Digital Repression in September
ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ (2024 ခုနှစ် စက်တင်ဘာလ)◾️စက်တင်ဘာ (၁) ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ နှစ်လကျော် ရှိလာခဲ့ခြင်း
◾️စက်တင်ဘာ (၁) စစ်အုပ်စုက သပိတ်ကျင်းနယ်အား ဖုန်းနဲ့ အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားခဲ့ခြင်း
◾️စက်တင်ဘာ (၂) ရွှေကုက္ကိုလ် လောင်းကစားနဲ့ ကျားဖြန့်မြို့သစ်ဆီ ဖိုက်ဘာကေဘယ်ကြိုး ခိုးသွယ်ဖို့ လုပ်ဆောင်နေသူ ထိုင်းနိုင်ငံသားတစ်ဦးကို ထိုင်း ဆိုက်ဘာရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ခြင်း
◾️စက်တင်ဘာ (၂) ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းကို စစ်ကောင်စီ အင်တာနက် စတင်ဖြတ်တောက်ထားခဲ့ခြင်း
◾️စက်တင်ဘာ (၄) မိုးကုတ်မြို့တွင် TLNA က Starlink အင်တာနက်ဖြင့် အင်တာနက် အခမဲ့ အသုံးပြုခွင့်ပေးခဲ့ခြင်း
◾️စက်တင်ဘာ (၇) လားရှိုးမြို့တွင် အင်တာနက်၊ ဖုန်းလိုင်းနှင့် လျှပ်စစ်မီးပြန်ရခဲ့ခြင်း
◾️စက်တင်ဘာ (၇) ချင်းမှာ ဟားခါးကလွဲပြီး မြို့နယ်အားလုံး ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရခဲ့ခြင်း
◾️စက်တင်ဘာ (၇) ရေးမြို့နယ်အတွင်း ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံနေရခဲ့ခြင်း
◾️စက်တင်ဘာ (၁၀) DVB TV News YouTube channel ဟက်လုပ်ခြင်းခံခဲ့ရခြင်း
◾️စက်တင်ဘာ (၁၀) မိုးကုတ်မြို့ စီမံအုပ်ချုပ်ရေးကောင်စီက ပုဂ္ဂလိက စတားလင့် အင်တာနက် လုပ်ကိုင်ခွင့် တိုးချဲ့ပေးလို့ အသုံးပြုခတွေ ဈေးနှုန်းကျဆင်းလာခဲ့ခြင်း
◾️စက်တင်ဘာ (၁၀) တာချီလိတ်မြို့နယ်တွင် ရေကြီးပြီး ဖုန်း၊ အင်တာနက်နှင့် လျှပ်စစ်မီးလိုင်းမျာ ပြတ်တောက်ခဲ့ခြင်း
◾️စက်တင်ဘာ (၁၁) သျှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ အောင်ပန်း ၊ကလော အစရှိသည့်မြို့များတွင်ရေကြီးမှုများဆက်တိုက်ဖြစ်ပေါ်နေပြီး ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း
◾️စက်တင်ဘာ (၁၃) ရှမ်းမြောက် လားရှိုးမြို့ အပါအဝင် နေရာအများစုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်ခဲ့ခြင်း
◾️စက်တင်ဘာ (၁၃) မြစ်ကြီးနားမှာ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်ကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေရှိနေခဲ့ခြင်း
◾️စက်တင်ဘာ (၁၅) ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်အတွင်းရှိ နယ်မြေများတွင် ဆက်သွယ်ရေး ဖြတ်တောက်ခံရသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးဟု ဒေသခံနှင့်နယ်မြေတာဝန်ရှိသူများ ပြောခဲ့ခြင်း
◾️စက်တင်ဘာ (၁၆) Data for Myanmar အဖွဲ့၏ အဆိုအရ စစ်အာဏာသိမ်းမှု စတင်ပြီးနောက် အွန်လိုင်းပေါ်မှ စစ်တပ်ဆန်ကျင် ရေးသားမှုများနှင့် ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံရေးသားမှုများကြောင့် လူဦးရေ (၁၆၉၁) ဦး အဖမ်းခံရခဲ့ခြင်း
◾️စက်တင်ဘာ (၁၆) အင်းလေးကန်တွင် ရေကြီးပြီး ဖုန်းနှင့်အင်တာနက်လိုင်းများပြတ်တောက်ခဲ့ခြင်း
◾️စက်တင်ဘာ (၁၆) ရခိုင်မှာ ဖုန်းလိုင်းနှင့် အင်တာနက် ပြတ်တောက်နေဆဲဖြစ်၍ မုန်တိုင်းသတင်း မသိရသလို လူမှုစီးပွားလည်ပတ်ခြင်းမှာ ထိခိုက်နေကြခဲ့ခြင်း
◾️စက်တင်ဘာ (၁၆) ရှမ်းအရှေ့ မိုင်းဆတ်၊ မိုင်းတုံ ခရိုင် (၂)ခု မှာ ရေကြီးပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ခြင်း
◾️စက်တင်ဘာ (၁၇) စစ်ပွဲနှင့်ရေဘေးကြောင့် ရှမ်းပြည်တွင် GSM ဖုန်းလိုင်းများ ပြတ်တောက်ပြီး CDMA Sim Card များအရောင်းအဝယ်ပြန်ဖြစ်ခြင်း
◾️စက်တင်ဘာ (၁၈) ရေနစ်မြုပ်နေသည့် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖုန်းလိုင်း ၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း ရောက်ရှိရန် ခက်ခဲနေခဲ့ခြင်း
◾️စက်တင်ဘာ (၁၈) KBZ pay ဖြင့် ရေဘေးအလှူငွေ ထည့်ဝင်သည့် KBZpay အကောင့်များအား ငွေကြေးချဝါချတယ်ဆိုပြီး KBZ ဘဏ်ပိတ်ပင်ခဲ့ခြင်း
◾️စက်တင်ဘာ (၁၈) အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံရခြင်းတို့ကြောင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် မြေပြိုခြင်းများနှင့် တွေ့ကြုံနေရသည့် ရှမ်းတောင်တွင် အရေးပေါ် ကူညီကယ်ဆယ်ရေးများ မရရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ပြောခဲ့ခြင်း
◾️စက်တင်ဘာ (၁၈) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်ကွင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ ကြားတိုက်ပွဲများပြင်းထန်လာပြီးနောက် ကျေးရွာ (၁၀) ရွာထက်မနဲ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်ခဲ့ခြင်း
◾️စက်တင်ဘာ (၂၂) ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့က ရေဘေးသင့်ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ သီချင်းဆိုတဲ့ စစ်ကောင်စီဗိုလ်မှူးဓါတ်ပုံကို လူမှုကွန်ယက်သို့ တင်သဖြင့်ဟုဆိုကာ မြို့ခံလေးဦးဖမ်းစီးခံရခဲ့ခြင်း
◾️စက်တင်ဘာ (၂၂) အာဏာသိမ်းပြီးနောက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် အကြမ်းဖက်မှုမျိုးစုံဖြစ်ပွားမှု ပိုမိုတိုးပွားလာကြောင်း Burmese Women Union ပြောခဲ့ခြင်း
◾️စက်တင်ဘာ (၂၃) ယာဂိ မုန်တိုင်းကြောင့် ပျက်စီသွားသည့် ဆက်သွယ်ရေးစခန်း ၁၅၀၀ ခန့်တွင့် ၁၀၀၀ ခန့်အား ပြန်လည် ပြင်ဆင်ပြီးဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း
◾️စက်တင်ဘာ (၂၄) အွန်လိုင်းလောင်းကစားဂိမ်းများကြောင့် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ကိုတွေ့ရသဖြင့် ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များအား အွန်လိုင်းဂိမ်း ကစားမှုများအပေါ် ကန့်သတ်ခဲ့ခြင်း
◾️စက်တင်ဘာ (၂၆) ရေဖြူမြို့နယ်အတွင်းရှိ ဇာဒီ ကျေးရွာတွင် Atom နှင့် Mytel ဖုန်းလိုင်းများ ပြန်ရခဲ့ခြင်း
◾️စက်တင်ဘာ (၂၆) မူဆယ်မှာ တရုတ်နိုင်ငံသား ၁၉၀ ကျော်အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီပြောခဲ့ခြင်း စတဲ့
◾️စက်တင်ဘာ (၂၈) ကချင်ပြည်နယ်တွင် Starlink အင်တာနက် တပ်ဆင်မှုများပြားလာပြီး အင်တာနက် အသုံးပြုခ စျေးနှုန်းများ ကျဆင်းလာ
◾️စက်တင်ဘာ (၃၀) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၅၇ ) ဦးခန့်ရှိ ခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။