Digital Repression in October-2026

Digital Repression in October-2026

2026 ခုနှစ် အောက်တိုဘာလ အတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ 


▪️အောက်တိုဘာ (၁)  အညာဒေသမှာ စတားလင့်ခ်အင်တာနက် အစီအစဉ်ပြောင်းလဲမှုတွေကြောင့် စျေးနှုန်းမြင့်တက်လာပြီး အညာဒေသတွင် အင်တာနက်သုံးစွဲနိုင်မှု လျော့ကျခဲ့ခြင်း

▪️အောက်တိုဘာ (၁)  တနင်္သာရီ ရေဘေးတွင် သေသုံးသူ (၃၂) ဦးရှိလာ ။ ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်မှု၊ စက်ယန္တရားနဲ့ စက်သုံးဆီမလုံလောက်မှုကြောင့် ကယ်ဆယ်ရေးခက်ခဲခဲ့ခြင်းခဲ့ခြင်း 

▪️အောက်တိုဘာ (၁)  အွန်လိုင်းတွင် အလှကုန် ပစ္စည်းများ ရောင်းချပြီး NUG ၊ PDF အား ထောက်ပံ့နေသည်ဟု စွပ်စွဲကာ ပြည်သူ (၄) ဦးအား ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ခြင်း 

▪️အောက်တိုဘာ (၁)  ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ရေဘေးသင့်နေသည့် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ကို စစ်အုပ်စု ဗုံးကြဲ ခဲ့ခြင်း 

▪️အောက်တိုဘာ (၃)  ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် မြို့နယ်မှာထုတ်ထားတဲ့ ပတ်စ်ပို့တွေကိုသာ သက်တမ်းတိုးပေး ခဲ့ခြင်း

▪️အောက်တိုဘာ (၄)  ရေကြီးပြီးနောက် တနင်္သာတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ နေရာ အများအပြား တွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း  

▪️အောက်တိုဘာ (၅)  မလေးရှားက ပြန်ပို့ခံရတဲ့ မြန်မာတွေကို ကိုယ်ရေးနဲ့ ဇီဝအချက်အလက် ကောက်ယူခဲ့ခြင်း

▪️အောက်တိုဘာ (၅)  သတင်းမီဒီယာလုပ်ငန်းကြောင့် လုံခြုံရေးခြိမ်းခြောက်ခံသည် သတင်းသမားများ ရွှေ့ပြောင်းနိုင်ရေးအတွက် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကူညီမည်ဟုပြောကြားခဲ့ခြင်း 

▪️အောက်တိုဘာ (၆)  ပြည်ပရောက်သတင်း မီဒီယာ ၅ ခုကို နိုင်ငံတကာရဲတပ်ဖွဲ့(Interpol)ထံ ဖမ်းဆီးခိုင်းထားဟု ပြည်ထဲရေး ဒုတိယဝန်ကြီးပြောခဲ့ခြင်း  

▪️အောက်တိုဘာ (၈)  စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ ၃နှစ်ကျော်ကြာပိတ်ခံထားရတဲ့ Ooredoo ဖုန်းလိုင်းပြန်ရခဲ့ခြင်း 

▪️အောက်တိုဘာ (၉)  ကျောင်းသားကျောင်းသူများနှင့် ဆရာ/ဆရာမ များကို စာသင်ချိန်အတွင်း မိုဘိုင်းဖုန်း အသုံးပြုခွင့် တားမြစ်ဟု BBC သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း 

▪️အောက်တိုဘာ (၉)  အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှ သတ်မှတ်လိုင်းနှုန်းများ အပြည့်မပေးခြင်းကြောင့် သုံးစွဲသူများ ၂၀ ရာခိုင်နှုန်းခန့် နစ်နာဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ပြောခဲ့ခြင်း

▪️အောက်တိုဘာ (၁၂)  ၃ နှစ်ကျော်ကြာဖြတ်တောက်ခံထားရတဲ့ MPT ဖုန်းလိုင်း တမူးမြို့နေရာအချို့မှာ ပြန်လည်ရရှိခဲ့ခြင်း  

▪️အောက်တိုဘာ (၁၄)  ပြည်ပရောက်မီဒီယာများကို  အင်တာပိုလ်ဖြင့် ဖမ်းမည်ဟု စစ်အုပ်စု ပြောဆိုချက်ကို သတင်းထောက်များအဖွဲ့ချုပ် (IFJ) ရှုတ်ချခဲ့ခြင်း 

▪️အောက်တိုဘာ (၁၄)  လူမှုကွန်ရက်ပေါ်တွင် တော်လှန်ရေးအင်အားများအား ထောက်ခံသည့် post များ တင်သင်ဖြင့် အုတ်ဖိုမြို့နယ်မှ မူလတန်းပြ ဆရာမတစ်ဦးကို ဖမ်းဆီးခဲ့ခြင်း 

▪️အောက်တိုဘာ (၁၅)  Starlink အင်တာနက် စျေးနှုန်းမြင့်တက်လာမှုနှင့် NUG ၏ အခွန်တိုးမြှင့် ကောက်ခံလာမှုတို့ကြောင့် စစ်ကိုင်းတိုင် ပင်လယ်ဘူးမြို့တွင် အင်တာနက်သုံးစွဲနိုင်မှု သိသိသာသာ လျော့ကျခဲ့ခြင်း ▪️အောက်တိုဘာ (၁၉)  မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ စတားလင့် အင်တာနက်ဆိုင်တစ်ခုအား စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ခြင်း 

▪️အောက်တိုဘာ (၁၉)  မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံရပြီး ၂၀၂၇ ခုနှစ်တွင် အလှည့်ကျရယူရမည့် ဥက္ကဋ္ဌရာထူးကို ဆုံးရှုံးခဲ့ခြင်း

▪️အောက်တိုဘာ (၂၂)  Freedom House ၏ Freedom on the Net Report တွင် ရမှတ် (၉) မှတ်သာရ။ အီရန် တရုတ်နိုင်ငံတို့နှင့်အတူ အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးအဖြစ် ဆက်လက်ရပ်တည်ခဲ့ခြင်း

▪️အောက်တိုဘာ (၂၃)  ချင်းပြည်နယ် တွန်းဇံ နှင့် ဖလမ်း တွင် ဖုန်းလိုင်း အချို့ပြန်ရခဲ့ပြီး နှစ်ရှည် ဖုန်းလိုင်း ဖြတ်တောက်ခံရသဖြင့် Sim Card များ သက်တမ်းကုန်သွားပြီး ဖုန်းဆင်းကဒ်များကို သောင်းနှင့်ချီ ပေးကာ ဒေသခံများ ဝယ်ယူနေရခဲ့ခြင်း 

▪️အောက်တိုဘာ (၂၄)  ရခိုင်ပြည်နယ် သံတွဲ နှင့် ဂွ မြို့နယ်တို့တွင် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ ပိတ်ထားသဖြင့် အခြားမြို့နယ်များအထိ သွားရောက်ကာ အင်တာနက် အသုံးပြုနေရခဲ့ခြင်း 

▪️အောက်တိုဘာ (၂၆)  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အထွက် TBC အနီးတစ်ဝိုက်တွင် လျှပ်စစ်မီးပျက်ချိန်တိုင်း ဖုန်းလိုင်းပါပြက်တောက်နေခဲ့ခြင်း 

▪️အောက်တိုဘာ (၂၇)  ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း လူမှုကွန်ရက် ပလက်ဖောင်းများတွင် အမုန်းစကား၊ သတင်းတုသတင်းမှား ပိုစ့်ပေါင်း (၁၀၀) ကျော် တွေ့ရှိခဲ့ပြီး  ဘာသာရေး၊ တိုင်းရင်းသားဖြစ်တည်မှု၊ ကျားမဖြစ်တည်မှု မွတ်စလင်၊ ရိုဟင်ဂျာနှင့် အမျိုးသမီးများအပေါ် ဦးတည်ပစ်မှတ် ထား ဟု Burma Human Right Network ဖော်ပြခဲ့ခြင်း 

▪️အောက်တိုဘာ (၂၉)  ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ CI နှင့် နိုင်ငံကူးလက်မှတ် ပြုလုပ်သည့် လုပ်ငန်းစဉ်တွင် မိသားစုဝင် အချက်အလက် အတိအကျတောင်းနေခဲ့ခြင်း 

▪️အောက်တိုဘာ (၃၁)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၁၁) ဦးရှိခဲ့ခြင်း

▪️အောက်တိုဘာ (၂၉)  ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ CI နှင့် နိုင်ငံကူးလက်မှတ် ပြုလုပ်သည့် လုပ်ငန်းစဉ်တွင် မိသားစုဝင် အချက်အလက် အတိအကျတောင်းနေခဲ့ခြင်း 

▪️အောက်တိုဘာ (၃၁)  တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ မီဒီယာလွတ်လပ်ခွင့် အားနည်းနေတယ်လို့ အသံအဖွဲ့၏ အစီအရင် ခံစာတွင် ဖော်ပြခဲ့ခြင်း 

▪️အောက်တိုဘာ (၃၁)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၁၃ ) ဦးရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖြစ်စဉ်များဖြစ်ပွားခဲ့ပါတယ်။ 


Report Page