Digital Repression in March

Digital Repression in March

2025 ခုနှစ် မတ်လအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ


▪️မတ်လ (၁) စစ်အာဏာသိမ်း (၄) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှ ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ ၁၈၈၄ ဦး ရှိသည်ဟု Data for Myanmar အဖွဲ့ ဖော်ပြခဲ့ခြင်း 

▪️မတ်လ (၂)  မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသတဝိုက်တွင် စစ်တပ် စစ်ကြောင်း ရောက်ရှိစဉ် ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း 

▪️မတ်လ (၂)  အွန်လိုင်းငွေလိမ်ဂိုဏ်များကို နှိမ်းနင်းနိုင်ရေး ဖိအားပေးရန် ထိုင်းနိုင်ငံဘက်မှ ဖြတ်တောက်ထားသည့် ဆက်သွယ်ရေးလိုင်းနှင့် လျှပ်စစ်မီးလိုင်းများကို ပြန်ဖွင့်ပေးရန် BGF တောင်းဆိုခဲ့ခြင်း 

▪️မတ်လ (၃) ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ရွာတွင် စစ်ရှောင်များသည် ရေရှားပါးမှုနှင့် ကြုံနေရပြီး အရေပြားရောဂါ ဖြစ်ပွားနေခဲ့ခြင်း 

▪️မတ်လ (၄) လေကြောင်းသတင်းပေးမှုများကို စိစစ်ကြပ်မတ်နိုင်ရေးအတွက်ဟုဆိုကာ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စတားလင့်ဆိုင်များ ယာယီပိတ်ရန် မြိုင်ပကဖ က ညွှန်ကြားခဲ့ခြင်း

▪️မတ်လ (၄) လျှပ်စစ်မီးယာယီ ဖြတ်တောက်ခြင်းက ငွေလိမ်လုပ်ငန်းများအား အခြားဒေသများဆီသို့ ပြောင်းရွှေ့သွားစေခဲ့ပြီး အဆိုပါလုပ်ငန်းများအား ပိုမိုကျယ်ပြန့်သွားစေသည်ဟု Justice For Myanmar က ထောက်ပြခဲ့ခြင်း 

▪️မတ်လ (၈) ပဲခူးတိုင်း၊ ပြည်မြို့အနောက်ဘက်ကမ်း၊ ပြည်-ကံမလမ်းပိုင်းရှိ တည်ပင်ကျိုးဂိတ်၌ စစ်ကောင်စီက စားသောက်ကုန် သယ်ယူခွင့် ပိတ်ထားပြီး ဖုန်းလိုင်းနှေးခြင်း၊ လိုင်းပြတ်ခြင်းများလဲ ဖြစ်ပေါ်နေခဲ့ခြင်း 

▪️မတ်လ (၁၁)  ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီအကောက်ခွန်ဂိတ်တွင် ဂြိုလ်တု အင်တာနက် Starlink ၂၁ လုံး သယ်ဆောင်လာသည့် မြန်မာနိုင်ငံသားတစ်ဦးအား တားမြစ်ပစ္စည်းများ သယ်ဆောင်လာမှုဖြင့် ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ခြင်း 

▪️မတ်လ (၁၄) အာဏာသိမ်းကာလ လေးနှစ်အတွင်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၂၀၃ မြို့နယ်မှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၆၀ အထိ ဖြစ်ပွားခဲ့သည်ဟု အသံအဖွဲ့မှဆိုခဲ့ခြင်း 

▪️မတ်လ (၁၆)  ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုးလိုက်သည့် အမိန့်ပြဌာန်းချက်ကြောင့် ဗွီအိုအေ (Voice of America) နှင့် လွတ်လပ်သော အာရှအသံ RFA သတင်းဌာနများ၏ လုပ်ငန်းများသည် အပြီးတိုင် ပိတ်သိမ်းခံရမည့်အခြေအနေသို့ရောက်ရှိနေခဲ့ခြင်း 

▪️မတ်လ (၁၆) ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာနဲ့ မတ္တရာမြို့နယ်၊ မြွေမြေစွန်းရွာအနီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း 

▪️မတ်လ (၁၈) ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံနယ်စပ်အား လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ပြီးနောက် ဆိုက်ဘာရာဇဝတ်မှု ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ထိုင်း ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဝန်ကြီးပြောခဲ့ခြင်း 

▪️မတ်လ (၁၉)  KBZ Pay အကောင့်များ ပြည်ပဖုန်းနံပါတ်ဖြင့် သုံးစွဲခွင့် မရှိတော့ဟု ကမ္ဘောဇဘဏ်မှ ထုတ်ပြန်ခဲ့ခြင်း 

▪️မတ်လ (၁၉)  မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် National Database စနစ်မှ အချက်အလက်များပေါ် အခြေခံ ဖမ်းဆီးမှုများ ရှိလာဟု သံလွင်တိုင်း သတင်းဋ္ဌာနမှ ဖော်ပြခဲ့ခြင်း 

▪️မတ်လ (၂၀) စစ်ကောင်စီက ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောမြို့နယ်တို့တွင် ဖုန်းလိုင်းများဖြတ်တောက်ထားပြီးစစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာခဲ့ခြင်း 

▪️မတ်လ (၂၀) ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး စစ်ကောင်စီ စစ်ရေးပြင်ဆင်နေခဲ့ခြင်း 

▪️မတ်လ (၂၁) ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အထိ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲများ ပြင်းထန်လာပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခဲ့ခြင်း 

▪️မတ်လ (၂၃) မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခဲ့ခြင်း 

▪️မတ်လ (၂၄)  ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် အင်တာနက် ဖြတ်တောက်ခံထားရသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ATO​M ဖုန်းလိုင်းများပါ ထပ်မံပြတ်တောက်ပြီး ဖုန်းလိုင်းများလုံးဝပြတ်တောက်နေခဲ့ခြင်း 

▪️မတ်လ (၂၅) မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအများစုတို့ နေ့ခင်းပိုင်းသာ ဖုန်းလိုင်းရရှိပြီး ညပိုင်းတွင် ဖုန်းလိုင်းအားလုံးဖြတ်တောက်ခံနေရခဲ့ခြင်း 

▪️မတ်လ (၂၅)  မင်းအောင်လှိုင်အား အွန်လိုင်းမှ ဝေဖန်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် စစ်တပ်ထောက်ခံသူ ငါးမင်းဆွေ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရခဲ့ခြင်း 

▪️မတ်လ (၂၆)  တနင်္သာရီမြို့နယ်အတွင်းရှိ ချောင်းညီကိုရွာနှင့် ရမ်းဖိုရွာ ဘက်တွင် Atom ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း 

▪️မတ်လ (၂၈) စစ်ကိုင်း မြိုအနီးဗဟိုပြု၍ အင်အား ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်လှုပ်ခတ်အပြီးတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မြင်းခြံ၊ ကျိုက်ထို၊ ပြင်ဦးလွင်၊ တောင်ကြီး စသည့်မြိုနယ်များအပါအဝင် မြန်မာနိုင်ငံအနှံအပြားတွင် အသက်စည်းစိမ်းများစွာဆုံးရှုံးမှု များဖြစ်ပြီး ဆက်သွယ်ရေး စံနစ်များလည်း ထိခိုက်ခဲ့ခြင်း

▪️မတ်လ (၂၉) ငလျင်ဒဏ်ခံစားခဲ့ရသည့် မြန်မာနှင့် ထိုင်နိုင်ငံတို့အတွက် ဆက်သွယ်ရေးလိုအပ်ချက်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် Starlink kits များကို ပြင်ဆင်ထားကြောင်း Starlink က ၎င်း၏ x(twitter) post တွင်ရေးသားခဲ့ခြင်း 

▪️မတ်လ (၃၁) မြေငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးကိစ္စရပ်များနှင့် ပါတ်သက်ပြီး စစ်ကောင်စီကို ဝေဖန်သူများအား ဖမ်းဆီးရန် စစ်ကောင်စီ လော်ဘီချန်နယ်များ လှုံ့ဆော်ခဲ့ခြင်း 

▪️မတ်လ (၃၁) မြန်မာနိုင်ငံ၌ အဆိုးဝါးဆုံးမြေငလျင်ဒဏ်ခံရချိန်တွင် ဆက်သွယ်ရေးလိုင်းများ ဆက်လက်ဖြတ်တောက်ထားခြင်း ကို ပြန်ဖွင့်ပေးရန် မြန်မာနှင့် နိုင်ငံတကာရှိ အဖွဲ့ပေါင်း (၁၀၀) ကျော်မှ စုပေါင်းတောင်းဆိုခဲ့ခြင်း 

▪️မတ်လ (၃၁)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (16) ဦးခန့်ရှိနေခြင်းစတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ 




Report Page