Digital Repression in June

Digital Repression in June

၂၀၂၆ ခုနှစ် ဇွန်လ အတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ

▪️ဇွန်လ (၁)  ဟိုတယ်နှင့်တည်းခိုခန်းများအားလုံး  ဧည့်သည်စာရင်းအချက်အလက်စနစ် (GLIS) မဖြစ်မနေသုံးရန် ကြပ်မတ်ဆောင်ရွက်နေခဲ့ခြင်း

▪️ဇွန်လ (၂)  ဒစ်ဂျစ်တယ်နည်းပညာဖြင့် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် ဆင်ဆာ ဖြတ်တောက်ခြင်းတို့တွင် ပါဝင်ပတ်သက်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အား လမ်းခွဲရန် KDDI Corporation နှင့် Sumitomo Corporation တို့အား Justice For Myanmar၊ Mekong Watch နှင့် ဂျပန်အရပ်ဘက်အဖွဲ့အစည်း ငါးခုတို့က တိုက်တွန်းတောင်းဆိုခဲ့ခြင်း

▪️ဇွန်လ (၄)  အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သူများအား ရန်ကုန်လေဆိပ် အဝင်တွင် ဖမ်းဆီးစစ်ဆေးခဲ့ခြင်း

▪️ဇွန်လ (၇)  လူမူကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် တောင်ကြီးနှင့် ပဲခူးမှု အမျိုးသမီး (၂) ဦး ဖမ်းဆီးခံရခဲ့ခြင်း 

▪️ဇွန်လ (၈)  စစ်ကိုင်းတိုင်း၊ကနီမြို့နယ်တွင် စတားလင့်ဆိုင်များကို NUG အစိုးရက အခွန်စတင်ကောက်ခံခဲ့ခြင်း

▪️ဇွန်လ (၉)  ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ စစ်ဆေးမှု ပြုလုပ်စဉ် PSMS စနစ် အသုံးပြု စစ်ဆေးမှုပြုလုပ်ခဲ့ခြင်း 

▪️ဇွန်လ (၁၀)  e-Government စနစ်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက်ဟု ဆိုကာ  e-Government ဦးဆောင်ကော်မတီကို ဧပြီ (၂၁) ရက်နေ့တွင် ဖွဲ့စည်းထား ခဲ့ခြင်း

▪️ဇွန်လ (၁၀)  e-ID စနစ် အကောင်အထည်ဖော်ရန် နှင့် ဝန်ကြီးဋ္ဌာနများကြား ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအတွက် National Database စနစ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီကို ဧပြီ (၂၁) ရက်နေ့တွင် ဖွဲ့စည်းထားခဲ့ခြင်း 

▪️ဇွန်လ (၁၀)  အစိုးရ သက်တမ်း ၂ လ အတွင်း စစ်ဆေးရေးဂိတ်နဲ့ ဧည့်စာရင်း စစ်ဆေးမှုများတွင် နည်းပညာ အသုံးပြုပြီး ပြည်သူ ၇၄၆  ဦးကို ဖမ်းဆီးခဲ့ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့ခြင်း   

▪️ဇွန်လ (၁၁)  ထားဝယ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CIER)  ကြောင့် အခွန်မဆောင် သဖြင့် ဟုဆိုကာ ဖုန်းအများအပြား အပိတ်ခံရမှုဖြစ်ပေါ်ခဲ့ခြင်း  

▪️ဇွန်လ (၁၂)  စစ်အာဏာသိမ်းမှုအကြောင်း စာအုပ်ရေးခဲ့သူ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တဦး ဖမ်းဆီး ထိန်းသိမ်းခံရခဲ့ခြင်း 

▪️ဇွန်လ (၁၃)  စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာ Mytel ပိုင်ဆိုင်သည့် TV360 Facebook စာမျက်နှာကို Meta ဖယ်ရှားခဲ့ဟု Justice For Myanmar ထုတ်ပြန်ခဲ့ခြင်း 

▪️ဇွန်လ (၁၆)  စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စတားလင့်ခ်ဆိုင်တွေကို  ၁ နှစ်လျှင် အခွန်ငွေ ကျပ် ၁၀ သိန်း ကောက်ခံမှုကြောင့် အင်တာနက် သုံဆွဲခ (၂) ဆကျော် မြင့်တက်လာခဲ့ခြင်း 

▪️ဇွန်လ (၁၇)  ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား အကျိုးအမြတ်ကို ၃၀ - ၇၀ ရာခိုင်နှုန်း ခွဲဝေပြီး အများပြည်သူသုံးစတားလင့်အင်တာနက်စင်တာ(PIAC) များ တရားဝင်ဖွင့်ခွင့်ပေးခဲ့ခြင်း 

▪️ဇွန်လ (၁၈)  ၃ နှစ်အတွင်း အကြမ်းဖက်လှုံ့ဆော်မှုဖြင့် ပြည်သူ ၂၀၀,ooo ကျော်ကို ဖမ်းဆီးအရေးယူခဲ့ဟု ပြည်ထဲရေး ဝန်ကြီးဋ္ဌာန ပြောခဲ့ခြင်း 

▪️ဇွန်လ (၁၉)  လူမှုကွန်ရက်ပေါ်တွင် သတင်းတု သတင်းမှားနှင့် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုများကို ၂၄ နာရီ စောင့်ကြည့်နေဟု ပြည်ထဲရေး ဝန်ကြီးဋ္ဌာန ပြောခဲ့ခြင်း

▪️ဇွန်လ (၁၉)  မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးမည်ဟု မကွေးတိုင်းဒေသကြီး အစိုးရ ဝန်ကြီး ပြောခဲ့ခြင်း 

▪️ဇွန်လ (၁၉)  ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဗီဒီယိုဖိုင်ကို TikTok ပေါ်တင်ခဲ့သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် အေးသာယာမြို့မှ အမျိုးသမီးတစ်ဦးအားဖမ်းဆီးခဲ့ခြင်း 

▪️ဇွန်လ (၁၉)  ဝိုင်ဖိုင်ဝန်ဆောင်မှု လုပ်ငန်းများနေဖြင့် အင်တာနက် ပြတ်တောက်မှု လျော်ကြေးမပေးလျှင် လိုင်စင်ပိတ်သိမ်းမည်ဟု စစ်အုပ်စုပြောခဲ့ခြင်း 

▪️ဇွန်လ (၂၁)  စစ်ရေးတင်းမာနေသည့် ကချင်ပြည် ရွေကူမြို့တွင် ဖုန်းလိုင်း/ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး နေ့စဉ်ဗုံးကြဲနေခဲ့ခြင်း  

▪️ဇွန်လ (၂၂)  ပြည်တွင်း၊ ပြည်ပမှ ရခိုင်သတင်းသမားများ စုစည်း၍ အာရက္ခမီဒီယာကောင်စီ - Arakha Press Council (APC) ဖွဲ့စည်းခဲ့ခြင်း

▪️ဇွန်လ (၂၄)  ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် အများပြည်သူသုံး စတားလင့် အင်တာနက်ဝန်ဆောင်မှု ပေးသည့် နေရာတိုးမြှင့်ပေးရန် ULA အစိုးရကို ဒေသခံများ တောင်းဆိုခဲ့ခြင်း 

▪️ဇွန်လ (၂၄)  ဧရာဝတီဘဏ် (AYA Bank) အား lapsus$ ဟက်ကာအဖွဲ့က တိုက်ခိုက်ပြီး အချက်အလက်များ ခိုးယူခံခဲ့ရခြင်း 

▪️ဇွန်လ (၂၅)  အင်တာနက်ဖြတ်တောက်မှု၊ ကန့်သတ်မှု၊ ဒစ်ဂျစ်တယ် စောင့်ကြည့်မှု နှင့် အင်တာနက် သုံးစွဲခ မြင်မားလာမှု များကြောင့် လွတ်လပ်သော မီဒီယာများသို့ ပြည်သူများ၏ သတင်းရယူကြည့်ရှုနိုင်မှုနှုန်း ၄၈ % ထိကျဆင်းဟု မြန်မာသတင်း မီဒီယာကောင်စီ (IPCM) နှင့် Human Rights Myanmar (HRM) ၏ အစီအရင်ခံစာဖော်ပြခဲ့ခြင်း 

▪️ဇွန်လ (၂၅)  စစ်တပ်နှင့် စစ်ခေါင်းဆောင်ကို ဝေဖန်လှောင်ပြောင်သည့် ဟင်းချိုင့်ဆွဲရောင်းသူ ထောင် ၁၃ နှစ်အထိ ချခံရခဲ့ခြင်း

▪️ဇွန်လ (၂၉)  PMSM ဖြင့် စစ်ဆေးပြီး ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်လေဆိပ်တွင် အမျိုးသားတစ်ဦးအား ပြည်ပအလုပ်အကိုင် ဥပဒေဖြင့် ဖမ်းဆီးခဲ့ခြင်း 

▪️ဇွန်လ (၃၀) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၇) ဦးရှိခဲ့ခြင်းစတဲ့ ဖြစ်စဉ်များ ဒစ်ဂျစ်ရပ်ဝန်းအတွင်း ဖြစ်ပွားခဲ့ပါတယ်။ 




Report Page