Digital Repression in May
2026 ခုနှစ် မေလအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ▪️မေလ (၁) CRPH၊ NUG၊ PDF တို့နဲ့ ဆက်သွယ်တဲ့သူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ အရ အရေးယူမည်ဟု SMS မှ တဆင့် စစ်အုပ်စု မက်ဆေ့များ ပေးပို့ခဲ့ခြင်း
▪️မေလ (၁) တရားဝင် မှတ်ပုံတင်ပြီး ဝယ်ယူထားတဲ့ စတားလင့်စက်တွေကို ULA/AA နည်းပညာဌာနက အကြောင်းပြ ချက်မရှိဘဲ သိမ်းဆည်းနေဟု Western News ဖော်ပြခဲ့ခြင်း
▪️မေလ (၃) မြန်မာနိုင်ငံဟာ သတင်းထောက်တွေအတွက် အန္တရာယ်ရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရှိနေဆဲဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ထုတ်ပြန်ခဲ့ခြင်း
▪️မေလ (၃) အမျိုးသမီးသတင်းသမား (၃) ဦး အပါအဝင် သတင်းသမား ၁၈ ဦး အကျဥ်းထောင်များတွင် အကျဥ်းကျခံနေရဆဲဟု IPCM ထုတ်ပြန်ခဲ့ခြင်း
▪️မေလ (၃) သံလွင်ခက်သတင်းဌာန၏ မြေပြင်သတင်းထောက် အမျိုးသမီး တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှုပြုလုပ်ခံရခဲ့ခြင်း
▪️မေလ (၄) စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စတားလင့်ခ်အင်တာနက် အသုံးပြုခွင့် ယာယီပိတ်ဟု အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) ထုတ်ပြန်ခဲ့ခြင်း
▪️မေလ (၅) မောတောင်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို တော်လှန်ရေးတပ်များက ဖြတ်တောက်ထားသဖြင့် လေကြောင်းသတင်းကို မသိရဟု ဒေသခံများ ပြော ခဲ့ခြင်း
▪️မေလ (၆) ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်ခဲ့သော ဝန်ထမ်းများအပြင် ၎င်းတို့၏ မိသားစုများကိုပါ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)နှင့် အခြားအထောက်အထားများ ထုတ်မပေးခဲ့ခြင်း
▪️မေလ (၈) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် Starlink အင်တာနက် ယာယီပိတ်သိမ်းမည်ဟု ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေငြာခဲ့ခြင်း
▪️မေလ (၈) ရန်ကုန်တိုင်း၌ ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည် ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောခဲ့ခြင်း
▪️မေလ (၁၁) မြေလတ်အသံ(Myaelatt Athan)၊ Red News Agency နှင့် Asia Citizens သတင်းဋ္ဌာန (၃) ခုကို ပိတ်သိမ်းကြောင်း စစ်အုပ်စု ကြေငြာခဲ့ခြင်း
▪️မေလ (၁၁) ဖုန်းလိုင်းပျက်တောက်နေသည် မြင်းခြံမြို့နယ် မရိုးကုန်းရွာမှ အမျိုးသမီးလေးဦးကို စစ်ကြောင်းဝင်ရောက်လာသည့် ပျူစောထီးအဖွဲ့များ အဓမ္မပြုကျင့်ခဲ့ခြင်း
▪️မေလ (၁၂) ရန်ကုန်မြို့ရှိ ဓာတ်တိုင်များတွင် သွယ်တန်းထားသော ဖိုင်ဘာအင်တာနက်ကြိုးများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဖြတ်တောက်ရှင်းလင်းသဖြင့် မြို့နယ်အချို့တွင် အင်တာနက် ပြတ်တောက်ခြင်း
▪️မေလ (၁၂) စတားလင့်စက်များကို အမည် ၊ ပတ်စပို့ နံပါတ် များဖြင့် မှတ်ပုံတင်ရန် စည်းကမ်းသစ်ချမှတ်ခဲ့ခြင်း
▪️မေလ (၁၄) စစ်ဆင်ရေး ဆင်နွှဲနေတာကြောင့် စစ်ကိုင်းတိုင်း အတွင်းရှိ ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည် မြို့နယ် များတွင် စတားလင့် အင်တာနက် အသုံးပြုမှု ယာယီပိတ်သိမ်းရန် ပြည်သူ့ ကာကွယ်ရေး တပ်မတော် - PDF ထုတ်ပြန်ခဲ့ခြင်း
▪️မေလ (၁၄) ဒစ်ဂျစ်တယ် ဖိနှိပ်မှုအတွက် စိုးရိမ်စရာ ပုဒ်မများ ပါဝင်သည့် “အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း” ထုတ်ပြန်ခဲ့ခြင်း
▪️မေလ (၁၄) သတင်းပေါက်ကြားမှုကို အရေးယူရန် နေပြည်တော်ရှိ ဝန်ထမ်းများ အသုံးပြုသည့် ဖုန်းနှင့် ကွန်ပျူတာများ၏ MAC Address များ မှတ်ပုံတင်ခိုင်းပြီး စောင့်ကြည့်နေခဲ့ခြင်း
▪️မေလ (၁၄) ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ပတ်စ်ပို့ သက်တမ်းတိုးသူများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးလာခဲ့ခြင်း
▪️မေလ (၁၆) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ သိသိသာသာ ကျဆင်းနေ
▪️မေလ (၁၆) ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆောမြို့နယ်မှာခရီးသွားတွေကို စတားလင့်အင်တာနက်အသုံးပြုခွင့်ပိတ်ခဲ့ခြင်း
▪️မေလ (၁၈) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် Atom ဖုန်းလိုင်း ပြန်လည်ရရှိခဲ့ခြင်း
▪️မေလ (၁၈) မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့်ဆက်လက်ချိုးဖောက်နေဆဲဟု Press Emblem Campaign - PEC ပြောခဲ့ခြင်း
▪️မေလ (၂၀) စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင် ဖုန်းလိုင်းများ ပိုမို ဖြတ်တောက်ခဲ့ခြင်း
▪️မေလ (၂၂) ရွှေဘိုခရိုင်အတွင်း ယာယီပိတ်သိမ်းထားတဲ့ Starlink(စတားလင့်)အာင်တာနက် ပြန်လည် အသုံးပြုနိုင်ပြီဟု အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာန ထုတ်ပြန်ခဲ့ခြင်း
▪️မေလ (၂၃) ခရီးသွားဧည့်များကို စတားလင့်ဘေလ်ကတ် လုံးဝမရောင်းရန် ဒီပဲယင်းပအဖ ညွှန်ကြားခဲ့ခြင်း
▪️မေလ (၂၅) ဆိုရှယ် မီဒီယာသည် အဆိပ်အတောက်ဖြစ်စေသည့် အရာဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သစ် ရဲဝင်းဦးပြောခဲ့ခြင်း
▪️မေလ (၂၅) Mytel နှင့် MECtel အရောင်းကိုယ်စားလှယ်များ ပိုင်ဆိုင်သည့် စာမျက်နှာများ၊ ပရိုဖိုင်အကောင့်များ၊ ဂရုများ နှင့် MRTV ၊ MWD တို့၏ ဝါဒဖြန့်ချိမှုသတင်းများ ဖြန့်ဖြူးနေသည့် အကောင့် ၁၀၉ ခုကို Facebook ဖယ်ရှားခဲ့ဟု Justice For Myanmar အဖွဲ့ ထုတ်ပြန်ခဲ့ခြင်း
▪️မေလ (၂၆) ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ အခမ်းအနား တရုတ်သံရုံးတွင် ကျင်းပခဲ့ခြင်း
▪️မေလ (၂၇) အတုအယောင် ရွေးကောက်ပွဲ ကာလအတွင်း လူမှုကွန်ယက်များအနေဖြင့် မီဒီယာအကြောင်းအရာများကို ကာကွယ်ပေးမည့် ယန္တယားကင်းမဲ့ဟု Human Rights Myanmar နှင့် IPCM တို့ ထုတ်ပြန်သည့် အစီအရင်ခံစာတွင် ဖော်ပြခဲ့ခြင်း
▪️မေလ (၃၀) စစ်အုပ်စုပိုင် မီဒီယာများတွင် မြန်မာ-တရုတ် ကဏ္ဍများကို တိုးချဲ့ထုတ်လွှင့်ရန် ဘေဂျင်းနှင့် သဘောတူခဲ့ခြင်း
▪️မေလ (၃၁) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၁) ဦးရှိခဲ့ခြင်း စတဲ့ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖြစ်ပွါးခဲ့ပါတယ်။