Digital Resolution for 2022

Digital Resolution for 2022


ဝိုင်းတော်သားတွေရဲ့ New Year Resolution 2022 ကတော့....

  1. 2022 မှာ - ဒစ်ဂျစ်တယ် Device တွေနဲ့အတူ ဒစ်ဂျစ်တယ်အသိပညာတွေကို Upgrade/ Update လုပ်မယ်

ဖုန်းတွေ ၊ လပ်တော့တွေကို Software Update တွေ လုပ်မယ်။ ဖုန်းတွေ လပ်တော့တွေမှာ အမြဲတမ်း Software Update တွေ ထွက်လာတဲ့အခါမှာ Remind me tomorrow တို့ ၊ လုံးဝပစ်ထားလိုက်တာတို့ ၊ ဘေကုန်မှာစိုးတာမျိုးတို့ နဲ့ Update တွေ မတင်ပဲ နေတတ်ကြပါတယ်။ ဒါဟာ ကိုယ့် Device တွေရဲ့ လုံခြုံရေးကို ထိခိုက်နိုင်ပြီး ကိုယ့် Device မှာ နောက်ဆုံးပေါ်လုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားတာမျိုး မရှိနိုင်တော့ပါဘူး။ Virus တွေ နဲ့ Hacker တွေဟာ အမြဲတမ်း တိုးတက်လာနေကြပြီး ကိုယ်ကလည်း ကိုယ်သုံးတဲ့ ဖုန်းတွေ ၊ လပ်တော့တွေ ၊ Software တွေ ၊ Application တွေကို လည်း အမြဲတမ်း မြှင့်တင်ထားဖို့ လိုအပ်ပါတယ်။ ဒါကို နှစ်သစ်အတွက် ကိုယ့်ကိုကိုယ်ပေးတဲ့ ကတိတစ်ခုအနေနဲ့ ပါဝင်သင့်ပါတယ်။ 

2. 2022 မှာ- နောက်ကြောင်းရှင်းဖို့ History ရှင်းမယ်..

အပြင်လက်တွေ့ဘဝမှာပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ်ဘဝမှာပဲဖြစ်ဖြစ် နောက်ကြောင်းရှင်းဖို့က အင်မတန်အရေးကြီးတယ်ကိုယ့်လူရေ... ပြောဆိုဆက်သွယ်မှုတွေမှာ နောက်ကြောင်းရှင်းဖို့ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်သွယ်မှုတွေ လုပ်တဲ့အခါမှာ  အချိန်သတ်မှတ်ပြီး ဖျက်လို့ရတဲ့ Function တွေကိုသုံးပါဗျို့..ပြောဆိုဆက်သွယ်မှုတွေ ပြုလုပ်ပြီးတဲ့ နောက်မှာလည်း ထိရှလွယ်တဲ့ အကြောင်းအရာ ပြောဆိုမှုတွေကို ရှင်းလင်းသွားအောင် အကုန်ဖျက်ပစ်ကြပါဗျို့…

"ဒေတာကင်းဝေး ဒို့ရန်အေး ဆိုတဲ့ ဆောင်ပုဒ်" နဲ့အညီ တိုးလို့တန်းလန်း ဖြစ်နေတဲ့ သံယောဇဉ်တွေ..အမျှင်လေးတွေ တန်းမနေပဲ ဒစ်ဂျစ်တယ်ဘဝမှာ သောကကင်းဝေးအောင် နောက်ကြောင်းရှင်းကြပါစို့....

Browser History ရှင်းဖို့ကိုတော့ မပြောလည်းသိတယ်မလား!


3. 2022မှာ- Password  Manager သုံးဖြစ်အောင်သုံးမယ်

လာမယ့် ၂၀၂၂ မှာ 

ငါ့ Password တွေ  က အခက်ကြီး အရှည်ကြီးကွဆိုပြီး  မာနနဲ့နေနေပြီး အဲ့ဒီ Password တွေကို မဟာနုတ်ဘုတ်တော်ကြီးမှာ မှတ်ထားတုန်းပဲလား … ဘာထူးမလဲဗျာ … ဘာမှလာမငြင်းနဲ့ ဖုန်းထဲက Note လဲတူတူ ပဲ ....   " Password Manager သုံးခြင်းဖြင့် မိမိ၏ password များ အလွယ်တကူ ကျိုးပေါက်ခြင်းမှ ကာကွယ်ပါ " လုံခြုံတဲ့ Password Manager  တွေကို နေ့စဉ်မှန်မှန် စနစ်တကျ အသုံးပြုတဲ့ ခင်ဗျားတို့ပြောပြောနေတဲ့ Password မေ့လို့ Facebook ဝင်မရဘူးတို့ .... Password က ရိုက်လိုက်တာ မှန်သလိုလို မမှန်သလိုလိုနဲ့ မှန်ချင်ပြီး မမှန်ဘူးဖြစ်နေတယ်တို့ ဘာတို့ ညာတို့တွေကို  ရှင်းပြီးသားဖြစ်ပါလိမ့်မယ်။  Password  Manager  တွေက Password  သိမ်းရုံးတင်မကပဲတခြားလုပ်နိုင်တာတွေအများကြီးရှိတာမို့ ထပ်မပြောတော့ဘူးဗျာ .... ၂၀၂၂ မှာတော့  သုံးဖြစ်အောင်သုံးကြပါတော့ဗျို့...  


4. 2022 မှာ-  Phishing Link  တွေကို အမြဲအပြတ်သတိထားမယ်..

Link..Link..နှစ်ခါစစ်…

"လုံခြုံရေးမြင့်တင်ဖို့ တွေ့ကရာလင့် မနှိပ်ရေး..ဒို့အရေးလို့ သတ်မှတ်ပြီး ၂၀၂၂ မှာ Link များမှ လှည့်စားမခံရဖို့ ဝိုင်းတော်သားတွေ က ၂၀၂၂ resolution အနေနဲ့  သတ်မှတ်ထားပါတယ်။ iPhone ပေါက််ဖို့..ကူပွန်ရဖို့နဲ့  ပိုက်ဆံဒီလောက်ရမယ်..ဒါလေး Share ပါ ဆိုတဲ့ ဒစ်ဂျစ်ဘေးရန်ဆိုး ၂၀၂၂ မှာရှောင်းကြကုန်စို့ အမျိုးတို့ရေ....


5. 2022 မှာ - Back Up လုပ်မယ်၊ ဒေတာတွေကို တန်ဖိုးထားမယ်

ကိုယ့်ဒေတာတွေကို တန်ဖိုးထားတတ်တဲ့ သူတိုင်း Backup ပြုလုပ်သင့်ပါတယ်။ တန်ဖိုးမထားတတ်တဲ့သူတွေလည်း တန်ဖိုးထားတတ်အောင် ကြိုးစားကြပါဗျို့။ ကိုယ့်ဒေတာတွေဟာ ကိုယ့်အမှတ်တရတွေပါ။ ကိုယ့်ဒေတာတွေဟာ ကိုယ့်ဘဝခြေရာတွေပါ။ ဒီဒေတာတွေ တခြားသူတွေ မရယူနိုင်အောင် ကာကွယ်ဖို့လည်း လိုအပ်သလို ဒီဒေတာတွေကို မဆုံးရှုံးရအောင် Backup လုပ်ပြီး သိမ်းထားဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အရေးကြီးတဲ့ ဒေတာတွေကို hard Disk တွေ၊ USB Stick တွေ ၊ နောက် Cloud Storage တွေ ဖြစ်တဲ့ Google Drive လို , Mega လိုတွေထဲမှာ လုံခြုံစွာ သိမ်းထားနိုင်ပါတယ်။ 


ကဲ..ဒါကတော့ ဝိုင်းတော်သားတွေ ချမှတ်ထားတဲ့ New Year Resolution 2022 ပဲဖြစ်ပါတယ်ဗျို့..ဝိုင်းတော်သားတွေရဲ့ Resolution အောင်မြင်ဖို့ဆိုတာက နွေဦးရောင်းရင်းတစ်ယောက်ချင်းစီရဲ့ ပါဝင်မှု နဲ့ ဒစ်ဂျစ်တယ် အသိပညာကြွယ်ဝမှုအပေါ်မှာလည်း အများကြီး မူတည်တာမို့…

ရောင်းရင်းတို့ရေ....ဝေ

ရောင်းရင်းတို့ရေ......ဝါးလားလို့ အတိုင်အပေါက်ညီညီသွားနိုင်ဖို့ရာ…

Resolution  အားလုံးကို နိဂုံးချုပ်ရမယ်ဆိုရင်တော့ဖြင့်....

"ငါသည် အင်တာနက်ကို သုံး၍ အမှန်တရား ၌ရပ်ကာ ငါ့ဒေတာအား စောင့်ထိမ်းလေ၏ "

ကဲ..ရောင်းရင်းတို့ရေ ၂၀၂၂ မှာ Stupid ဖြစ်တာတွေ သိပ်မလုပ်ရအောင်ဗျာ…

ရောင်းရင်းတို့ရဲ့...Resolution လဲမျှဝေခဲ့ပါဦးဗျာ.....



Report Page