Digital Repression in June

Digital Repression in June

၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ


◾️ဇွန်လ (၂)  စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားသည့် သံတွဲမြို့တွင် မီးမရရှိ၍ ပြည်သူများ၏ လူမှုဘ၀ အခြေအနေ ဆိုးဝါးနေပြီး ဖုန်းတစ်လုံး အားသွင်းရန် ကျပ် ၁၀၀၀ နီးပါးပေးနေရခဲ့ခြင်း

◾️ဇွန်လ (၃)  မြန်မာနိုင်ငံတွင် Facebook အား ပိတ်ပင်ပြီး စစ်ကောင်စီက ၎င်းတို့ ဖန်တီးထားသည့် myspace ဖြင့် အစားထိုးရန် ကြိုးပမ်းနေခဲ့ခြင်း

◾️ဇွန်လ (၄)  VPN ပိတ်ပင်ရေး ပရောဂျက်ကို  ဗိုလ်မှူးချုပ်လူမွန် ဦးဆောင်ပြီး Mascots Technologies & Telecommunication ကုမ္ပဏီ နှင့် တရုတ်ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း

◾️ဇွန်လ (၄)  လူမှုကွန်ယက်စာမျက်နှာ ဖေ့ဘုတ် Page များမှ သတင်းမှာ ထုတ်ပြီး ငွေကြေးတည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေဟု ဗဟိုဘဏ် စာထုတ်ခဲ့ခြင်း

◾️ဇွန်လ (၄)  နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် (၃၉)ဦးတို့၏ ဘဏ်ငွေစာရင်များနှင့် Pay Account များအား ဗဟိုဘဏ်က ယာယီဆိုင်းငံ့ခဲ့ခြင်း

◾️ဇွန်လ (၆)  တော်လှန်‌ရေးအင်အားစုတွေအတွက် သီးသန့်  VPN (Virtual Private Network) ဆော့ဖ်ဝဲ တစ်ခုကို မကြာခင်မှာ အသုံးပြုနိုင်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောခဲ့ခြင်း

◾️ဇွန်လ (၈)  စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန်ခဲ့ခြင်း

◾️ဇွန်လ (၁၀)  အမြန်လမ်း Check Point များတွင် ယာဉ်စစ်ရာမှာ ဖုန်းထဲရှိ VPN များပါ စစ်ဟု Rangoon Scout Network Telegram Channel မှ ဖော်ပြခဲ့ခြင်း

◾️ဇွန်လ (၁၀)  မန္တလေးမှာ ဖုန်းစစ်ပြီး VPN တွေ့ရင် သိန်းနဲ့ချီပြီး ငွေညှစ်မှုများ ဖြစ်ပေါ်နေဟု ရွှေဖီမြေ သတင်းဋ္ဌာက ဖော်ပြခဲ့ခြင်း

◾️ဇွန်လ (၁၁)  လားရှိုးတွင် VPN အသုံးပြုသူများအား ဖမ်းဆီးမည်ဟု စစ်ကောင်စီ စစ်သားများ ခြိမ်းခြောက်နေကြောင်း ရွှေဖီမြေ သတင်းဋ္ဌာနက ဖော်ပြခဲ့ခြင်း

◾️ဇွန်လ (၁၂)  တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း

◾️ဇွန်လ (၁၂)  ဒစ်ဂျစ်တယ်ငွေသားအသုံးပြုရေး ဗဟိုဘဏ်စာထုတ်ခဲ့ခြင်း

◾️ဇွန်လ (၁၃)  တောင်သာမြို့ စစ်ဆေးရေး ဂိတ်များတွင် ဖုန်း VPN စစ်ဆေးနေကြောင်း Magway Regional Scout Network Telegram Channel မှ ဖော်ပြခဲ့ခြင်း  

◾️ဇွန်လ (၁၃)  ငွေကြေးဖောင်းပွမှုကြောင့် ဝန်ထမ်းများအား လစာတိုးမြှင့်ပေးသည့် သတင်းများကို လူမှုကွန်ယက်ပေါ်တင်သည့် လုပ်ငန်းရှင်များအား နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်စေရန်၊ ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုးထိုးကျစေရန်၊ အကြည်ညိုပျက်စေရန် လုပ်ဆောင်သည်ဟုဆိုကာ ပုဒ်မ (၅၀၅) ဖြင့် အရေးယူခဲ့ခြင်း

◾️ဇွန်လ (၁၇)  မန္တလေးနှင့် တောင်ကြီးတွင် ဖုန်းထဲ VPN ထည့်ထားသူတွေကို ဖမ်းဆီးနေတယ်လို့ လူမှုကွန်ယက်ပေါ် Post တင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့ခြင်း

◾️ဇွန်လ (၁၇)    ထိုင်းတာဝါတိုင်များမှ တဆင့် ရယူသုံးစွဲနေသည့် ဖုန်းလိုင်းများ မြဝတီမြို့တွင် ဖြတ်တောက်ခဲ့ခြင်း

◾️ဇွန်လ (၁၈) ပုသိမ်တွင်စစ်ကောင်စီမှ VPN သုံးမသုံးစစ်ဆေးပြီး ဖမ်းဆီးမှုများပြုလုပ်နေခဲ့ခြင်း

◾️ဇွန်လ (၁၈)  ချင်းပြည်နယ် မတူပီတွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့ခြင်း

◾️ဇွန်လ (၁၉)  လက်ရှိ အင်တာနက်ပိတ်ပင်မှုများတွင် တရုတ်ကမ္ပဏီများ ပါဝင်နေကြောင်း JFM မှ ဖော်ထုတ်ခဲ့ခြင်း

◾️ဇွန်လ (၂၂)  ညောင်တုန်းတွင် လက်ကိုင်ဖုန်းအတွင်း VPN အသုံးပြုမှု စစ်ဆေးစဉ် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း

◾️ဇွန်လ (၂၂) NLD ၏ တရားဝင်ဝက်ဆိုက်စာမျက်နှာ လောင်းကစားဝက်ဆိုက်အဖြစ် ပြောင်းလဲနေခဲ့ခြင်း

◾️ဇွန်လ (၂၃) မော်လမြိုင်ကျွန်းမြို့တွင် စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ရက်ပေါ် တင်သည် ဟုဆိုကာ အမျိုးသားတစ်ဦးဖမ်းဆီးခံရခဲ့ခြင်း

◾️ဇွန်လ (၂၄)  ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီ ကြေညာခဲ့ခြင်း

◾️ဇွန်လ (၂၄)  ပူတာအိုတွင် ဖုန်းအင်တာနက်လိုင်းများ ပြန်ရခဲ့ခြင်း

◾️ဇွန်လ (၂၅)   စစ်ကောင်စီ၏ အင်တာနက် ဖြတ်တောက်မှုကြောင့် မြိုင်မြို့နယ်အတွင်းရှိ လူထုအနေဖြင့် သတင်းအချက်အလက်ရရှိမှု ပျက်တောက်နေခဲ့ခြင်း

◾️ဇွန်လ (၂၆)  စစ်ကောင်စီနှင့်တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ကျောက်မဲတွင် ဖုန်းလိုင်းများ ဆက်သွယ်ရန် ခက်ခဲခဲ့ခြင်း

◾️ဇွန်လ (၂၆)   နောင်ချိုတွင် တယ်လိီနော ဖုန်းလိုင်းတစ်ခုသာ ဆက်သွယ်နိုင်ခဲ့ခြင်

◾️ဇွန်လ (၂၉)  ရှမ်းမြောက် မြို့နယ်အများစုတွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်း ပြတ်တောက်နေခဲ့ခြင်း

◾️ဇွန်လ (၃၀)  ချီဖွေသွားသည့်လမ်း  ရှငှော် ရှိ MPT တာဝါတိုင်အား ဆီဖြည့်ရန် ခွင့်မပြုသဖြင့် ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ဟိုပင်လျှပ်စစ်ဋ္ဌာန၏ ဖေ့ဘုတ်စာမျက်နှာမှရေးသားခဲ့ခြင်း

◾️ဇွန်လ (၃၀)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၃၇ ) ဦးခန့်ရှိခဲ့ခြင်း အစရှိသဖြင့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။  



Report Page