Digital Repression in November
2024 ခုနှစ် နိုဝင်ဘာလအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ◾️နိုဝင်ဘာ(၂) ဆင်းကဒ်အသစ်များဖြင့် #WhatsApp, #Signal, နှင့် #Telegram အကောင့်အသစ်ဖွင့် ခြင်းများကို ကန့်သတ်ရန် စစ်ကောင်စီက တယ်လီကွန်း ဝန်ဆောင်မှု ပေးသူများကို ညွှန်ကြားခဲ့ခြင်း
◾️နိုဝင်ဘာ (၂) မြန်မာသတင်းသမားတွေ ဖိနှိပ်ခံရမှုအပေါ် ကူညီပေးဖို့ နိုင်ငံတကာကို NUG တိုက်တွန်းခဲ့ခြင်း
◾️နိုဝင်ဘာ (၄) ချင်းပြည်နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုကြောင့် လူမှုစီးပွား အခက်အခဲများစွာ နှင့်ရင်ဆိုင်နေရခဲ့ခြင်း
◾️နိုဝင်ဘာ (၅) စစ်ကောင်စီသည် ရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် အီလက်ထရွန်နစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းများ စစ်ကောင်စီ ဖွင့်လှစ်လာခဲ့ခြင်း
◾️နိုဝင်ဘာ (၅) Blacklist စာရင်းဝင်သူများ ပြည်ပထွက်ခွာခွင့် မပြုရေး သေချာ စိစစ်ရန် လဝက ဝန်ကြီး ညွှန်ကြားခဲ့ခြင်း
◾️နိုဝင်ဘာ (၇) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က စီးပွားရေးလုပ်ငန်းရှင်တချို့ကို ကိုးကန့်တပ်မတော် (MNDAA) ခေါ်ယူစစ်ဆေးပြီး ဖုန်းများကိုပါ စစ်ဆေးခဲ့ခြင်း
◾️နိုဝင်ဘာ (၇) ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ အချက်အလက်တွေပေးဖို့ မြန်မာစစ်ခေါင်းဆောင်က ထိုင်းဝန်ကြီးချုပ် ထံ တောင်းဆိုခဲ့ခြင်း
◾️နိုဝင်ဘာ (၇) ရခိုင်ပြည်နယ်တစ်ခုလုံးတွင် စစ်တွေ တစ်မြို့ထဲသာ ဖုန်းလိုင်းရခဲ့ခြင်း
◾️နိုဝင်ဘာ (၈) မြန်မာနိုင်ငံအတွင်း ရှုပ်ထွေးသည့် စည်းမျဉ်းများကြောင့် နိုင်ငံခြားငွေ လက်ခံရာတွင် အသုံးများသည့် နိုင်ငံတကာငွေကြေး လုပ်ငန်းနှစ်ခု ဖြစ်သည့် အာဖရိကအခြေစိုက် Perfect Money နှင့် အမေရိကန်အခြေစိုက် Payoneer ကုမ္ပဏီတို့က မြန်မာနိုင်ငံသားများအတွက် ဝန်ဆောင်မှုရပ်ဆိုင်းခဲ့ခြင်း
◾️နိုဝင်ဘာ (၉) အွန်လိုင်းမှ စစ်ကောင်စီအား ထောက်ခံလေ့ရှိသူ ငါးမင်ဆွေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဝေဖန်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း
◾️နိုဝင်ဘာ (၁၁) ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကမ်းခြေရွာများတွင် ဖုန်းနှင့်အအင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း
◾️နိုဝင်ဘာ (၁၂) NUG အနေဖြင့် VPN တစ်ခု စတင်ဖြန့်ဝေခဲ့ခြင်း
◾️နိုဝင်ဘာ (၁၂) နောင်ချိုတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း
◾️နိုဝင်ဘာ (၁၄) မိုးကုတ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် TLNA က ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်း
◾️နိုဝင်ဘာ (၁၅) UIDကတ်အတုလုပ်သည်ဟုဆိုကာ လူ ၂၃ ဦးကို စစ်ကောင်စီအမှုဖွင့်ခဲ့ခြင်း
◾️နိုဝင်ဘာ (၁၅) အင်တာနက်ပြတ်တောက်နေသည့် မိုးညှင်းမြို့တွင် Starlink အင်တာနက်စက်များအား စစ်ကောင်စီက လိုက်လံသိမ်းဆည်းမည်ဟု သတင်းများ ထွက်ပေါ်ပြီး အင်တာနက်ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများ ရပ်နားခဲ့ခြင်း
◾️နိုဝင်ဘာ (၁၆) မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး မြောက်ရှားတောရွာမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားများရှေ့ ဖုန်းပြာဆိုသဖြင့်ဆိုကာ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးသွားခဲ့ခြင်း
◾️နိုဝင်ဘာ(၁၉) ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးနေပြီး ကုန်ဈေးနှုန်းမြင့်တက်ခဲ့ခြင်း
◾️နိုဝင်ဘာ(၁၉) လားရှိုးမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ တဖြည်းဖြည်းပြန်ကောင်းလာပြီဟု MNDAA ပြောခဲ့ခြင်း
◾️နိုဝင်ဘာ(၂၀) ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး e-Commerce Registration System ကနေတဆင့် လျှောက်ထားလာတဲ့ လုပ်ငန်းတွေကိုတော့ စားသုံးသူရေးရာ ဦးစီးဌာနက မြေပြင်စစ်ဆေးပြီးမှသာ ကုန်သွယ်ရေးဦးစီးဌာနက online sales လုပ်ငန်း မှတ်ပုံတင် ချပေးမည်ဟု ပြောခဲ့ခြင်း
◾️နိုဝင်ဘာ (၂၀) ကုလသမဂ္ဂသို့ တင်သွင်းသည့် EU ၏ နှစ်ပတ်လည် ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၏ လက်ရှိ အင်တာနက် ဖြတ်တောက်မှုများကိုအဆုံးသတ်ရန် ထည့်သွင်းတောင်းဆိုခဲ့ခြင်း
◾️နိုဝင်ဘာ (၂၀) စစ်ကောင်စီက ၄င်းကို ထောက်ခံသူများဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကိုနိုဝင်ဘာလ (၂၀) ရက်နေ့တွင်ဖွဲ့စည်းခဲ့ခြင်း
◾️နိုဝင်ဘာ (၂၁) တရုတ်၏ စစ်ကောင်စီထံ အကူအညီပေးမည့် စီမံကိန်းများတွင် ရာနှင့်ချီသည့် ရဲကားများ၊ စစ်ဆေးရေးဂိတ်များတွင် မျက်နှာသွင်ပြင်မှတ်တမ်းတိုက်ဆိုင် စစ်ဆေးသည့်စနစ်များ အကူအညီပေးရန်များ ပါဝင်ဟု မြန်မာနောင်း (Myanmar Now) ရေးသားခဲ့ခြင်း
◾️နိုဝင်ဘာ (၂၂) စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖွဲ့စည်းမှုကို MPCM ရှုံ့ချ ကန့်ကွက်ခဲ့ခြင်း
◾️နိုဝင်ဘာ (၂၅) ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ပြတ်တောက်ခြင်းနှင့် လုံခြုံရေးအပြည့်အဝ မပေးနိုင်တော့ခြင်းတို့ကြောင့် ဘဏ်စနစ်လုံးဝ ရပ်တန့်သွားခဲ့ခြင်း
◾️နိုဝင်ဘာ (၂၆) ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် အင်တာနက် ဖိုက်ဘာကြိုးများ ပြတ်တောက်နေခြင်းကြောင့် တနင်္သာရီတိုင်းတွင် Atom ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း
◾️နိုဝင်ဘာ (၂၇) မင်းအောင်လှိုင်အား စော်ကားသည့် အပြုအမူပါ Video အား အွန်လိုင်ပေါ် ဖြန့်ဝေသည်ဆိုကာ ရွှေပြည်သာမြို့နယ်၊ အ.ထ.က ၂ ၊ G-9 Bခန်း ကျောင်းသားခေါင်းဆောင် မောင်ဖြိုးမြတ် ကို ဖမ်းဆီးခဲ့ခြင်း
◾️နိုဝင်ဘာ (၂၉) SHWE ZAN အမည်ဖြင့် လူမှုကွန်ယက်ပေါ်တွင် AA အဖွဲ့အား ထောက်ခံသည် စာများ ရေးသားသဖြင့် အငြိမ်းစားရဲမှူးကို ပုဒ်မ (၅၀၅) ဖြင့်အမှုဖွင့်ခဲ့ခြင်း
◾️နိုဝင်ဘာ (၃၀) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၁၇) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖိနှိပ်မှုဖြစ်စဉ်တွေရှိနေခဲ့တာပဲ ဖြစ်ပါတယ်။