Digital Repression in October
2024 ခုနှစ် အောက်တိုဘာလအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ◾️အောက်တိုဘာ (၁) သန်းခေါင်စာရင်း ကောက်ယူရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နေအိမ်မှာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် အိမ်ထောင်စု အကြောင်းဖြေကြားနိုင်မည့်သူ အိမ်မှာနေဖို့ စစ်ကောင်စီ ဖိအားပေးခဲ့ခြင်း
◾️အောက်တိုဘာ (၁) သန်းခေါင်းစာရင်း ကောက်ယူပေးဖို့ ဆရာ/ဆရာမတွေ ဖိအားပေးခြိမ်းခြာက် ခံနေရခြင်း
◾️အောက်တိုဘာ (၂) စစ်ကောင်စီလေကြောင်းရန်ကြောင့် လားရှိုးမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ MNDAA ဖြတ်ထားဟု မြို့ခံများပြောခဲ့ခြင်း
◾️အောက်တိုဘာ (၃) မြန်မာနိုင်ငံမှ အလည်နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပအလုပ်အတွက် လေဆိပ်မှ ထွက်ခွာ ခွင့်မပြုဟု စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံကြေညာခဲ့ခြင်း
◾️အောက်တိုဘာ (၃) ကချင်ပြည်နယ်တခုလုံး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ၂ လကျော်ရှိလာပြီဖြစ်ခြင်း
◾️အောက်တိုဘာ (၄) ရှမ်းမြောက် လားရှိုးတွင် စက်တင်ဘာလမှ အောက်တိုဘာ (၄) ရက်အထိ လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ် ဖြစ်ခဲ့ပြီး ဒေသခံ (၈) ဦး သေဆုံးကာ (၅၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း
◾️အောက်တိုဘာ (၄) မင်းအောင်လှိုင် စစ်အုပ်စုပြုတ်ကျမည်ကို တရုတ်ကမလိုလားကြောင်း လျှို့ဝှက်အစည်းအဝေးမှတ်တမ်းက ဖော်ပြနေခဲ့ခြင်း
◾️အောက်တိုဘာ (၄) စစ်ရေးသတင်းပေါက်ကြားမှုမဖြစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူတွေသုံးနေတဲ့ Starlink အင်တာနက်ကို ၁ လပိတ်ဖို့ NUG စာထုတ်ခဲ့ခြင်း
◾️အောက်တိုဘာ (၆) လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရန်အတွက်ဆိုကာ ကိုးကန့်တပ်မတော် (MNDAA) က အင်တာနက်လိုင်း ဖြတ်တောက်ထားခဲ့ခြင်း
◾️အောက်တိုဘာ (၆) ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်ပြီး စစ်ရှောင်များ သတင်းအချက်အလက် ရရှိမှု အခက်အခဲဖြစ်ပေါ်နေခဲ့ခြင်း
◾️အောက်တိုဘာ (၆) သီပေါတိုက်ပွဲမှာ သတင်းရယူနေစဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရွှေဖီမြေနဲ့သံလွင်ခတ်သတင်းထောက်၂ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း
◾️အောက်တိုဘာ (၇) လားရှိုးတွင် ကိုးကန့်တပ်မတော် (MNDAA) က အင်တာနက်သုံးစွဲမှု ထပ်မံ ကန့်သတ်ပြီးနောက် လားရှိုးမြို့ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတု/သတင်းအမှားတွေ ပိုမိုပျံ့နှံလာဟု ရွှေဖီမြေ သတင်းဋ္ဌာန ပြောခဲ့ခြင်း
◾️အောက်တိုဘာ (၈) ဒေါက်တာဇော်မြင့်မောင်နာရေးက ပြန်လာတဲ့ ဆိုင်ကယ်တွေနဲ့ ဖုန်းတွေကို စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေခဲ့ခြင်း
◾️အောက်တိုဘာ (၉) ရခိုင်-မြန်မာ တေးသံရှင်နှင့် ပိုးထည်တိုက်ပိုင်ရှင် မဆုမြတ်ထက်ကို နေအိမ်တွင် စစ်တပ်က လာရောက် ဖမ်းဆီးခဲ့ခြင်း
◾️အောက်တိုဘာ (၁၀) ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့ မြို့ ကိုးဆယ်ကျော်မှာ သတင်းအချက်အလက်သိရဖို့ ခက်ခဲနေ ဟု RFA မှ ရေးသားဖော်ပြခဲ့ခြင်း
◾️အောက်တိုဘာ (၁၅) ရခိုင်ပြည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေး လုံးဝ ပြတ်တောက်သွားခဲ့ခြင်း
◾️အောက်တိုဘာ (၁၅) စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အားလည်း ဖုန်းလိုင်းအားလုံး ဖြတ်တောက်ထားသည်မှာ (၅) လကျော်ရှိလာခဲ့ခြင်း
◾️အောက်တိုဘာ (၁၆) Freedom House ရဲ့ နှစ်စဉ် အင်တာနက်လွတ်လပ်ခွင့် Freedom on the Net အစီရင်ခံစာအရ တရုတ်နဲ့ မြန်မာ အင်တာနက်လွတ်လပ်ခွင့် အချိုးဖောက်ဆုံး ပူးတွဲနိုင်ငံအဖြစ်ရပ်တည်ခဲ့ခြင်း
◾️အောက်တိုဘာ (၁၆) Freedom House ရဲ့ Freedom on the Net အစီရင်ခံစာအရ အင်တာနက်လွတ်လပ်ခွင့် တိုင်းတာမှုတွင် အမှတ် (၁၀၀) အနက် (၉) မှတ်သာရ။ ပြီးခဲ့သည့် နှစ်ထက် တစ်မှတ် ထပ်မံလျော့ကျခဲ့ခြင်း
◾️အောက်တိုဘာ (၁၇) မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နယ်နှင့်မောတောင်မြို့မှအပ ကျန်ဒေသများတွင် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း
◾️အောက်တိုဘာ (၁၈) ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်တွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း
◾️အောက်တိုဘာ (၂၀) ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ဥပဒေမဲ့ပြန်လည်ဖမ်းဆီးနေဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြောခဲ့ခြင်း ထိုသို့ပြုလုပ်ခြင်းသည် လူတစ်ဦး၏ လွတ်လပ်စွာသွားလာခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးခြင်းဖြစ်ပြီး လူ့အခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်သည်ဟု PPNM ဆိုခဲ့ခြင်း
◾️အောက်တိုဘာ (၂၁) မြိတ်၊ တနင်္သာရီနှင့် ပုလောတွင် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း
◾️အောက်တိုဘာ (၂၁) မိမိပိုင်နိုင်ငံသားစိစစ်ရေးကဒ်၊ Mobile SIM Card၊ Mobile Payment Account နှင့် Bank Account များအား မသက်ဆိုင်သူထံ အခကြေးငွေဖြင့် ရောင်းချခြင်း၊ ငှားရမ်းအသုံးပြုစေခြင်းများ ဆောင်ရွက်ပါက အရေးယူမည်ဟု ထုတ်ပြန်ခဲ့ခြင်း
◾️အောက်တိုဘာ (၂၄) နောင်ချိုမြို့နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး နေစဥ် လူနေရပ်ကွက်နှင့် ကျေးရွာများ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံနေရသဖြင့် အရပ်သား သေဆုံးမှုများ ရှိနေကြောင်း TNLA က ထုတ်ပြန်ထားခဲ့ခြင်း
◾️အောက်တိုဘာ (၂၅) စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားဟု စစ်ကောင်စီ သတင်းထုတ်ပြန်ခဲ့ခြင်း
◾️အောက်တိုဘာ (၂၅) ပင်လည်ဘူးရှိ စစ်ကောင်စီတပ်သားများထံ ရဟတ်ယာဉ်ဖြင့် ပို့ပေးသော Starlink စက် တော်လှန်ရေးအင်အားစုထံ ရောက်သွားခဲ့ခြင်း နှင့် အင်တာနက်ပိတ်ထားမိသည့် စစ်ကောင်စီလည်း Starlink သုံးနေရခဲ့ခြင်း
◾️အောက်တိုဘာ (၂၆) ပြင်ဦးလွင်မြို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းအချို့ ပြတ်တောက်ခဲ့ခြင်း
◾️အောက်တိုဘာ (၂၈) ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည် ရခိုင်ပြည်အတွင်း သတင်းအချက်အလက် မှန်မှန်ကန်ကန် သိရရန် ရခိုင်သတင်းသမားအချို့က “အာရက္ခဒတ်ချ်- ARAKKADESH” အမည်ဖြင့် သတင်းဂျာနယ်ထုတ်ဝေခဲ့ခြင်း
◾️အောက်တိုဘာ (၂၈) ကချင်ပြည်နယ် မြစ်ကြီးနားတွင် စစ်ကောင်စီက Starlink Wifi စက်များ လိုက်လံသိမ်းယူခဲ့ခြင်း
◾️အောက်တိုဘာ (၂၉) လားရှိုးမြို့ပေါ်တွင် ဖုန်းလိုင်းဖြတ်တောက်ခံထားရသဖြင့် မြို့ပြင် ၁၆မိုင်အကွာသို့သွားကာ ဖုန်းပြော နေရခဲ့ခြင်း
◾️အောက်တိုဘာ (၃၀) မြန်မာရုပ်ရှင်ဇာတ်ကားကို ဝေဖန်ရေးသားခဲ့တဲ့ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း
◾️အောက်တိုဘာ (၃၁) သတင်းသမားတွေသတ်ဖြတ်ခံရမှု CPJ အစီရင်ခံစာထဲ မြန်မာပါဝင်ခဲ့ခြင်း
◾️အောက်တိုဘာ (၃၁) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၈) ဦးခန့်ရှိခဲ့ခြင်း စတဲ့ဖိနှိပ်မှုဖြစ်စဉ် တွေပဲဖြစ်ပါတယ်။