Digital Repression in September
2026 ခုနှစ် စက်တင်ဘာလ အတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ▪️စက်တင်ဘာ (၁) ၂၀၂၅ ခုနှစ်အကုန်အထိ မြန်မာ့လူဦးရေ၏ ၁၅.၁ သန်းခန့်မှာ အင်တာနက် အသုံးမပြုနိုင်ဟု Datareportal ပြောကြားခဲ့ခြင်း
▪️စက်တင်ဘာ (၁) လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ် ဂေဟစနစ်ပေါ်ပေါက်အောင် လုပ်ဖို့ စစ်အုပ်စုပြောခဲ့ခြင်း
▪️စက်တင်ဘာ (၂) စစ်ကိုင်းတိုင်း ကလေးမြို့တွင် ရေကြီးပြီး U9 ဖုန်းလိုင်းများ ပြတ်တောက် ခဲ့ခြင်း
▪️စက်တင်ဘာ (၃) လူမှုကွန်ရက်ပလက်ဖောင်းမျိုးစုံမှ သတင်းတု၊ သတင်းအမှားများကြောင့် လူငယ်များ လမ်းမှားရောက်ဟု တပ်ချုပ်သစ် စွပ်စွဲ ခဲ့ခြင်း
▪️စက်တင်ဘာ (၃) ထောက်လှမ်းရေး ယန္တရား အားကောင်းစေရန် ရည်ရွယ်တည်ထောင်ထားသည့် မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency) ကို စစ်ဗိုလ်များဖြင့် ဖွဲ့စည်းထားခဲ့ခြင်း
▪️စက်တင်ဘာ (၃) မြန်မာနိုင်ငံအလယ်ပိုင်းတွင် အကောင်အထည်ဖော်မည့် Cyber City သို့ လာရောက် ရင်းနှီးမြုတ်နှံရန် ရုရှားနှင့် အာဆီယံနိုင်ငံများကို စစ်ကောင်စီ ဖိတ်ခေါ်ခဲ့ခြင်း
▪️စက်တင်ဘာ (4) တပ်တွင်းသတင်းပေါက်ကြားမှုတွေကို အပြင်းအထန် အရေးယူခဲ့ဟု ဒု စစ်ခေါင်းဆောင်ပြောခဲ့ခြင်း
▪️စက်တင်ဘာ (၅) မွန်ပြည်နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ရဲ့ လူမှုကွန်ရက်တွင် မှတ်ချက်ဝင်ရေးခဲ့သူ တစ်ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ ဖြင့် ထောင် (၇) နှစ်ချခဲ့ခြင်း
▪️စက်တင်ဘာ (၆) သားဖြစ်သူ ပေါ်တာဆွဲခံရပြီး စစ်ထဲပါသွားလို့ Tik Tok လူမှုကွန်ရက်ကနေ ဗီဒီယိုတင်ပြီး အကူအညီတောင်းခံသူ အများသမီးတစ်ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ခြင်း
▪️စက်တင်ဘာ (၈) Facebook၊ TikTok အပါအဝင် လူမှုကွန်ရက်များတွင် ဆန်ဈေးကို ခန့်မှန်း ရေးသားခြင်း မလုပ် ဖို့၊ အွန်လိုင်းဆိုင်ရာ ဥပဒေကို လိုက်နာဖို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ထုတ်ပြန်ခဲ့ခြင်း
▪️စက်တင်ဘာ (၁၀) ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်အတွင်း e-ID Smart Card ထုတ်ပေးဖို့ စတင်ပြင်ဆင်လာခဲ့ခြင်း
▪️စက်တင်ဘာ (၁၀) စစ်ဘေးရှောင်များကို ကူညီပေးနေသည့် Clean Yangon အဖွဲ့ထံ အလှူငွေ ထည့်ဝင်ခဲ့သည့် တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခဲ့ခြင်း
▪️စက်တင်ဘာ (၁၂) ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် MPT ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း
▪️စက်တင်ဘာ (၁၂) စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့တွင် ၃ နှစ်ခန့်ကြာပိတ်ထားသည့် MPT ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း
▪️စက်တင်ဘာ (၁၄) ချင်းပြည်နယ် တီးတိန်မြို့တွင် လရှည်ကြာ ပိတ်ထားသည့် MPT ဖုန်းလိုင်းနှင့် အင်တာနက်တို့ ပြန်လည်ရရှိ ခဲ့ခြင်း
▪️စက်တင်ဘာ (၁၄) ဘဏ်တွေရဲ့ အချက်အလက်တွေကို ခိုးယူရောင်းစားနေတဲ့ DYSPHOR1A အဖွဲ့ခေါင်းဆောင်ကို စသုံးလုံး ဖမ်းဆီးဟု BBC သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း
▪️စက်တင်ဘာ (၁၅) မြန်မာစစ်အာဏာရှင်ထံ သုံးစွဲသူများ၏ အချက်အလက်များကို လွှဲပြောင်းပေးအပ် ခဲ့သည့် တယ်လီနော အား နော်ဝေး အာဏာပိုင်များ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ခြင်း
▪️စက်တင်ဘာ (၁၇) နိုင်ငံရေးပုဒ်မဖြင့် ပြန်လည် လွတ်မြောက်လာသူများကို ဧည့်စာရင်းအကြောင်းပြကာ မေးမြန်းမှုနဲ့ ပြန်လည်ရှာဖွေမှုများပြုလုပ်နေဟု AAMIJ ဖော်ပြခဲ့ခြင်း
▪️စက်တင်ဘာ (၁၇) ရဲအရေးပိုင်မှုခင်းနှင့်ပတ်သက်သည့် ကူညီမှုမှတ်တမ်းများ လှုမှုကွန်ရက်ပေါ် မတင်ရန် လူမှုရေးအသင်းများအား ရဲတပ်ဖွဲ့ ညွှန်ကြားခဲ့ခြင်း
▪️စက်တင်ဘာ (၁၈) ထိုင်း၊ မလေးရှား၊ စင်ကာပူအပါအဝင် အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့တွင် ရောက် ရှိနေသည့် မြန်မာနိုင်ငံသားများအား Visa ထုတ်ပေးခြင်း၊ Visa သက်တမ်းတိုးခြင်း၊ Visa အမျိုးအစား ပြောင်းလဲခြင်းအတွက် မြန်မာသံရုံး ထောက်ခံချက်ပါရှိမှ ဆောင်ရွက်ရန် စစ်အုပ်စုက သက်ဆိုင်ရာနိုင်ငံများသို့ တောင်းဆိုခဲ့ခြင်း
▪️စက်တင်ဘာ (၁၉) 5G ဝန်ဆောင်မှု ဆောင်ရွက်ရန် ဆက်သွယ်ရေးအော်ပရေတာများအား 2600MHz လှိုင်းနှုန်းစဉ်ကို ခွင့်ပြုပေးပြီးဟု ဆက်သွယ်ရေးဝန်ကြီးဌာန ပြောခဲ့ခြင်း
▪️စက်တင်ဘာ (၁၉) မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ဗုံးကြဲတိုက်ခိုက်စဉ် Mytel တာဝါတိုင်အား ထိမှန်ပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း
▪️စက်တင်ဘာ (၂၁) မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံသို့ စစ်ယာဉ်တန်း ရောက်လာပြီးနောက် ဖုန်းလိုင်း၊ အင်တာနက်နှင့် စတာလင့်ခ် (Starlink) လိုင်းများ ဖြတ်တောက်ခံထားရခဲ့ခြင်း
▪️စက်တင်ဘာ (၂၂) ပုဂံ - ညောင်ဦးလမ်းပိုင်းတွင် ခရီးသွားများကို PSMS မျက်လုံးစကန်ဖတ် စစ်ဆေးကာ ဖမ်းဆီးမှုများ ရှိနေဟု Mizzima သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း
▪️စက်တင်ဘာ (၂၂) ခရီးသည်များ၏ မိုဘိုင်းဖုန်းများအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် အထူးသတိပြုကြရန် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA) သတိပေးခဲ့ခြင်း
▪️စက်တင်ဘာ (၂၃) အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ်တွင် ပြောဆို ရေးသားမှုများကြောင့် ၂၀၂၉ ဦး ဖမ်းဆီးခံရဟု Data for Myanmar အဖွဲ့ ဖော်ပြ ခဲ့ခြင်း
▪️စက်တင်ဘာ (၂၃) မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ စစ်အုပ်စု ပြင်ဆင်နေခဲ့ခြင်း
▪️စက်တင်ဘာ (၂၃) ချင်းပြည်နယ် တွန်းဇံမြို့တွင် MPT ဖုန်းလိုင်း ပြန်လည်ရရှိခဲ့ခြင်း
▪️စက်တင်ဘာ (၂၄) ULA က အဖွဲ့ဝင် ၁၅ ဦးပါ အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီ ဖွဲ့စည်းခဲ့ခြင်း
▪️စက်တင်ဘာ (၂၅) မန္တလေးတိုင်းဒေသကြီးအတွင်း အွန်လိုင်းငွေလိမ်မှု ၊ အွန်လိုင်းလောင်းကစားများတွင် အသုံးပြုနေသည်ဟု သံသယရှိသည့် ဆင်းကဒ် ၄ သိန်း ၇ သောင်းကျော်ကို ပိတ်သိမ်းခဲ့ဟု စစ်အုပ်စု ပြောခဲ့ခြင်း
▪️စက်တင်ဘာ (၂၈) NUG အား People's Revolution Supply Family Website မှတဆင့် ငွေကြေး ထောက်ပံနေသူ ၂၁ ဦးအား ဖမ်းဆီးခဲ့ဟု စစ်အုပ်စု ထုတ်ပြန်။ ငွေကြေးထောက်ပံ့နေသူ ၂၇၀၀ ကျော်၏ အချက်အလက်များ ရရှိထားဟု ဆိုခဲ့ခြင်း
▪️စက်တင်ဘာ (၂၈) မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ရက်များထဲမှ တစ်ခုဖြစ်သည့် TikTok ကို VPN အသုံးပြုမှသာ ဝင်ရောက်နိုင် ခဲ့ခြင်း
▪️စက်တင်ဘာ (၃၀) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၄) ဦးရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ် ရပ်ဝန်းအတွင်းဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါတယ်။