Digital Repression in June 2025
2025 ခုနှစ် ဇွန်လအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ▪️ဇွန်လ (၂) မန္တလေးတွင် ဘဏ်အကောင့်ပိတ်ခံထားရသူတွေကို စစ်ကောင်စီက ပြန်လည် လိုက်လံဖမ်းစီးနေခဲ့ခြင်း
▪️ဇွန်လ (၂) တော်လှန်ရေးတွင်ပါဝင်နေသည့် နာမည်ကြီးပုဂ္ဂိုလ်များမှ အွန်လိုင်းတွင် ရောင်းချနေသည့် ပစ္စည်းများကို ဝယ်ယူခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ဆောင်နေသူများကို အကြမ်းဖက် ဥပဒေဖြင့် တရားစွဲမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ခဲ့ခြင်း
▪️ဇွန်လ (၃) စစ်ကောင်စီက အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူများ၊ CDM များနှင့် စစ်ပြေးရဲပြေး စုစုပေါင်း လူ ၅ သောင်းစာရင်းကို Person Scrutinization and Monitoring System (PSMS) Application တွင်ထည့်သွင်း စစ်ဆေးနေခဲ့ခြင်း
▪️ဇွန်လ (၄) မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ညောင်ဦး - ချောက် လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာပြီးနောက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း
▪️ဇွန်လ (၆) လောင်းလုံတွင် တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားပြီး ဖုန်းလိုင်းများဆက်သွယ်ရ ခက်ခဲနေခဲ့ခြင်း
▪️ဇွန်လ (၆) ရခိုင်တွင် လက်တလော အသုံးပြု၍ ရနေသည့် MEC ဖုန်းလိုင်းများ အပိတ်ခံရ CNA သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း
▪️ဇွန်လ (၆) နောင်ချိုမြို့နှင့် ၁၀မိုင်ပတ်လည်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပျက်တောက်နေခဲ့ခြင်း
▪️ဇွန်လ (၆) သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် PSMS Application ဖြင့်စစ်ဆေးပြီး CDM နှင့် ၅၀၅ ဖြင့်အမှု ဖွင့် ခံရသူများကို ရှာဖွေခဲ့ခြင်း
▪️ဇွန်လ (၁၀) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများတွင် ဖုန်းနှင့် အင်တာနက်လိုင်းများလည်း ဖြတ်တောက် ခံထားရခဲ့ခြင်း
▪️ဇွန်လ (၁၁) တောင်ငူမြို့နယ်၊မန်းကျီးပင်အင်းရွာတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဖုန်းလိုင်းများ ပြတ်တောက်နေ
▪️ဇွန်လ (၁၃) ထိုင်းနယ်စပ်၊ ကရင်နီပြည်ထဲက ရွာတရွာမှာ အင်တာနက်ဆိုင်တစ်ဆိုင်အား ပိတ်ရမယ်လို့ သတ်မှတ်ထားတဲ့ ည (၁၀) နာရီ အချိန်ကျော်တဲ့အထိ မပိတ်တာကြောင့်ဟု ဆိုကာ ဆိုင်ရှင်နှင့် အသုံးပြုသူအချို့အား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဆိုင်တွင်း ဝင်ရောက်ရိုက်နှက်ဟု DVB သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း
▪️ဇွန်လ (၁၄) လက်ရှိ ရခိုင်ပြည်နယ်တွင် အင်တာနက်နှင့် ဖုန်းလိုင်းသုံးစွဲနိုင်သူ (၄) ရာခိုင်နှုန်းခန့်သာ ရှိနိုင်ဟု Western News သတင်းမီဒီယာ ဖော်ပြခဲ့ခြင်း
▪️ဇွန်လ (၁၆) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ သမ္မတရုံး ဝက်ဆိုက် လွှင့်တင်ခဲ့ခြင်း
▪️ဇွန်လ (၁၆) စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဟားခါးမြို့တွင် လျှပ်စစ်မီးပျက်တောက်နေသည်မှာ (၃) လကျော် ကြာမြင့်လာပြီး ကွန်ပျူတာ၊ ဖုန်း စသည့် ဆက်သွယ်ရေး ပစ္စည်းများအတွက် အခကြေးငွေပေးပြီး အားသွင်းနေရခဲ့ခြင်း
▪️ဇွန်လ (၁၇) ချင်းပြည်နယ် လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လူထု၏ အင်တာနက် သုံးစွဲမှု အပေါ် ကန့်သတ်ချက်များစွာ ပါဝင်သည့် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်း
▪️ဇွန်လ (၁၇) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Mytel ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း
▪️ဇွန်လ (၁၈) တောင်ကြီးတွင် အင်တာနက်လိုင်းများ သိသာစွာ နှေးနေခဲ့ခြင်း
▪️ဇွန်လ (၂၁) ကရင်ပြည်နယ်၊ မြဝတီ မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည်မှာ တစ်နှစ်ကျော်ရှိပြီး ဒေသခံများ ဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ခြင်း
▪️ဇွန်လ (၂၁) တနင်္သာရီတိုင်း လောင်းလုံမြို့နယ်တွင် လျှပ်စစ်မီး ပျက်တောက်နေသည်မှာ (၂) ပါတ်ကျော် ကြာမြင့်လာပြီး စက်သုံးဆီ အခက်အခဲကြောင့် လောင်းလုံးမြို့နယ်ရှိ ဖုန်းဆက်သွယ်ရေးတာဝါတိုင်အချို့ မီးမရ ဖုန်းလိုင်း တချို့ ပြတ်တောက်ခဲ့ခြင်း
▪️ဇွန်လ (၂၅) MPT ဖုန်းလိုင်းတစ်ခုတည်းသာ ရရှိနေသည့် ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် စက်သုံးဆီအခက်အခဲကြောင့်ဟု ဆိုကာ အချိန်အကန့်အသတ်ဖြင့်သာ ဖုန်းလိုင်းများ ဖွင့်ပေးခဲ့ခြင်း
▪️ဇွန်လ (၂၅) ရန်ကုန်မြို့ရှိ လူနေထူထပ်သည့်နေရာ နှင့် ကာမှတ်တိုင်များတွင် စစ်ကောင်စီတပ်သားများက အရပ်ဝတ်ဖြင့် ဖုန်းများအား အတင်းအဓမ္မယူကာ စစ်ဆေးပြီး လူငယ်များအား ဖမ်းဆီးမှုများ ပြုလုပ်နေဟု Narinjara သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း
▪️ဇွန်လ (၂၆) မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲကို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ခြင်း
▪️ဇွန်လ (၃၀) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (27) ဦးခန့်ရှိခဲ့ခြင်း
▪️ဇွန်လ (၃၀) စစ်ကောင်စီက Myanmar Cyber Security Challenge 2025 ပြိုင်ပွဲအား နေပြည်တော်တွင် ကျင်းပရန် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခဲ့ခြင်း
▪️ဇွန်လ (၃၀) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (28) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖိနှိပ်မှုဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်။