Digital Repression in October

Digital Repression in October

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ


▪️အောက်တိုဘာ (၂)  ဆက်သွယ်ရေး ပျက်တောက်နေ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ  နမ္မတူမြို့အား စစ်ကောင်စီ ဗုံးကြဲသဖြင့် အနဲဆုံး (၃) ဦး သေဆုံးခဲ့ခြင်း  

▪️အောက်တိုဘာ (၃)  Border News Agency (BNA) ၏ အမျိုးသမီးသတင်းထောက် မမုဒြာကို အာရက္ခတပ်တော် AA ဖမ်းဆီးထားမှုအား ချက်ခြင်းလွှတ်ပေးရန် အမျိုးသမီးအဖွဲ့များ တောင်းဆိုခဲ့ခြင်း

▪️အောက်တိုဘာ (၄)  ရွေးကောက်ပွဲအား ဆန့်ကျင်ဝေဖန်မှုအကြောင့် အရေးယူခံထားရသူ (၆၄) ဦး ရှိပြီဟု စစ်ကော်မရှင် ထုတ်ပြန်ခဲ့ခြင်း 

▪️အောက်တိုဘာ (၆)  စစ်ခေါင်းဆောင် မန္တလေးသို့ရောက်ရှိစဉ် ဂျန်ဘာ အများအပြား အသုံးပြုသဖြင့် မန္တလေးတွေ အင်တာနက်လိုင်းများပြတ်တောက်ခဲ့ခြင်း 

▪️အောက်တိုဘာ (၆)  ကျောက်ပန်းတောင်း လမ်းပိုင်းနေရာများတွင် ခရီးသွားများ၏ မှတ်ပုံတင်နံပါတ်ကို PSMS စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်နေခဲ့ခြင်း 

▪️အောက်တိုဘာ (၇)  ရခိုင်ပြည် မာန်အောင်မြို့နယ်တွင် MPT ဖုန်းလိုင်း ပြန်လည်တပ်ဆင်ပေးမည်ဟု ရခိုင်ပြည် စစ်ကော်မရှင် ပြောခွင့်ရ ဦးလှသိန်း ပြောဆိုခဲ့ခြင်း 

▪️အောက်တိုဘာ (၇)  ရှမ်းပြည်နယ် ၊ နမ္မတူ မြို့ကို ဖုန်းလိုင်းများပါ အကုန်ပိတ်ထားပြီး စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း 

▪️အောက်တိုဘာ (၇)  စစ်အာဏာသိမ်းပြီးနောက် ဖုန်းသုံးစွဲသူများအပေါ် လူအခွင့်အရေး ချိုးဖောက်မှု ကျူးလွန်စေနိုင်သည့် အရေးကြီးအချက်အလက်များကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးအပ်မှုအတွက် Telenor ဆက်သွယ်ရေး ကုမ္ပဏီကို နော်ဝေနိုင်ငံတွင် မြန်မာအရပ်ဘက်အဖွဲ့အစည်း များက တရားစွဲဆိုရန်ပြင်ဆင်ခဲ့ခြင်း

▪️အောက်တိုဘာ (၁၀)  ဧရာဝတီတိုင်းမှာ စက်တင်ဘာလ (၁) လအတွင်း နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်တဲ့ စာများ အွန်လိုင်းတွင်​ ရေးသားဖြန့်ဝေသဖြင့် ဟုဆိုကာ အမျိုးသား (၁၆) ယောက်နှင့် အမျိုးသမီး (၅) ယောက်ကို ဖမ်းဆီးဟု DVB သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း 

▪️အောက်တိုဘာ (၁၀)  မဲစာရင်း မှားယွင်းနေမှုကို ဝေဖန်ခဲ့သည့် ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဘူးလက်လှဆွေ (ခေါ်) ဦးလှဆွေအား စစ်တပ်က ခေါ်ယူစစ်ဆေးနေခဲ့ခြင်း 

▪️အောက်တိုဘာ (၁၀)  ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက အင်တာနက်ဖြတ်တောက်ပြီး ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း။ ထို့နောက် ၎င်းတို့၏ ကားများတွင် အသစ်တပ်ထားသော Starlink စက်များကို အသုံးပြု Wifi ချိတ်ဆက်ကာ ဖုန်းများကို စစ်ဆေး  

▪️အောက်တိုဘာ (၁၂)  မနက် (၆) နာရီ ဝန်းကျင်မှ (၉) နာရီ အထိ U9 ဆက်သွယ်ရေးကွန်ယက် ပြတ်တောက်ခဲ့ခြင်း 

▪️အောက်တိုဘာ (၁၂)  မန္တလေးတိုင်း စဉ့်ကူးမြို့ ကျေးရွာတစ်ရွာတင် Starlink အင်တာနက်အား အခကြေးငွေယူ၍ လိုင်းခွဲများ ဖြန့်နေသဖြင့် ဟုဆိုကာ စက်အား ဖြုတ်သိမ်းရန် သွားရောက်စဉ် PDF တပ်ဖွဲ့ဝင်များနှင့် စက်ပိုင်ရှင်မိသားစု အချင်းများခဲ့ခြင်း 

▪️အောက်တိုဘာ (၁၃)  ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ နေရာအချို့တွင် MPT ဖုန်းလိုင်းများ ပြန်ဖွင့် ။ MPT ဆမ်းတစ်ကဒ်ကို ငွေကျပ် (၆၀၀၀၀) ကျော်ဖြင့် ဝယ်သုံးနေရခဲ့ခြင်း

▪️အောက်တိုဘာ (၁၄)  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာများတွင် စတားလင့်အင်တာနက်များကို ပိုမိုတိုးချဲ့ အသုံးပြုလာမှုအပေါ် အမေရိကန်ကွန်ဂရက်လွှတ်တော် ပူးတွဲစီးပွားရေးကော်မတီက စတင် စုံစမ်းစစ်ဆေးနေကြောင်း AFP  ဖော်ပြခဲ့ခြင်း 

▪️အောက်တိုဘာ (၁၄)  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နောင်မိရွာအနီးတွင်း တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်တပ်က ဂျန်ပါများ ၂၄ နာရီ ဖွင့်ထားသဖြင့် ယင်းဒေတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက် ခဲ့ခြင်း

▪️အောက်တိုဘာ (၁၅)  ဇွန်လ (၁၉) ရက်နေ့က AA ၏ နည်းပညာဋ္ဌာနမှ ထုတ်ပြန်ခဲ့သည့် Starlink အင်တာနက်ဝန်ဆောင်မှု ပေးမည့် အစီအစဉ်သည် ယခုအချိန်အထိ အကောင်အထည် မဖော်နိုင်သေးခြင်း 

▪️အောက်တိုဘာ (၁၆)  ထိုင်းနယ်စပ်နှင့် ကပ်နေတဲ့  မြန်မာပြည်တွင်း ​ဒေသအချို့မှာ Starlink အင်တာနက် ပြတ်​တောက်မှု​တွေနဲ့ ကြုံ​နေရဟု BAP သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း

▪️အောက်တိုဘာ (၁၈)  အစုလိုက်အပြုံလိုက် သေစေခဲ့တဲ့ ချောင်းဦးမြို့နယ်၊ဘုံတိုရွာ ဗုံကြဲမှု မတိုင်ခင် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သူ သပိတ်အဖွဲ့ တာဝန်ရှိသူများ ပြောခဲ့ခြင်း 

▪️အောက်တိုဘာ (၁၈)  Facebook လူမှုကွန်ရက် အသုံးပြုသူအများအပြား ရဲ့ အကောင့်တွေ ပိတ်ချခံရတာနဲ့ အပြီးတိုင်ဖျက်သိမ်းခံရခြင်းများဖြစ်ပေါ်ခဲ့ခြင်း

▪️အောက်တိုဘာ (၂၀)  မန္တလေးတွင် ကျားဖြန့်သမားတွေဆီ ဘဏ်စာအုပ်ရောင်းချခဲ့သူများ ဖမ်းဆီးခံရခဲ့ခြင်း 

▪️အောက်တိုဘာ (၂၀)  𝗔𝗺𝗮𝘇𝗼𝗻 𝗪𝗲𝗯 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 (𝗔𝗪𝗦) ချို့ယွင်းခဲ့မှုကြောင့် 𝗖𝗮𝗻𝘃𝗮, Signal စသည့် Application များအပါဝင် Website နှင့် Application အချို့ နာရီပိုင်း ပြတ်တောက်ခဲ့ခဲ့ခြင်း 

▪️အောက်တိုဘာ (၂၁)  မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ် မြို့နယ်အများစုမှာ အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ (၁၅) လရှိလာခဲ့ခြင်း 

▪️အောက်တိုဘာ (၂၂)  စစ်ကောင်မရှင်က မြန်မာပြည် အလယ်ပိုင်း မြို့နယ်အချို့တွင် ကင်းထောက်လှမ်းတဲ့ Spy Balloon မိုးပျံပူဖောင်းများ စတင်သုံးစွဲလာခဲ့ခြင်း

▪️အောက်တိုဘာ (၂၂)  စစ်ကောင်မရှင်က PSMS တွင် အမည်မဲစာရင်း ထပ်တိုးရန် လုပ်ဆောင်လာခဲ့ခြင်း 

▪️အောက်တိုဘာ (၂၂)  အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် များတွင် အသုံးပြုနေသည်ဟု သံသယရှိသည့် မြန်မာက စတားလင့်စက် အလုံးရေ ၂၅၀၀ ကို အင်တာနက် အသုံးမပြုနိုင်အောင် SpaceX ပိတ်ပင်ခဲ့ခြင်း

▪️အောက်တိုဘာ (၂၄)  စစ်ကော်မရှင်နှင့် ဘယ်လာရုစ် စစ်တပ် တို့ သတင်းအချက်အလက်နှင့် မီဒီယာ ကဏ္ဍ ပူးပေါင်းရေး လုပ်ဆောင်ရန် ပြင်ဆင်ခဲ့ခြင်း 

▪️အောက်တိုဘာ (၂၇)  စစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင် စနစ်ကို တည်ဆောင်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် စွပ်စွဲခဲ့ခြင်း  

▪️အောက်တိုဘာ (၂၈)  ရွေးကောက်ပွဲအပိုင်း (၂) ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ပြုလုပ်မည်ဟု စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကြေငြာခဲ့ခြင်း 

▪️အောက်တိုဘာ (၂၈)  ကချင်ပြည်နယ်၊ ပူတာအိုတွင်  Mytel အင်တာနက်လိုင်းများ ပြန်ရခဲ့ခြင်း

▪️အောက်တိုဘာ (၂၈)  ရွေးကောက်ပွဲအပိုင်း (၂) ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ပြုလုပ်မည်ဟု စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကြေငြာခဲ့ခြင်း  

▪️အောက်တိုဘာ (၂၉)  ရွေးကောက်ပွဲဝါဒဖြန့်  ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့အား ဖမ်းဆီးခဲ့ခြင်း 

▪️အောက်တိုဘာ (၃၀)  ရွေးကောက်ပွဲဝါဒဖြန့်  ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသည်ဟုဆိုကာ ဒါရိုက်တာ အောင်ချမ်းလူကို ဖမ်းဆီး ခဲ့ခြင်း

▪️အောက်တိုဘာ (၃၁)  စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဝါဒဖြန့် အစီအစဉ်များတွင် မပါဝင်သည့် အနုပညာရှင်များအား အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ခြင်း 

▪️အောက်တိုဘာ (၃၁)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၂၂ ) ဦးခန့်ရှိခဲ့ခြင်း

▪️အောက်တိုဘာ (၃၁)  ရွေးကောက်ပွဲဝါဒဖြန့်  ရုပ်ရှင်အား လူမှုကွန်ယက်တွင် ဝေဖန်ထားသည့် ပိုစ့်ကို Like ပေးသဖြင့် ဒါရိုက်တာ ဇဗ္ဗူထွန်းသက်လွင် ဖမ်းစီးခံရခဲ့ခြင်း 

▪️အောက်တိုဘာ (၃၁)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၂၃ ) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ကိစ္စရပ်များဖြစ်ပွားခဲ့ပါတယ်။  


Report Page