Digital Repression in May

Digital Repression in May

၂၀၂၅ ခုနှစ် မေလအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ်ရာ ဖြစ်ပျက်ခဲ့မှုများ

▪️မေလ (၁) ကရင်နီပြည်နယ် မော်ချီးဒေသတွင် ရန်သူ့သတင်းပေးများကြောင့်ဟုဆိုကာ ခရိုင်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက Starlink အင်တာနက်ကို တစ်လ ပိတ်ထားရန် နှင့် Starlink Wifi အသုံးပြုခွင့် မှတ်ပုံတင်များ ပြုလုပ်ရန် ထုတ်ပြန်ခဲ့ခြင်း  

▪️မေလ (၂)  RSF ၏ ၂၀၂၅ ခုနှစ် ညွှန်းကိန်းအရ မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်သည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၆၉ တွရပ်တည်နေပြီး သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် အလွန်အန္တရာယ်ရှိသော အဆင့်(အနီရောင်အဆင့်)တွင် ရှိနေခဲ့ခြင်း

▪️မေလ (၂)  မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ် စသည့် ယောနယ်အား ဖုန်းလိုင်းများ ဖြတ်တောက်ကာ နေ့စဉ်ရက်ဆက် ဗုံးကြဲနေခဲ့ခြင်း 

▪️မေလ (၂)  စစ်ခေါင်းဆောင်ကို သရော်သည့်စာများ ၊ ငလျင်နှင့်ပတ်သက်၍ စစ်တပ်အသိုင်းအဝိုင်းကို ထေငေါ့သည့်စားများ လူမှုကွန်ယက်တွင် ဖြန့်ဝေသဖြင့် စစ်တပ်ထောက်ခံသူ ဦးကျော်ဇေယျအား ဖမ်းဆီးခဲ့ခြင်း 

▪️မေလ (၃)   စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းအားလုံးနီးပါး ပြတ်တောက်နေပြီး  MPT ဖုန်းလိုင်းသာ အနည်းငယ်ရ။ ထို့ကြောင့် ​MPT Sim Card တစ်ကဒ်လျှင် ၄၅၀၀၀ အထိ စျေးပေါက်နေခြင်း

▪️မေလ (၃)   ဖုန်းလိုင်း၊ အင်တာနက်လိုင်း တစ်နှစ်ကျော်ကြာ ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် သတင်းထောက်များ သတင်းအရင်းအမြစ်နှင့်ဆက်သွယ်ရန်နှင့် သတင်းများကို အချိန်နှင့်တပြေးညီတင်ပြရန် အခက်အခဲဖြစ်နေခဲ့ခြင်း 

▪️မေလ (၃)  အာဏာသိမ်းပြီးနောက် သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး သတင်းသများ (၄၀) မှာ အခုချိန်ထိ ဖမ်းဆီးခံထားရစဲဟု မေလ (၃) ရက်နေ့တွင် IPCM ထုတ်ပြန်ခဲ့ခြင်း  

▪️မေလ (၇)  ကွမ်းလုံ၊ သိန္နီ ဘက်တွင် တရုတ် ဖုန်းလိုင်းများ အသုံးပြု၍ ရလာပြီး MPT ဖုန်းလိုင်းများ ဆက်သွယ်ရခက်ခဲလာခဲ့ခြင်း 

▪️မေလ (၈)  ဂန့်ဂေါမြို့နယ်အတွင်း ဖုန်းလိုင်းများဖြတ်တောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း 

▪️မေလ (၈)  သံတောင်ကြီးမြို့ပေါ်တွင်ပါ ဖုန်းနှင့်အင်တာနက် လိုင်းပြတ်တောက်မှု သိသိသာသာဆိုးရွားလာခဲ့ခြင်း 

▪️မေလ (၉)  မလှိုင်တွင် စစ်ကောင်စီက MPT၊ Ooredoo ဖုန်းလိုင်းများကို နှေးကွေးအောင်ပြုလုပ်ထားသည့်အပြင် ဖုန်းလိုင်းများပြတ်တောက်ခြင်းကိုလည်း မကြာခဏကြုံတွေ့နေရခဲ့ခြင်း

▪️မေလ (၉)  ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်နယ်မြေတွေမှာ တရုတ်ဖုန်းလိုင်းတွေ ဆင်ဖို့ ပြင်ဆင်နေခဲ့ခြင်း 

▪️မေလ (၁၂)  ဖုန်းလိုင်း မရသောကြောင့် စစ်ကြောင်းထိုးလာသည်ကို မသိလိုက်သဖြင့် မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် လယ်မကျေးရွာရှိ NUG အစိုးရ ဖွင့်လှစ်ထားသော စာသင်ကျောင်းမှ ကျောင်းဆရာနှင့် ကျောင်းသာ အမပါအဝင် အရပ်သား (၁၁) ဦး သတ်ဖြတ်ခံရခဲ့ခြင်း  

▪️မေလ (၁၃)  ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင်  Starlink WiFiများအား မော်ချီးဒေသအခြေစိုက် ကြယ်ဖြူတပ်ဖွဲ့က လေကြောင်းအန္တရာယ်ကာကွယ်ရေးနှင့် မြေပြင်သတင်းများ မပေါက်ကြားစေရေးအတွက် ဟုဆိုကာ (ယာယီ) သိမ်းဆည်းနေခဲ့ခြင်း  

▪️မေလ (၁၄)  ဘတ်ဂျက် အခက်အခဲကြောင့် RFA နှင့် VOA တို့၏ မြန်မာပိုင်း အသံလွှင့် အစီအစဉ်များရပ်နားခဲ့ရသည့်အတွက် အင်တာနက်ပြတ်တောက်နေသည့် ဒေသများတွင် သတင်းစီးဆင်းမှု ပိုမိုပြတ်တောက်နိုင် ခဲ့ခြင်း  

▪️မေလ (၁၅)  ဧပြီလ တလအတွင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် မြို့နယ်စုစုပေါင်း (၁၃၈) ​မြို့နယ် ရှိဟု အသံအဖွဲ့ ဆိုခဲ့ခြင်း 

▪️မေလ (၁၇)  မေလ (၁၂) ရက်နေ့က စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ခင်မွန်ရွာက Starlink Internet ဆိုင်အား စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး အမျိုးသား အမျိုးသမီး (၂၇) ဦး ဖမ်းဆီးခံရခဲ့ခြင်း  

▪️မေလ (၁၉)  စစ်ကောင်စီ၏ အပြင်းအထန် လေကြောင်းတိုက်ခံမှုကို ခံစားနေရသည့် ရခိုင်ပြည်နယ်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေသည့်အတွက် အဝေးရောက်နေသည့် မိသားစုဝင်များအနေဖြင့် သတင်းဌာနများကိုသာ အားကိုးနေရ ဟု နိရဉ္စရာ သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း 

▪️မေလ (၂၀)  တနင်္သာရီ​တိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး စစ်ကောင်စီတပ်​၏ Mytel ဆင်းကတ် မသုံးစွဲရေး လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်း 

▪️မေလ (၂၀)  တပ်တွင်းသတင်း ပေါက်ကြားသဖြင့်ဟု ဆိုကာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများမှ ရခိုင်လူမျိုးတပ်ဖွဲ့ဝင် မိသားစုဝင်တွေကိုင်ဆောင်တဲ့ ဖုန်းများအား သိမ်းဆည်းခဲ့ခြင်း 


▪️မေလ (၂၁)  ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းများကို စစ်ဆေးပြီး အရပ်သား (၄) ဦးကို ဖမ်းဆီးခဲ့ခြင်း  

▪️မေလ (၂၃)  Myanmar Net အွန်လိုင်းမှ ခြေရာခံနိုင်သော၊ ဝက်ဘ်ဆိုက်များကို ပိတ်ဆို့နိုင်သော၊ VPN  အသုံးပြုမှု  တားဆီးနိုင်သော စက်ပစ္စည်းများကို သုံးစွဲနေသည်ဟု Myanmar Now သတင်းဌာနနှင့် ဗြိတိန်အခြေစိုက် Finance Uncovered သတင်းဌာနတို့ ထုတ်ဖော်ခဲ့ခြင်း 

 ▪️မေလ (၂၆)  လွိုင်လင်မြို့ တိုးဂိတ်တွင် PSMS Software ဖြင့်စစ်ဆေးပြီး ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် နေသူတစ်ဦးအား PDF များအား Kpay ဖြင့် ငွေကြေးထောက်ပံ့သည့် တရားခံပြေး ဟုဆိုကာ ဖမ်းဆီးသည်ဟု စစ်ကောင်စီ၏ လော်ဘီ တယ်လီဂရမ် ချန်နယ်တွင် ဖော်ပြ ခဲ့ခြင်း 

▪️မေလ (၂၇)  မတ်လကနေ မေလအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ PSMS စနစ်မှတတဆင့် ဖမ်းဆီးထားသူ ၁၆၅၇ ဦး ရှိသည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့ခြင်း 

▪️မေလ (၂၉)  ကရင်နီပြည်နယ်တွင် မေလအတွင်း PSMS စနစ်မှတဆင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၄) ဦးခန့်ရှိခဲ့ခြင်း 

▪️မေလ (၃၀)  အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်တဝိုက်မှာ တိုက်ပွဲများ ဖြစ်ပွား​​ပြီး ဖုန်းလိုင်းများ ဆက်သွယ်ရ ခက်ခဲနေခဲ့ခြင်း 

▪️မေလ (၃၁)   ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၁၉) ဦးခန့်ရှိခဲ့ခြင်း 

▪️မေလ (၃၁)  တိုက်ပွဲဖြစ်နေသည့် ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်း၊ ရေကြည်၊ ကျုံပျော်၊ လေးမျက်နှာမြို့နယ်နဲ့ ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း စတဲ့မြို့နယ်တို့မှာ မေ ၇ ရက်ကစပြီး အင်တာနက်လိုင်များ မကြာခန ပြတ်တောက်နေခဲ့ခြင်း

▪️မေလ (၃၁)   ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၀) ဦးခန့်ရှိခဲ့ခြင်း စတဲ့ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖြစ်ပွားခဲ့ပါသည်။ 


Report Page