Digital Repression in November

Digital Repression in November

2025 ခုနှစ် နိုဝင်ဘာလအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ်ရာ ဖြစ်ပျက်ခဲ့မှုများ

▪️နိုဝင်ဘာ (၁)  နိုဝင်ဘာလ (၁) ရက်နေ့ ညနေ (၃:၃၀) နာရီခန့်မှ စတင်ပြီး ရန်ကုန်အပါအဝင် မြို့အများအပြာတွင် Wi-Fi ဝန်ဆောင်မှုများ ပြတ်တောက်ခဲ့ခြင်းနှင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများက ပင်လယ်ရေအောက်ဆက်ကြောင်း ဖိုက်ဘာ ကေဘယ် ချို့ယွင်းမှုကြောင်းဟု ကြေငြာထားခဲ့ခြင်း  

▪️နိုဝင်ဘာ (၂)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်က ကထိန်လှည့်လည်စဉ် ဂျန်မာများ အသုံးပြုခဲ့တာကြောင့် ဖုန်းလိုင်းများ ယာယီပြတ်တောက်ခဲ့ခြင်း 

▪️နိုဝင်ဘာ (၃)  ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှု “Wave Money” အသုံးပြုသူအချို့ မှတ်တမ်းမပေါ်ပဲ ငွေဖြတ်တောက်ခံရမှုများ ကြုံတွေ့နေရခဲ့ခြင်း  

▪️နိုဝင်ဘာ (၃)  နမ္မတူမြို့တွင် TNLA က Starlink အင်တာနက် အသုံးပြုမှု ကန့်သတ်ပြီး ပိုင်ရှင်နှင့်ပစ္စည်းပါဖမ်းဆီးခဲ့ခြင်း 

▪️နိုဝင်ဘာ (၃)  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ  KKPark  ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာများ ဧရိယာအား Starlink အင်တာနက် ဖြတ်တောက်ခဲ့သော်လဲ Mytel အင်တာနက်ရရှိနေခဲ့ခြင်း 

▪️နိုဝင်ဘာ (၃)  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင် လူမှုကွန်ယက်ပေါ်တွင် ပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ ၁၉၉၃ ဦး ရှိသည်ဟု Data For Myanmar အဖွဲ့ ထုတ်ပြန်ခဲ့ခြင်း    

▪️နိုဝင်ဘာ (၅)  စစ်တပ်က အင်တာနက်ပေါ်မှ သတင်းများနှင့် နိုင်ငံရေးအရတိုက်ခိုက်မှုများကို တားမြစ်အရေးယူရန် ပြည်ထဲရေးဒုဝန်ကြီး ဦးဆောင်သော ကော်မတီနှင့် နည်းပညာကျွမ်းကျင်အဖွဲ့များ ဖွဲ့စည်းပြီး ၂၄ နာရီစောင့်ကြည့်ခဲ့ခြင်း  

▪️နိုဝင်ဘာ (၆)  ရွေးကောက်ပွဲ ဝါဒဖြန့် ရိုက်ကူးရေးတွင် မပါဝင်သဖြင့် နာမည်ကြီးအကယ်ဒမီသရုပ်ဆောင် ဖွေးဖွေးကို စစ်ကော်မရှင် ဖမ်းဆီးခဲ့ခြင်း 

▪️နိုဝင်ဘာ (၈)  တစ်ပတ်ခန့်ကြာသည်အထိ ရန်ကုန်တွင် Wifi အင်တာနက်လိုင်းများ ပြန်မကောင်းလာခြင်း

▪️နိုဝင်ဘာ (၉)  စစ်ရေးသတင်းပေါက်ကြားခဲ့သဖြင့်ဟု ဆိုကာ Upper Burma News Agency(UBNA) မှ သတင်းထောက် ဦးတိုးကြီးအား လက်နက်ကိုင် အဖွဲ့နှစ်ခုမှ ဖမ်းဆီးခဲ့ခြင်း  

▪️နိုဝင်ဘာ (၁၀)  Wifi လိုင်းများ နှေးကွေးပြီးနောက် VPN အများ စု အသုံးပြုမရသည့် အခြေအနေ ဖြစ်ပေါ် ခဲ့ခြင်း 

▪️နိုဝင်ဘာ (၁၀)  တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ဇာဒီရွာကို လျှပ်စစ်မီး ပြန်လည် ဖြတ်တောက်လိုက်သဖြင့် အင်တာနက် လိုင်းများပါ ပြတ်တောက်ခဲ့ခြင်း  

▪️နိုဝင်ဘာ (၁၂)  ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ည ၇ နာရီမှ စ၍ ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်ခံရခဲ့ခြင်း  

▪️နိုဝင်ဘာ (၁၂)  တနင်္သာရီတိုင်း ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မောတောင်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး ဖုန်းလိုင်းများ ဆက်သွယ်ရ ခက်ခဲခဲ့ခြင်း  

▪️နိုဝင်ဘာ (၁၄)  တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးရန် ပြင်နေပြီး ဖုန်းလိုင်းများဖြတ်တောက်ထားခဲ့ခြင်း 

▪️နိုဝင်ဘာ (၁၄)  Freedom House ၏ Freedom on the Net 2025 အစီအရင် ခံစာအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် တန်းတူ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံအဖြစ် အဖော်ပြခံရခဲ့ခြင်း  

▪️နိုဝင်ဘာ (၁၆)  စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းများ ဖြတ်တောက်ပြီး စစ်ကြောင်း ထိုးနေခဲ့ခြင်း   

▪️နိုဝင်ဘာ (၁၇)  ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း အပေါ် အခြေခံ၍ ရွေးကောက်ပွဲအလွန် အင်တာနက်ဆိုင်ရာ ကန့်သတ်မှုတွေ ဆက်လုပ်ဖို့ စီစဉ်နေဟု လေ့လာသူများ သုံးသပ်ခဲ့ခြင်း   

▪️နိုဝင်ဘာ (၁၉)  စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း  

▪️နိုဝင်ဘာ (၁၉)  တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်းခြင်း များ မပြုလုပ်သင့်ဟု ဗဟိုဘဏ် ထုတ်ပြန်ခဲ့ခြင်း  

▪️နိုဝင်ဘာ (၂၃) မိုးကုတ်မြို့ အရှေ့ပိုင်းတွင် တပ်ဆင်အသုံးပြုနေသည့် စတားလင့်စက်တွေကို TNLA ဖြုတ်သိမ်းခိုင်းခဲ့ခြင်း   

▪️နိုဝင်ဘာ (၂၄)  ရွေးကောက်ပွဲပြီးမှ အင်တာနက်လိုင်းတွေ နဂိုအတိုင်းပြန်ကောင်းမယ်လို့ စစ်တပ်ရဲ့နည်းပညာပိုင်း ဆိုင်ရာက ဗိုလ်မှုး အဆင့်ရှိ သူတစ်ဦးက ပြောဆိုကြောင်း AAMIJ ဖော်ပြခဲ့ခြင်း   

▪️နိုဝင်ဘာ (၂၆)  မြစ်ကြီးနားမြို့ အပါအဝင် ကချင်ပြည်နယ် မြို့နယ်အများစုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသည်မှာ (၁၆) လ ရှိလာခဲ့ခြင်း 

▪️နိုဝင်ဘာ (၂၆)  ပုဒ်မ (၅၀၅) ဖြင့် ဖမ်းဆီးခံထားရသူ ၃၃၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပြုပြီး အမှုဖွင့်ခံထားရသူ ၅၅၀၀ ကျော်ကို အမှုပိတ်ခဲ့ခြင်း 

▪️နိုဝင်ဘာ (၂၆)  ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ စစ်တပ်စစ်ဆေးရေး ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးဖမ်းဆီးမှု ပိုမိုလုပ်ဆောင်လာ။  ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်ဂိတ်တွင် PMSM ဖြင့် စစ်ဆေးပြီး အမျိုးသားတစ်ဦး ဖမ်းဆီးခံရခဲ့ခြင်း 

▪️နိုဝင်ဘာ (၂၈)  တယ်လီနော (Telenor) ၏ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဒေတာစီမံခန့်ခွဲမှုများနှင့် ပတ်သက် ၍ နော်ဝေ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ဝင်ရောက်ဖြေရှင်းရန် ပျက်ကွက်ခဲ့ပါ တရားစွဲဆိုခံရနိုင်ကြောင်း Bergen တက္ကသိုလ်မှ ဥပဒေပါမောက္ခ Terje Einarsen ပြောခဲ့ခြင်း  

▪️နိုဝင်ဘာ (၂၈)  ဆွီဒင်နိုင်ငံ၏ အမျိုးသားပင်စင်ရံပုံငွေအဖွဲ့များဖြစ်သော AP1၊ AP2၊ AP3၊ AP4 နှင့် AP7 တို့သည် မြန်မာစစ်တပ်အား ပံ့ပိုးနေသည့်ကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံထားသည်ဟု Justice for Myanmar ထုတ်ဖော်ခဲ့ခြင်း 

▪️နိုဝင်ဘာ (၂၈)  ၅၀၅ (က) လွတ်ငြိမ်းကြောင့် (၂၇) ရက်နေ့ ညနေပိုင်းအထိ အကျဥ်းထောင် ၁၆ ခုမှ အမှန်တကယ် လွတ်လာသူ ၅၄၉ ဦးသာရှိဟု အေအေပီပီ ထုတ်ပြန်ခဲ့ခြင်း 

▪️နိုဝင်ဘာ (၂၉)  တောင်ဝိုင်းတောင် မြေဖြိုခြင်းနှင့် ပတ်သက်ပြီး လူမှူကွန်ရက်စာမျက်နှာကတဆင့် ရေးသားခဲ့ခြင်း ကြောင့် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် နှင့် ကပ္ပိယ နှစ်ဦးအား ဖမ်းဆီးခဲ့ခြင်း  

▪️နိုဝင်ဘာ (၃၀)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၉) ဦးခန့်ရှိခဲ့ခြင်းစတဲ့ ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းတွင် ဖြစ်ပွားခဲ့ပါတယ်။


Report Page