Digital repression in August

Digital repression in August

2026 ခုနှစ်  ဩဂုတ်လ အတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ 


▪️ဩဂုတ် (၃)  ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တမြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ဖုန်းလိုင်းများပါ ပြတ်တောက်နေသဖြင့်  ကယ်ဆယ်ရေးလုပ်ငန်းများအခက်အခဲဖြစ်ခဲ့ခြင်း 

▪️ဩဂုတ် (၄)  ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ်ထက်မနဲ ပြုလုပ်ခဲ့ ခဲ့ခြင်း

▪️ဩဂုတ် (၅)  ရခိုင်ပြည်တွင် Starlink စက်များ မကြာမီရပ်တန့်သွားနိုင်သည်ဆိုသည့် သတင်းကြောင့် ငွေထုတ်ခ နှုန်းထားများ မြင့်တက်လာ။ တစ်သိန်းလျှင် ငွေထုတ်ခ (၁၀၀၀၀) ထိ ရောက်လာခဲ့ခြင်း

▪️ဩဂုတ် (၆)  ရေဘေးကြုံတွေ့နေရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ MPT မိုဘိုင်းစခန်း ၁၃ ခုအနက် ၁၁ ခု ပြတ်တောက်နေခဲ့ခြင်း 

▪️ဩဂုတ် (၇)  တော်လှန်ရေးဒေသက Starlink စတားလင့်စက်များကို ကျားဖြန့်လုပ်ငန်း လုပ်ဆောင်နေသူတွေ လိုက်လံဝယ်ယူနေ ဟု ဧရာဝတီ သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း

▪️ဩဂုတ် (၉)  ရေးဘီလူး ပို့စ်အောက်မှာ ကွန်မန့် ရေးသည့် မွန်ပြည်နယ်မှ အမျိုးသမီးတစ်ဦးကို စစ်အုပ်စု ဖမ်းဆီးခဲ့ခြင်း 

▪️ဩဂုတ် (၁၀)  ရေးဘီလူး ပို့စ်အောက်မှာ Reaction ပေးသည့် မွန်ပြည်နယ်မှ အမျိုးသားတစ်ဦး စစ်အုပ်စု ဖမ်းဆီးခဲ့ခြင်း 

▪️ဩဂုတ် (၁၁)  စစ်ကိုင်းတိုင်း၊ ကန့်ဘလူ ကောလင်း၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး ဒေသများတွင် ရေကြီးမှုများ ကြုံတွေ့နေရပြီး ဆက်သွယ်ရေးလိုင်းများပါ ဖြတ်တောက်ခံထားရသည့်အတွက် ကူညီကယ်ဆယ်ရေး အခက်အခဲများ ဖြစ်ပေါ် ခဲ့ခြင်း

▪️ဩဂုတ် (၁၂)  CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဘူမိဗေဒ ကျူတာဆရာမတစ်ဦးကို တာချီလိပ် လေဆိပ်တွင် PSMS စနစ်ဖြင့် စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်း 

▪️ဩဂုတ် (၁၂)  တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာများအား စစ်အုပ်စုက ဖုန်းလိုင်းဖြတ်တောက်ပြီး စစ်ကြောင်းထိုးနေခဲ့ခြင်း 

▪️ဩဂုတ် (၁၄)  Border News Agency (BNA) မှ အမျိုးသမီးသတင်းထောက်တစ်ဦး၏ အမည်၊ ဓာတ်ပုံနှင့်  ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အသုံးပြုပြီး လူမှုကွန်ယက်တွင် ဂုဏ်သိက္ခာကျဆင်းစေရန် ပစ်မှတ်ထားတိုက်ခိုက်ခံရခဲ့ခြင်း 

▪️ဩဂုတ် (၁၅)  စတားလင့် မူဝါဒ အပြောင်းအလဲကြောင့် ကချင်ပြည်နယ်တွင် စတားလင့် အသုံးပြုခများစျေးနှန်း သိသာစွာ မြင့်တက်ခဲ့ခြင်း 

▪️ဩဂုတ် (၁၇)  မြဝတီတောင်ပိုင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ထိန်းချုပ် နယ်မြေအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နေရာများ စတားလင့်ခ်အစား ကေဘယ်လ်ကြိုး အင်တာနက် ပြောင်းလဲသုံးစွဲလာခဲ့ခြင်း 

▪️ဩဂုတ် (၁၇)  စတားလင့်စက်များ ဖြတ်တောက်မည်ဟု သတင်းထွက်ပေါ်ပြီးနောက် ကျားဖြန့် လုပ်ငန်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် Atom နှင့် Mytel အင်တာနက်လိုင်းများ ပြန်ရခဲ့ခြင်း 

▪️ဩဂုတ် (၁၇)  ပို့ကုန်၊ သွင်းကုန် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းစဉ်များ စီမံခန့်ခွဲမည့် ဒီဂျစ်တယ်ပလက်ဖောင်းရေးဆွဲရန် ရုရှားကာကွယ်ရေးဌာနများနှင့် ဆက်နွယ်သည့် ရုရှားနည်းပညာကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း 

▪️ဩဂုတ် (၁၈)  မြင်းခြံမြို့နယ်အတွင်း လုံခြုံရေးကောင်းမွန်လာမှသာ 3G နဲ့ 4G စနစ် မိုဘိုင်းအင်တာနက်လိုင်းများ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်မည်ဟု စစ်အုပ်စုပြောကြားခဲ့ခြင်း

▪️ဩဂုတ် (၁၈)  ကရင်နီပြည်နယ်အတွင်းရှိ   စတားလင့်အင်တာနက်ဆိုင်အချို့က အင်တာနက်အသုံးပြုခအား နာရီဖြင့် ကောက်ခံသည့် စနစ်အစား ဒေတာဖြင့် ကောက်ခံသည့် စနစ်သို့ ပြောင်းလဲခဲ့ခြင်း 

▪️ဩဂုတ် (၁၉)  ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေဟု စစ်အုပ်စု၏ ဆက်သွယ်ရေးဒုဝန်ကြီးပြောခဲ့ခြင်း 

▪️ဩဂုတ် (၁၉)  ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ Starlink အသုံးပြု အင်တာနက် ကဖေးများတွင်လည် အသုံးပြုခကို ဒေတာပမာဏဖြင့် ကောက်ခံသော စနစ်သို့ ပြောင်းလဲ  ခဲ့ခြင်း

▪️ဩဂုတ် (၂၀ )  Strategy First College နှင့် JobNet Myanmar  တို့ Cyber Attack ပြုလုပ်ခံရခဲ့ခြင်း

▪️ဩဂုတ် (၂၂)  Tiktok တွင် စစ်အုပ်စုအား ဆန့်ကျင်သည့် အကြောင်းအရာ များတင်သည်ဟု ဆိုကာ လှိုင်သာယာ မြို့နယ်တွင် နေထိုင်သည့် အမျိုးသား တစ်ဦးအား ဖမ်းဆီး ခဲ့ခြင်း

▪️ဩဂုတ် (၂၄)  ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ စစ်အုပ်စု စစ်ဆေးရေးဂိတ်တွင် ခရီးသွားများကို  PSMS ဖြင့် စစ်ဆေး ခဲ့ခြင်း

▪️ဩဂုတ် (၂၅)  KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University တို့မှ အချက်အလက်များကို ဆိုက်ဘာတိုက်ခိုက်ပြီး ရယူထားဟု The Crew  အဖွဲ့ ကြေငြာခဲ့ခြင်း 

▪️ဩဂုတ် (၂၆)  ဧရာဝတီတိုင်တွင် ရေကာတာ ရေယိုစမ်းမှု သတင်းများ လူမှုကွန်ရက်ပေါ် ဖြန်ဝေသူများကို အရေးယူမယ်ဟု စစ်အုပ်စု ခြိမ်း​ခြောက်ခဲ့ခြင်း 

▪️ဩဂုတ် (၂၇)  ပြည်တွင်းဘဏ်များ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်များကို ပြည်ပမှ အသုံးပြု၍ မရအောင် ကန့်သတ်ပိတ်ပင်ရန် ဗဟိုဘဏ်ညွှန်ကြားခဲ့ခြင်း

▪️ဩဂုတ် (၂၈)  လိင်တူချစ် စာအုပ်ရောင်းသည့် Facebook စာမျက်နှာ ၉ ခုအား  အရေးယူမည်ဟု စစ်အုပ်စု သတိပေးခဲ့ခြင်း

▪️ဩဂုတ် (၃၁) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၇) ဦးရှိခဲ့ခြင်း

▪️ဩဂုတ် (၂၆)  ဧရာဝတီတိုင်တွင် ရေကာတာ ရေယိုစမ်းမှု သတင်းများ လူမှုကွန်ရက်ပေါ် ဖြန်ဝေသူများကို အရေးယူမယ်ဟု စစ်အုပ်စု ခြိမ်း​ခြောက်ခဲ့ခြင်း 

▪️ဩဂုတ် (၂၇)  ပြည်တွင်းဘဏ်များ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်များကို ပြည်ပမှ အသုံးပြု၍ မရအောင် ကန့်သတ်ပိတ်ပင်ရန် ဗဟိုဘဏ်ညွှန်ကြားခဲ့ခြင်း 

▪️ဩဂုတ် (၂၈)  လိင်တူချစ် စာအုပ်ရောင်းသည့် Facebook စာမျက်နှာ ၉ ခုအား  အရေးယူမည်ဟု စစ်အုပ်စု သတိပေးခဲ့ခြင်း

▪️ဩဂုတ် (၃၁) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၁၀) ဦးရှိခဲ့ခြင်း စသည့် ဖြစ်စဉ်များ ဒစ်ဂျစ်ရပ်ဝန်းအတွင်းဖြစ်ပေါ်ခဲ့ပါတယ်။ 


Report Page