Digital Repression of September
နွေဦးလုံခြုံရေးဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ (2023 ခုနှစ် စက်တင်ဘာလ)

🔺 စက်တင်ဘာ (၁) မန္တလေးမြို့ရှိ လမ်းဘေးစျေးဆိုင်များတွင် CCTV ကင်မရာများ မဖြစ်မနေတပ်ဆင်ရန် စစ်ကောင်စီ ဖိအားပေး။ ဩဂုတ်လ ၂၄ ရက်နေ့တွင် အရပ်ဝတ်စစ်သားများ၊ ရဲများနှင့် စည်ပင်ဝန်ထမ်းများက အောင်မြေသာစံမြို့နယ်အတွင်း လမ်းမဘေးတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့် သတိပေးစာများပေးခဲ့ကြောင်းသိရသည်။
🔺စက်တင်ဘာ (၂) ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်ရှိ မြို့နယ်များဖြစ်သည့် ဖြူး၊ ကျောက်တံခါး၊ မုန်း၊ ကျောက်ကြီးနှင့် ရေတာရှည် ဒေသများတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာ တစ်လဝန်းကျင်ရှိပြီဖြစ်သည်။
🔺 စက်တင်ဘာ (၂) MRTV Application အား မိုဘိုင်းဖုန်းများတွင် Download လုပ်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ၏ လော်ဘီ တယ်လီဂရမ် ချန်နယ်များမှမျှဝေခဲ့သည်။
🔺 စက်တင်ဘာ (၃) စစ်ကောင်စီက တပ်များအတွင်း စစ်သားများ စိတ်ခွန်အားဖြစ်ရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ယုံကြည်ချက်နှင့် ခံယူချက် မြင့်မားရေး အတွက် Tik Tok သရုပ် ဖော်ပြိုင်ပွဲများ ပြုလုပ်ခိုင်းသည်။
🔺စက်တင်ဘာ (၃) မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲအဖြစ် အာဆီယံလူထုဖိုရမ်က ကြေညာခဲ့သည်။
🔺 စက်တင်ဘာ (၅) စစ်ကောင်စီဩဇာခံ သတင်းစာနဲ့ ရုရှားနိုင်ငံတကာသတင်းဌာန SPUTNIK တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘာတူစာချုပ်ချုပ်ဆိုခဲ့သည်။
🔺 စက်တင်ဘာ (၆) မိုခါမုန်တိုင်းဘေးဒဏ် ကျရောက်နေသည့် ရခိုင်ပြည်နယ်အတွင်း အခြေအနေများကို သွားရောက် မှတ်တမ်းတင်နေစဉ် မေ ၂၃ ရက်က စစ်တွေမြို့၌ ဖမ်းဆီး ခံလိုက်ရသည့် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ထောင်အနှစ် (၂၀) ချခဲ့သည်။
🔺 စက်တင်ဘာ (၉) စစ်ကောင်စီမှ စာအုပ်ထုပ်ဝေသူများအား ထုတ်လုပ်သည့် စာအုပ် (၅) အုပ်အား ပြန်ကြားရေးဝန်ကြီးဋ္ဌာနသို့ ပေးပို့ရန် ကြေငြာခဲ့သည်။
🔺 စက်တင်ဘာ (၁၂) နိုင်ငံသားစိစစ်ရေးကတ်တွေကို စမတ်ကတ်ပြောင်းဖို့ ရန်ကုန်မြို့ရှိ ရပ်ကွက်တချို့တွင် ကိုယ်ရေးမှတ်တမ်းများ ကောက်နေကြောင်းသိရသည်။
🔺 စက်တင်ဘာ (၁၃) Telenor အားလက်ပြောင်းဝယ်ယူခဲ့ရာတွင် ရှယ်ယာ အများဆုံးပါဝင်သည့် လုပ်ငန်းတစ်ခုအဖြစ် ထင်ရှားသည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်အား ဖမ်းဆီးထိန်းသိမ်းထားသည်။
🔺 စက်တင်ဘာ (၁၄) စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးသည့်အခါ သက်ဆိုင်ရာ မြိုနယ်တွေအလိုက် ဖုန်းလိုင်းတွေ ဖြတ်တောက်ထားရန် လော်ဘီချန်နယ်များမှ လှုံ့ဆော်ခဲ့သည်။
🔺 စက်တင်ဘာ (၁၆) အင်္ဂပူတွင် ဖုန်းဆင်းကဒ်နံပါတ်မှတစ်ဆင့် တည်နေရာများကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက တောင်းယူနေကြောင်းသိရသည်။
🔺 စက်တင်ဘာ (၁၈) ကချင်ပြည်နယ်၊ ြမစ်ကြီးနားမြို့ပေါ်တွင် စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှ စတင်ကာ အင်တာနက် နှင့်လျှပ်စစ်မီးများပြတ်တောက်ခဲ့ပြီး နေ့လယ် ၁နာရီကျော်ခန့်မှသာ ပြန်လည်ရရှိခဲ့သည်။
🔺 စက်တင်ဘာ (၁၉) ရခိုင်ပြည်နယ် တောင်ပိုင်း မာန်အောင်မြို့မှာနေထိုင်တဲ့ အသက် ၅၀ ခန့်အရွယ် ဦးစည်သူအောင်အား စစ်ကောင်စီကိုဝေဖန်မှုဖြင့် ၅၀၅ (က) ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးခဲ့သည်။
🔺 စက်တင်ဘာ (၂၀) မှတ်ပုံတင်နှင့် e-ID စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်-မြန်မာ ပူးပေါင်းလုပ်ဆောင်လာခဲ့သည်။
🔺 စက်တင်ဘာ (၂၀) သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနဲ့ 🔺 အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်းပြီး ကုန်သေတ္တာယာဉ်နှင့် အလုံပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်းသယ်ယူပိုဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးရေစနစ် Logistic Surveillance System (E-Lock)ကို စတင်ဆောင်ရွက်ခဲ့သည်။
🔺 စက်တင်ဘာ (၂၁) လူဦးရေကိန်းဂဏန်းများမှန်ကန်စေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး အကြိုစမ်းသပ်ဆောင်ရွက်မှုကို ယခုနှစ် အောက်တိုဘာလတွင် ကောက်ယူရန်စီစဉ်နေကြောင်းသိရသည်။
🔺 စက်တင်ဘာ (၂၂) ရန်ကုန်တိုင်း၊ တွံတေးမြိုလယ်ခေါင် စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ကာ မြို၏ အချက်အချာကျသည့်နေရာများ၌ CCTVကင်မရာများ တပ်ဆင်လိုက်ကြောင်းသိရသည်။
🔺 စက်တင်တာ (၂၃) ဦးမြင့်ကြိုင်သည် ဇီဝအချက်အလက် မှတ်တမ်းတင်သည့် ဘိုင်အိုမက်ထရစ် နည်းပညာအကြောင်း လေ့လာရန် Beijing Hisign နည်းပညာ ကုမ္ပဏီသို့လည်း သွားရောက်ခဲ့သည်။ ဧရာဝတီသတင်းဋ္ဌာန၏ အဆိုအရ စစ်ကောင်စီသည် တရုတ်နိုင်ငံအား သန်းခေါင်စာရင်း ကောက်ယူရေးနှင့် မြန်မာတွင် အီလက်ထရောနစ် ခွဲခြားစိတ်ဖြာမှုစနစ် အတွက် အကူအညီတောင်းခံထားသည်။
🔺 စက်တင်ဘာ (၂၄) ရန်ကုန်ရှိ မြို့နယ်အချို့တွင် မှတ်ပုံတင် စမတ်ကတ် (Smart card) မလုပ်ရသေးသူများ ခရီးသွားပါက ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် လဝက ရုံးထောက်ခံချက် တောင်းခံနေရသည်။
🔺 စက်တင်ဘာ (၂၄) စစ်ကောင်စီကို အွန်လိုင်ပေါ်တွင် ဝေဖန်သဖြင့် စက်တင်ဘာလ (၁၆) ရက်နေ့မှ (၂၂) ရက်နေ့အထိ တစ်ပါတ်အတွင်း လူ (၂၀) ကျော်ဖမ်းဆီးခံရသည်။
🔺စက်တင်ဘာ (၂၆) SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင်ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားဟု ကြေငြာခဲ့သည်။
🔺စက်တင်ဘာ (၂၆) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စက်တင်ဘာ ၂၆ရက် နေ့လယ်ပိုင်းမှစပြီး အင်တာနက်လိုင်း ပြန်လည်ရရှိခဲ့သည်။