Digital Repression in July 2025

Digital Repression in July 2025

spring revolution security - SRS


ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ (2025 ခုနှစ် ဇူလိုင်လ)

▪️ ဇူလိုင်လ (၁) စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်နေ့တွင် ဒစ်ဂျစ်တယ် ငွေကြေးထုတ်ဝေမှုဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်း 

▪️ ဇူလိုင်လ (၂) ဗြိတိန်၊ နော်ဝေနှင့် ဒိန်းမတ် နိုင်ငံတို့မှ ဖွံ့ဖြိုးရေး ရန်ပုံငွေများသည် မြန်မာနိုင်ငံ၏ အကြီးဆုံး အင်တာနက်ဝန်ဆောင်မှုလုပ်ငန်တစ်ခုဖြစ်သည့် Frontiir တွင် အနည်းဆုံး ဒေါ်လာ သန်း (၄၀) ရင်းနှီးမြုတ်နှံထား ။ ယင်း ကုမ္ပဏီသည် တရုတ်စောင့်ကြည့်ရေး နည်းပညာများကို အသုံးပြုနေ။ 

▪️ ဇူလိုင်လ (၄) e-ID စနစ်ဆိုင်ရာလုပ်ငန်းတွေ အဆင့်မြှင့်တင်ဖို့အတွက် မှတ်ပုံတင်စမတ်ကတ် (e-ID/UID) စစ်ဆေး၊ ထုတ်ပေးတဲ့လုပ်ငန်းကို ဇူလိုင် ၄ ရက်ကစပြီး ယာယီရပ်နားထားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာန ထုတ်ပြန်

▪️ ဇူလိုင်လ (၄) UNHCR India ရုံးက မြန်မာဒုက္ခသည်များ၏ လျှို့ဝှက်ရမည့် ကိုယ်ရေးအချက်အလက်များကို အန္ဒိယအစိုးရထံ လွှဲပြောင်းပေးခဲ့ 

▪️ ဇူလိုင်လ (၅) စစ်ကောင်စီက ၎င်းတို့ စီစဉ်နေသော ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးမည်

▪️ ဇူလိုင်လ (၆) ရန်ကုန်မြို့မှ အမျိုးသမီးတစ်ဦး ကလောမြို့နယ်၊ နန့်ပန်တက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် PSMS Application မှ တဆင့် ဇူလိုင်လ (၂) ရက်နေ့က ဖမ်းဆီးခံခဲ့ရ 

▪️ ဇူလိုင်လ (၇) စစ်ကောင်စီသည် စစ်မှုထမ်းမည့် လူငယ်များကို မှတ်တမ်းတင်သည့် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို အကောင်အထည်ဖော်နေ 

▪️ ဇူလိုင်လ (၈) မိုးကုတ်တွင် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အင်တာနက်လိုင်းများ ပြတ်တောက်သွား

▪️ ဇူလိုင်လ (၈) စစ်တပ်လော်ဘီတစ်ဦးဖြစ်ပြီး နောင်တော်လေးကို အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုးမောင်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲ

▪️ ဇူလိုင်လ (၁၀) ၂၀၂၀ ရွေးကောက်ပွဲကာလ NLD ပါတီအောင်နိုင်ရေးအတွက် ပါတီအောင်နိုင်ရေးသီချင်း ဖန်းတီး သီဆိုခဲ့သူ အဆိုတော် သံသာဝင်းအား ပုဒ်မ ၅၀၅ (က) ၊ ၅၀ (ည) တို့ဖြင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်

▪️ ဇူလိုင်လ (၁၁) အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း သိမ်းပိုက်ထားသော ထိန်းချုပ်နယ်မြေများတွင် အင်တာနက် အသုံးပြုနိုင်သော စတားလင့်အသုံးပြုခွင့်ကို ထိန်းချုပ်ထား

▪️ ဇူလိုင်လ (၁၂) ​MMQR တွင် Trusty Pay နှင့် CTZ Pay ငွေပေးချေမှု နှစ်ခု ထပ်တိုးပါဝင်လား။ MMQR နှင့် ချိတ်ဆက်ထားသည့် Mobile Wallets Payment (၁၀) ခုရှိလာ

▪️ ဇူလိုင်လ (၁၃) e-ID စနစ် အဆင့်မြှင့်တင်ဖို့အတွက် မှတ်ပုံတင်စမတ်ကတ် (e-ID/UID) ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ဇူလိုင်လ (၄) ရက်နေမှစ ယာယီရပ်နားထားမည်ဟု ကြေငြာထားသော်လည်း ဘာအံမြို့နယ်တွင် နိုင်ငံဝန်တမ်းအငြိမ်းစားများအား ဇူလိုင်လ (၁၁) ရက်နေ့ က UID ကဒ်များထုတ်ပေးခဲ့သည်ဟု စစ်ကောင်စီ လက်အောင်ခံ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက သတင်းရေးသားဖော်ပြ။ ထို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင်လည်း ဇူလိုင်လ (၁၂) ရက်နေ့က UID ကဒ်များ ထုတ်ပေး။ 

▪️ ဇူလိုင်လ (၁၄) ပုဂ္ဂိုလ်ရေးအချက်အလက်များ ခိုးယူပြီး Kpay အကောင် ရာချီဖွင့်၍ လိမ်လည်နေသည့် ငွေလိမ်ဂိုဏ်ကိုး ပဲခူးမြို့တွင် ဖမ်းမိ

▪️ ဇူလိုင်လ (၁၅) စစ်ကောင်စီက ထုတ်လုပ်ထားသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်က မဲရလဒ် များကို လိုသလို ချက်ချင်း အပြောင်းအလဲလုပ်နိုင်ပြီး သက်သေမကျန် ခေတ်သစ် သတင်းဋ္ဌာန ဖော်ပြ 

▪️ ဇူလိုင်လ (၁၅) သပိတ်ကျင်းတွင် တိုက်ပွဲမှာ ပြန်လည်ပြင်းထန်နေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစု နှစ်ဘက်စလုံးမှ ဖြတ်တောက် 

▪️ ဇူလိုင်လ (၁၅) စစ်ကိုင်းတိုင်း၊ ကသာမြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေပြီး အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည်မှာ (၁) နှစ်ကျော်ရှိလာ

▪️ ဇူလိုင်လ (၁၆) စစ်ကိုင်းတိုင်း​ဒေသကြီး၊ ခမ်းပတ်မြို့တွင် Ooredoo ဖုန်းလိုင်းများ အချိန်ပိုင်းဖြင့် ဖွင့်ပေး။ Wifi ၊ အင်တာနက်လိုင်း နှင့် MPT၊ Atom ဖုန်းလိုင်းများ ဆက်လက်ပိတ်ထားစဲ 

▪️ ဇူလိုင်လ (၁၇) ရခိုင်တွင် အင်တာနက် အသုံးပြုခ စျေးနှုန်းကို တစ်နာရီ (၂၀၀၀) နှုန်းဖြင့် အာရက္ခတပ်တော် (AA) က တပြေးညီ သတ်မှတ်

▪️ ဇူလိုင်လ (၁၇) ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီလေးခုဖြစ်သည့် Everlasting Rainbow Construction၊ Myanmar Golden 11 Investment International၊ Tai Telecom Development နှင့် VNG Myanmar တို့အား သုးလပတ်အစီရင်ခံစာ ပေးပို့တင်ပြမှုမရှိခြင်း၊ နှစ်စဉ်ကြေးများပေးဆောင်မှုမရှိခြင်း တို့ကြောင့် လိုင်စင်ကို ပယ်ဖျက်သွားမည်ဟု စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန် 

▪️ ဇူလိုင်လ (၁၉) အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်ခဲ့သည့် အာဇာနည်နေ့ အခန်းအနား ကျင်းပရာ ဝန်းကျင်ရှိ မြို့နယ်များဖြစ်သည့် ဗဟန်း နှင့် စမ်းချောင်းမြို့နယ် ရှိ နေရာအချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ယာယီဖြတ်တောက် 

▪️ ဇူလိုင်လ (၂၁) အာရက္ခတပ်တော် (AA) က ရခိုင်ပြည်တွင် အင်တာနက် အသုံးပြုက တစ်နာရီ (၂၀၀၀) ကျပ်နှုန်း သတ်မှတ်ပြီးနောက် အင်တာနက် အသုံးပြုသူ ပိုများလာ။ သို့သော် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့များကို သာ အင်တာနက် အသုံးပြုခွင့်ပေးထားပြီး တောင်ပိုင်းဒေသရှိ ဂွ၊ သံတွဲ၊ တောင်ကုတ်မြို့များတွင် အင်တာနက်အသုံးပြုခွင့် ပိတ်ထားစဲ 

▪️ ဇူလိုင်လ (၂၁) စစ်ကောင်စီအင်တာနက်ဖြတ်တောက်မှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု ပိုများလာဟု Kachin Human Rights Watch မှ ပြော 

▪️ ဇူလိုင်လ (၂၁) မြို့တော် မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်အား စစ်ကောင်စီမှ ဖုန်းနှင့် အင်တာနက် ဖြတ်တောက်ထားသည်မှာ (၁) နှစ်ရှိလာ 

▪️ ဇူလိုင်လ (၂၃) မြ၀တီကျားဖြန့်လုပ်ငန်းများအား ထိုင်းနိုင်ငံဘက်မှ ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများနှင့် လျှပ်စစ်မီး ဖြတ်တောက်ခဲ့သော်လည်း Starlink Internet စက်များကို တိုးမြှင့်အသုံးပြုနေ 

▪️ ဇူလိုင်လ (၂၄) စစ်ကောင်စီက အကောင့်တုများသုံးပြီး တော်လှန်ရေး အင်အာစုများအကြား ရန်တိုက်ပေးသည့် ဆိုက်ဘာ စစ်ဆင်ရေး ပြုလုပ်နေသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြော 

▪️ ဇူလိုင်လ (၂၅) စစ်ကောင်စီနှင့် နီးစပ်သည့် စီးပွားရေးသမား အချို့ကို ပိတ်ဆို့ အရေးယူမှု စာရင်းမှ အမေရိကန် ရုတ်သိမ်း 

▪️ ဇူလိုင်လ (၂၅) တနင်္သာရီတိုင်း ထားဝယ်မြို့နယ် တိုက်ပွဲများဖြစ်ပွားနေသည့်ကျေးရွာများတွင် ဖုန်းလိုင်းများ ပြတ်တောက်နေ 

▪️ ဇူလိုင်လ (၂၆) နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ UID နံပါတ်များ အတုအပပြုလုပ်ကိုင်ဆောင်သူများကို ထိရောက်စွာအရေးယူမည်ဟု စစ်ကောင်စီ ထုတ်ပြန် 

▪️ ဇူလိုင်လ (၂၆) စစ်ကောင်စီက နိုင်ငံတော်အဆင့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဖွဲ့စည်းထားပြီး “မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀” ကို ထုတ်ပြန်

▪️ ဇူလိုင်လ (၃၀) VPN ဝန်ဆောင်မှုများကို အရေးယူနိုင်ပြီး ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုများကို ကန့်သတ်နိုင်သည့် ဒစ်ဂျစ်တယ် ဖိနှိပ်မှု ပုဒ်မများစွာ ပါဝင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို စတင်ကျင့်သုံးရန် စစ်ကောင်စီ လုပ်ဆောင် 

▪️ ဇူလိုင်လ (၃၁) အီလက်ထရွန်နစ် ဒစ်ဂျစ်တယ် ID စနစ် အကော်အထည်ဖော်ရေး ပံ့ပိုးပေးရန် အိန္ဒိယနိုင်ငံနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြောင်း ကနေဒါ အခြေစိုက် Biometric Update သတင်းဝက်ဆိုက် ဖော်ပြ 

▪️ ဇူလိုင်လ (၃၁)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၁၆ ) ဦးခန့်ရှိ စတဲ့ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖြစ်ပွားခဲ့ပါသည်။ 


Report Page