Digital Repression in March 2026

Digital Repression in March 2026

2026 ခုနှစ် မတ်လအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ


▪️မတ်လ (၁) စစ်တပ်ကို တိုက်ခိုက်နေသော သတင်းများကို အချိန်နှင့်တပြေးညီ တုံ့ပြန်ချေဖျက်ရန် သတင်းလွှာ (Information Sheet) ထုတ်ပြန်ရေး အဖွဲ့ဖွဲ့စည်း။ မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ် (၄) ဘာသာဖြင့် ဖြန့်ချီမည်ဟု ဆိုခဲ့ခြင်း 

▪️မတ်လ (၂) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) ဖြင့် ပြစ်ဒဏ်ချခံခဲ့ရသူ (၇၃၃၇) ဦးအား  ပြန်လွှတ်ပေးခဲ့ပြီး ၊ တရားစွဲဆိုထားသူ ၁၂၄၈၇ အား အမှုပိတ်သိမ်းသည်ဟု စစ်ကော်မရှင်ကြေငြာခဲ့ခြင်း 

▪️မတ်လ (၂) စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲဆိုထားသော အမှုများ မပါဝင် ခဲ့ခြင်း 

▪️မတ်လ (၂) ဘဏ်များမှ ငွေသား အကန့်အသတ်ဖြင့် ထုတ်ပေးနေမှုကြောင့် ဧရာဝတီတိုင်းတွင် ငွေထုတ်ယူခနှုန်းထားများ တစ်သိန်းလျှင် (၄၀၀၀) ထိမြင့်တက်ခဲ့ခြင်း   

▪️မတ်လ (၂) တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းထဲက ရေကြည်၊ လေးမျက်နှာ၊ ချောင်းသာ၊ သာပေါင်း၊ ကြံခင်း မြို့နယ်များတွင် အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းများ မကြာခန ပြတ်တောက်ခဲ့ခြင်း 

▪️မတ်လ (၂) ရခိုင်ပြည်တွင် ပုဂ္ဂလိကပိုင် စတားလင့်စက်များကို အာရက္ခတပ်တော် AA က အခွန်ဆောင်ခိုင်းနေပြီး အခွန်ဆောင်ပြီးမှသာ တရားဝင် သုံးခွင့် ရရှိမည်ဟု ကြေငြာခဲ့ခြင်း 

▪️မတ်လ (၃) Equality Myanmar ၏ အစီအရင်ခံစာအရ ရခိုင်ပြည်အတွင်း ဆက်သွယ်ရေး ဖြတ်တောက်ခံထားရသည်မှာ (၁၈) လရှိခဲ့ခြင်း  

▪️မတ်လ (၃) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ကားလမ်းပိတ်ဆို့ခြင်းနှင့် ဖုန်းလိုင်းဖြတ်တောက်ထားခြင်းကြော စစ်ဘေးရှောင် (၁၀၀၀၀) နီးပါး အကူအညီ ရရန် ခက်ခဲခဲ့ခြင်း  

▪️မတ်လ (၅) စစ်ကော်မရှင်က IMEI အသုံးပြုပြီး မိုဘိုင်းဖုန်းများအား မှတ်ပုံတင်သည့် Central Equipment Identity Register - CEIR စနစ်ကို စတင်အသုံးပြုရန် ကြေငြာ ခဲ့ခြင်း 

▪️မတ်လ (၅) IMEI နံပါတ်ကနေတဆင့် စစ်တပ်ကခြေရာခံ ဖမ်းဆီးမှုများ ရှိနေဟု AAJM ဖော်ပြ ခဲ့ခြင်း 

▪️မတ်လ (၆) ရခိုင်တွင် အာရက္ခတပ်တော် AA ထံမှ အခွန်ဆောင်ပြီး တရားဝင်အသုံးပြုသော ပုဂ္ဂလိကပိုင် စတားလင့်စက်များဖြင့် အများပြည်သူကို အင်တာနက် ဝန်ဆောင်မှု ပေးပါက ပြန်လည်သိမ်းဆည်းဟု ကြေငြာခဲ့ခြင်း 

▪️မတ်လ (၆) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ဖုန်းပြောခွင့် KNU တင်းတင်းကျပ်ကျပ်ပိတ်ပင်တိုက်ပွဲကာလဖြစ်သည့်အတွက် လုံခြုံရေးအရ ပိတ်ပင်ရသည်ဟုဆိုခဲ့ခြင်း 

▪️မတ်လ (၉) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် MEC ဆင်းကဒ်တစ်မျိုးသား ဖုန်းအသုံးပြုနိုင်ပြီး အခြားဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း  

▪️မတ်လ (၁၀) တနင်္သာရီတိုင်း ၊ တကူကျေးရွာအား လေးကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီး ဖုန်းလိုင်းများလဲ ဖြတ်တောက်ထား ခဲ့ခြင်း 

▪️မတ်လ (၁၀) ဖုန်းလိုင်းနှင့် အင်တာနက် ပြတ်တောက်နေသည့် ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီးမြို့အတွင်းရှိ ခဲလုပ်ကွက်တစ်ခုအား ဗုံးကြဲခဲ့ခြင်း   

▪️မတ်လ (၁၁) ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့် (AA) ထိန်းချုပ် မြို့နယ်အချို့တွင် နယ်လှည့် စတားလင့်ဝန်ဆောင်မှု ပေးမှု ကျယ်ပြန့်လာခဲ့ခြင်း  

▪️မတ်လ (၁၁) ကွန်ယက်များကိုဝင်ရောက်ကြည့်ရှုခွင့်နှင့် ဆက်သွယ်ရေးလိုင်းများကို ကြားဖြတ်ဖမ်းယူ နားထောင်ခြင်း ဖြတ်တောက်ခြင်းများ ဆောင်ရွက်နိုင်သည့် ပြဋ္ဌာန်းချက်များကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတွင် ထည့်သွင်းခဲ့ခြင်း  

▪️မတ်လ (၁၂) KNA (ယခင် BGF) ခေါင်းဆောင် စောချစ်သူက ၎င်းမိသားစုဝင်များနှင့် KNA ခေါင်းဆောင်များ အသုံးပြုသည့် စတားလင့်ခ် (Starlink) စက်များကို ပိတ်သိမ်းခိုင်း ခဲ့ခြင်း 

▪️မတ်လ (၁၂) PSMS Application တွင် အမည်စာရင်းများ ပြန်လည်ပြုစုရန် စစ်တပ်က ညွှန်ကြားထားဟု ခေတ်သစ် မီဒီယာ ဖော်ပြ ခဲ့ခြင်း 

▪️မတ်လ (၁၆) ရွေးကောက်ပွဲကာလအတွင်း  လွတ်လပ်သော သတင်းမီဒီယာများဝင်ရောက်ဖတ်ရှုရန် ကြိုးပမ်းမှု၏ ၉၃% ကို ပိတ်ထားခဲ့ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် Human Rights in Myanmar ၏ အစီအရင်ခံစာတွင် ဖော်ပြခဲ့ခြင်း  

▪️မတ်လ (၁၇) အသစ်ပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ အရ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများသည် UID များ မဖြစ်မနေ တင်ပြရန် လိုအပ်လာပြီး အီလက်ထရောနစ် နိုင်ငံကူး လတ်မှတ်များ မကြာမီ ပြောင်းလဲ အသုံးပြုလာခဲ့ခြင်း 

▪️မတ်လ (၁၇) မိုးမိတ်တွင် စက်သုံးဆီများ ပြတ်လပ်ပြီးနောက် မိုင်တယ်လ်ဖုန်းလိုင်း များပါ ပြန်လည်ပြတ်တောက်နေခဲ့ခြင်း   

▪️မတ်လ (၁၈) ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဥရုနေ့စဉ်သတင်းစာ (Uru Daily News)၏ အယ်ဒီတာ ကိုတာလင်းမောင်အား KIA/ KPDF အဖွဲ့က (၁) ရက်ခန့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း  

▪️မတ်လ (၂၁) ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကော်မရှင်က ဆိုလာစနစ်ဖြင့် CCTV တပ်ဆင်ကာ စောင့်ကြည့်မှု ပြုလုပ်ခဲ့ခြင်း   

▪️မတ်လ (၂၁) စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ရှိ စစ်ဘေးရှောင်များ နေထိုင်သည့် ဘုန်းကြီးကျောင်း ဗုံးကြဲထိုက်ခိုက်မှု ပြည်သူ (၆၀) ကျော်သေဆုံး။ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် ဒေသဖြစ်ခဲ့ခြင်း 

▪️မတ်လ (၂၃) အင်တာနက်ဝန်ဆောင်မှု (သို့မဟုတ်) ဖုန်းလိုင်း အစီစဉ်များ ပြုလုပ်ပေးရန် ရသေ့တောင် ဒေသခံများတောင်းဆို။ ရသေ့တောင်မြို့နယ်တွင် ကျေးရွာ တစ်ရွာလျှင် MEC ဖုန်းတစ်လုံးသာ အသုံးပြုခွင့်ရခဲ့ခြင်း 



▪️မတ်လ (၂၅) စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသော မိုဘိုင်းလက်ကိုင်ဖုန်း (Clone Handset) များအား (၃) နှစ်သာ ဆက်လက်အသုံးပြုခွင့်ပေးမည်ဟု စစ်ကော်မရှင်ကြေငြာခဲ့ခြင်း 

▪️မတ်လ (၂၇) ၂၀၂၅ စစ်တင်ဘာလမှ ၂၀၂၆ ဇန်နဝါရီလအတွင်း စစ်တပ်ဝါဒဖြန့်ချီရေး တယ်လီဂရမ် (၆) ခုမှ ခြိမ်းခြောက်ခြင်း ဖမ်းဆီးခိုင်းခြင်းများ (၆၇) ကြိမ် ပြုလုပ်ခဲ့ဟု CJ Platform ၏ အစီအရင်ခံစာတွင် ဖော်ပြ ခဲ့ခြင်း 

▪️မတ်လ (၂၇) စစ်ခေါင်းဆောင်ကို ဝေဖန်သဖြင့် ဇန်နဝါရီလက ဖမ်းဆီးခံထားသည့် လပေး ထမင်းနှင့်ဟင်း ချိုင့်ဆွဲရောင်းချသူ ဦးကြည်အား အင်းစိန်ထောင်တွင်းတရားရုံးက အလုပ် ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်း 

▪️မတ်လ (၂၈) Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံသည့် မှတ်တမ်းများကို ဖုန်းနံပါတ်များနှင့်တကွ CJ Platform  ထုတ်ဖော် ခဲ့ခြင်း 

▪️မတ်လ (၂၈) ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှာ MPT နဲ့ CDMA ဖုန်းလိုင်းများ ပြန်ရခဲ့ခြင်း  

▪️မတ်လ (၃၁) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၃) ဦးခန့်ရှိခဲ့ခြင်း စတဲ့ဒစ်ဂျစ်တယ် ရပ်ဝန်းအတွင်း ဒစ်ဂျစ်တယ် ကိစ္စရပ်နှင့် ဖြစ်စဉ်များဖြစ်ပွားခဲ့ပါတယ်။






Report Page