တရုတ်ဘက်မှ ဖုန်းလိုင်း ဖြတ်တောက်ထားသည်ဟု ရွှေဖီမြေ သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း

▪️စက်တင်ဘာ (၂၄)  ခေတ်သစ်မီဒီယာကို ရွေးကောက်ပွဲ ပျက်ပြားစေရန် လှုံ့ဆော်ရေး သားသည်ဟုဆိုကာ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် စက်တင်ဘာလ (၄) ရက်နေ့က စစ်ကောင်စီ အမှုဖွင့်ခဲ့ခြင်း  

▪️စက်တင်ဘာ (၂၆)  စစ်ကောင်မရှင် ဝါဒဖြန့်သတင်း ရေးသာသူ (၂) ဦး နှင့် မြန်မာသတင်းမီဒီယာကောင်စီ အတွင်းအရေးမှုး ဦးအေးချမ်းကို အန္ဒိယက သတင်းထောက်များလေ့လာရေး ခရီးစဉ်အတွက် ဖိတ်ခေါ်ခဲ့ခြင်း 

▪️စက်တင်ဘာ (၂၈)  ရွေးကောက်ပွဲ ဝါဒဖြန့်ဖို့ ပြည်တွင်းက မီဒီယာ သမားတွေကို သိန်းရာချီပေးကာ ဝယ်ယူနေတယ်လို့ MPA သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း 

▪️စက်တင်ဘာ (၃၀)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၁၁ ) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ 


Report Page